• Follow Us on

Home Covid-19 ရောဂါသည် ထိန်းသိမ်းနိုင်သည့်အတွက်ရွေးကောက်ပွဲကိုလုပ်တာသင့်တော်ကြောင်း ဒေါက်တာမျိုးညွှန့်ပြော

Covid-19 ရောဂါသည် ထိန်းသိမ်းနိုင်သည့်အတွက်ရွေးကောက်ပွဲကိုလုပ်တာသင့်တော်ကြောင်း ဒေါက်တာမျိုးညွှန့်ပြော

Share this post

ရန်ကုန်၊ စက်တင်ဘာ ၁၄

COVID-19 ရောဂါသည်လက်ရှိအချိန်တွင်ထိန်းသိမ်းနိုင်သည့်အတွက်လုပ်သင့်လုပ်ထိုက်သည့်ရွေးကောက်ပွဲကို လုပ်တာသင့်တော်ကြောင်းNLDပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ကပြောသည်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ဆိုပါက ကျန်းမာရေးပြဿနာ၊ စီးပွားရေးပြဿနာအပြင်နိုင်ငံရေးအကြပ်အတည်း ပြဿနာတွေပါရှိလာနိုင်ကြောင်း ၎င်းကပြောသည်။

“အခြေခံဥပဒေအရဆိုရင်တစ်လခွဲလောက်ပဲရွှေ့လို့ရပါမယ်။အဲ့လောက်ရွှေ့လိုက်ခြင်းအားဖြင့်ဒီရောဂါကိုထိန်းသိမ်းနိုင်မယ်လို့လဲဘယ်သူမှအတတ်မပြောနိုင်ပါဘူး။ပိုပြီးဆိုးရွားသွားတောင်သွားနိ်ုင်ပါတယ်။အဲ့လိုရွှေ့လိုက်ခြင်းအားဖြင့်ဒီကပ်ရောဂါကြောင့်ဖြစ်နေတဲ့ကျန်းမာရေးအခက်အခဲပြဿနာ၊ကျန်းမာရေးကြောင့်စီးပွားရေးအပြင်ထွက်ပြီးမလုပ်နိုင်တဲ့ပြဿနာတွေအပြင် နိုင်ငံရေးအရ လွှတ်တော်နှစ်ခုကသက်တမ်း မဆက်နေတဲ့အတွက် ဖြစ်လာမယ့် နိုင်ငံရေးအကြပ်အတည်း ပြဿနာတွေပါ ပေါ်လာနိုင်ပါတယ်။ကျွန်တော်တို့ကတော့ ကိုဗစ်ရောဂါ လက်ရှိထိန်းနိုင်သိမ်းနိုင်တဲ့အချိန်အတွင်းမှာလုပ်သင့်လုပ်ထိုက်တဲ့ရွေးကောက်ပွဲကိုလုပ်တာသင့်တော်တယ်လို့ထင်ပါတယ်” ဟုဒေါက်တာမျိုးညွှန့်ကပြောသည်။

ကိုဗစ်ရောဂါပိုးနဲ့ပတ်သက်ပြီး lock down ချခြင်း၊ အကာအကွယ်ပေးခြင်းများဖိလုပ်လိုက်ပါက နောက်လာမည့် နှစ်ပတ်သုံးပတ်အတွင်းမှာ ဒီရောဂါပိုးထိန်းသိမ်းနိုင်ကြောင်းလည်း၎င်းကပြောသည်။

#PeopleMedia #2020election #NLD

(unicode)
Covid-19ရောဂါသည် ထိန်းသိမ်းနိုင်သည့်အတွက်ရွေးကောက်ပွဲကိုလုပ်တာသင့်တော်ကြောင်း ဒေါက်တာမျိုးညွှန့်ပြော
………………………………………………

ရန်ကုန်၊ စက်တင်ဘာ ၁၄

COVID-19 ရောဂါသည်လက်ရှိအချိန်တွင်ထိန်းသိမ်းနိုင်သည့်အတွက်လုပ်သင့်လုပ်ထိုက်သည့်ရွေးကောက်ပွဲကို လုပ်တာသင့်တော်ကြောင်းNLDပါတီCEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ကပြောသည်။