COVID-19 သက္သာသည့္လူနာမ်ားထံမွေသြးရည္ၾကည္ျဖင့္ကုသႏိုင္ေ ၾကာင္း အေမရိကန္အစိုးရခြင့္ျပဳ
PUBLISHED - August 24, 2020
ဝါရွင္တန္၊ ဩဂုတ္ ၂၄
အေမရိကန္တြင္ေသဆုံးသူ ၁၇၆၀၀၀ ေက်ာ္ေနသည့္ COVID-19 ေရာဂါကို ေရာဂါသက္သာ သည့္လူနာမ်ားထံမွေသြးရည္ၾကည္အသံုးျပဳကုသရန္ ဆရာဝန္မ်ားထံ အေမရိကန္အာဏာပိုင္မ်ားက တနဂၤေႏြေန႔တြင္ ၫႊန္ၾကားခဲ့သည္။
ကမာၻ႔စီးပြားေရးအင္အားအႀကီးဆုံးႏိုင္ငံကိုထိခိုက္ေနၿပီး ႏိုဝင္ဘာတြင္ေ႐ြးေကာက္ပြဲျပန္ဝင္ရန္တစ္ခါက ကတိျပဳခဲ့သည့္ အလားအလာမ်ားကို ဖ်က္ဆီးေနသည့္ ေရာဂါကိုရပ္တန႔္ႏိုင္ရန္ သမၼတေဒၚနယ္ထရမ့္ကို ဖိအားေပးေနၾကခ်ိန္တြင္ အေမရိကန္အစားအစာႏွင့္ေဆးဝါးႀကီးၾကပ္ကြပ္ကဲမႈဌာန FDA က ယခုကဲ့သို႔ ၫႊန္ၾကားျခင္းျဖစ္သည္။
ေသြးရည္ၾကည္တြင္ ေရာဂါမ်ားကို ျမန္ျမန္ဆန္ဆန္တိုက္ထုတ္ႏိုင္ရန္ကူညီေပးေသာ စြမ္းေဆာင္ရည္ေကာင္း မြန္သည့္ကိုယ္ခံအားစနစ္မ်ားပါ၀င္ေနၿပီး ေရာဂါေၾကာင့္လူမ်ားဆိုးဆိုး႐ြား႐ြားထိခိုက္ျခင္းကို ကာကြယ္ေပး သည္ဟု ယူဆရသည္။
ေသြးရည္ၾကည္မ်ားသည္ COVID-19 ကိုကုသရာတြင္ အက်ိဳး႐ွိႏိုင္သည္ဟု FDA ထုတ္ျပန္ခ်က္တြင္ပါ ၀င္သည္။
အေမရိကန္ျပည္ေထာင္စုႏွင့္အျခားႏိုင္ငံမ်ားမွလူနာမ်ားကို ကုသရာတြင္အသံုးျပဳေနၾကခ်ိန္တြင္ အက်ိဳးသက္ ေရာက္မႈကို ကၽြမ္းက်င္သူမ်ားၾကား အျငင္းပြားေနၾကၿပီး ေဘးထြက္ဆိုးက်ိဳးမ်ား႐ွိလာႏိုင္သည္ဟု အခ်ိဳ႕က သတိေပးေနသည္။
Ref : US authorises plasma treatment against COVID-19
#PeopleMedia
(unicode)
COVID-19 သက်သာသည့်လူနာများထံမှသွေးရည်ကြည်ဖြင့်ကုသနိုင် ေကြာင်း အမေရိကန်အစိုးရခွင့်ပြု
…………………………………………………
ဝါရှင်တန်၊ ဩဂုတ် ၂၄
အမေရိကန်တွင်သေဆုံးသူ ၁၇၆၀၀၀ ကျော်နေသည့် COVID-19 ရောဂါကို ရောဂါသက်သာ သည့်လူနာများထံမှသွေးရည်ကြည်အသုံးပြုကုသရန် ဆရာဝန်များထံ အမေရိကန်အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ညွှန်ကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံကိုထိခိုက်နေပြီး နိုဝင်ဘာတွင်ရွေးကောက်ပွဲပြန်ဝင်ရန်တစ်ခါက ကတိပြုခဲ့သည့် အလားအလာများကို ဖျက်ဆီးနေသည့် ရောဂါကိုရပ်တန့်နိုင်ရန် သမ္မတဒေါ်နယ်ထရမ့်ကို ဖိအားပေးနေကြချိန်တွင် အမေရိကန်အစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန FDA က ယခုကဲ့သို့ ညွှန်ကြားခြင်းဖြစ်သည်။
သွေးရည်ကြည်တွင် ရောဂါများကို မြန်မြန်ဆန်ဆန်တိုက်ထုတ်နိုင်ရန်ကူညီပေးသော စွမ်းဆောင်ရည်ကောင်း မွန်သည့်ကိုယ်ခံအားစနစ်များပါဝင်နေပြီး ရောဂါကြောင့်လူများဆိုးဆိုးရွားရွားထိခိုက်ခြင်းကို ကာကွယ်ပေး သည်ဟု ယူဆရသည်။
သွေးရည်ကြည်များသည် COVID-19 ကိုကုသရာတွင် အကျိုးရှိနိုင်သည်ဟု FDA ထုတ်ပြန်ချက်တွင်ပါ ဝင်သည်။
အမေရိကန်ပြည်ထောင်စုနှင့်အခြားနိုင်ငံများမှလူနာများကို ကုသရာတွင်အသုံးပြုနေကြချိန်တွင် အကျိုးသက် ရောက်မှုကို ကျွမ်းကျင်သူများကြား အငြင်းပွားနေကြပြီး ဘေးထွက်ဆိုးကျိုးများရှိလာနိုင်သည်ဟု အချို့က သတိပေးနေသည်။
Ref : US authorises plasma treatment against COVID-19
#PeopleMedia