COVID-19 အမွီျပဳ၍ ကုိယ္က်ဳိးစီးပြားရွာခဲ့သည့္ ငါးလုပ္ငန္းဦးစီးဌာန တာဝန္ရွိသူမ်ားႏွင့္ ငါးသားေပါက္ တင္ဒါရရွိခဲ့သူ (၃)ဦးသည္ အရည္အေသြးမမွွီသည့္ ငါးသားေပါက္ ျဖန္႔ေဝခဲ့မႈကုိ စီစစ္အေရးယူေပးရန္ ငါးလုပ္ငန္းရွင္မ်ားက ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္၏အတိုင္ပင္ခံႏွင့္ အဂတိေကာ္မရွင္ထံ တိုင္ၾကား
PUBLISHED - October 26, 2020
ရန္ကုန္၊ ေအာက္တုိဘာ-၂၆
ရန္ကုန္တုိင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္၌ COVID-19 အမွီျပဳ၍ ကုိယ္က်ဳိးစီးပြားရွာခဲ့သည့္ ငါးလုပ္ငန္းဦးစီးဌာန တာဝန္ရွိသူမ်ားႏွင့္ ငါးသားေပါက္ တင္ဒါရရွိခဲ့သူ (၃)ဦးသည္ အေရးအေသြးမမွွီသည့္ ငါးသားေပါက္ ျဖန္႔ေဝ ခဲ့မႈကုိ စီစစ္အေရးယူေပရန္ ငါးလုပ္ငန္းရွင္မ်ားက ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံႏွင့္ အဂတိ ေကာ္မရွင္ထံ တိုင္ၾကားထားခဲ့ပါတယ္။
ၿပီးခဲ့သည့္လပုိင္းက ႏုိင္ငံေတာ္အစုိးရသည္ COVID-19 ေၾကာင့္ ျဖစ္ေပၚလာသည့္ စီးပြားေရးက်ဆင္းမႈကုိ ကာကြယ္ႏုိင္ရန္ CERP အစီစဥ္ျဖင့္ ငါးေမြးျမဴေရးလုပ္ငန္းရွင္မ်ားကုိ ငါးကန္ တစ္ဧကလွ်င္ က်ပ္ေငြ(၄၀၀၀၀) ေထာက္ပံ့ရန္ စီစဥ္ခဲ့ပါတယ္။
အဆုိပါအစီအစဥ္ျဖင့္ တြံ႔ေတးျမိဳ႕နယ္ရွိ ငါးေမြးျမဴေရး ငါးကန္ဧက (၃၅၀၀၀)ဧကကုိ တစ္ဧကလွ်င္ က်ပ္ေငြ (၄၀၀၀၀)က်ပ္ ေထာက္ပံ့ရန္ စီစဥ္ခဲ့သည္။
ထုိသုိ႔ ႏုိင္ငံေတာ္အစုိးရက COVID-19 ေထာက္ပံ့ေငြေၾကးမ်ားကုိ ငါးကန္လုပ္ငန္းရွင္မ်ားထံ တုိက္ရုိက္ ေထာက္ပံ့မႈမဟုတ္ဘဲ သက္ဆုိင္ရာဝန္ႀကီးဌာနက တုိင္းေဒသႀကီး/ျပည္နယ္အစုိးရအဖြဲ႕ ငါးလုပ္ငန္း ဦးစီးဌာနမ်ားႏွင့္တုိင္ပင္၍ ေငြက်ပ္(၄၀၀၀၀)ႏွင့္ ကုိက္ညီသည့္ ငါးသားေပါက္မ်ားျဖန္႔ခ်ီရန္ ေဆာင္ရြက္ခဲ့ပါ တယ္။
ထုိ႔ေနာက္ အဆုိပါအစီအစဥ္ကုိ အေကာင္ထည္ေဖာ္ရန္ တြံ႕ေတးၿမိဳ႕နယ္ ငါးလုပ္ငန္းဦးစီးဌာနႏွင့္ လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားသည္ ငါးလုပ္ငန္းရွင္အခ်ဳိ႕ႏွင့္ ေတြ႕ဆုံၿပီး လုပ္ငန္းရွင္အခ်ဳိ႕၏သေဘာထားကုိ ရယူခဲ့ပါ တယ္။
အဆုိပါအစီအစဥ္သည္ ႏုိင္ငံေတာ္မွ ေထာက္ပံ့သည့္ ငါးကန္တစ္ဧလွ်င္ က်ပ္ေငြ (၄၀၀၀၀) ေထာက္ပံ့မည့္ အစီအစဥ္အစား ကန္အေရာက္ ငါးသားေပါက္ ျဖန္႔ခ်ီရန္ တင္ဒါေခၚမည့္ အစီအစဥ္ျဖစ္ပါတယ္။
ထုိကဲ့သုိ႔ ငါးသားေပါက္ တင္ဒါေခၚရန္ သတ္မွတ္ရာ၌ ငါးျမစ္ခ်င္း ငါးသားေပါက္ တစ္လက္မခြဲကုိ က်ပ္ ေငြ(၂၀)က်ပ္ျဖင့္ ေစ်းႏႈန္းျဖင့္ တင္ဒါေခၚရန္ ငါးလုပ္ငန္းဦးစီးဌာန၊ လႊတ္ေတာ္ကုိယ္စားလွယ္ႏွင့္ လုပ္ငန္းရွင္ အခ်ဳိ႕က သေဘာတူခဲ့ပါတယ္။
တြံ႕ေတးၿမိဳ႕နယ္၌ ငါးသားေပါက္ျဖန္႔ရန္ တင္ဒါေခၚယူရာတြင္ ငါးလုပ္ငန္းရွင္လ (၃)ဦးက တင္ဒါရရွိခဲ့ပါတယ္။
ထုိသုိ႔ ရရွိသည့္တင္ဒါကုိ လုပ္ငန္းရွင္(၃)ဦးႏွင့္ ငါးလုပ္ငန္းဦးစီးဌာနတုိ႔က စက္တင္ဘာလအတြင္း၌ ငါး ကန္တစ္ဧကလွ်င္ ငါးေသားေပါက္ က်ပ္ေငြ(၄၀၀၀၀)ႏွင့္ ညီမွ်သည့္ ငါးေကာင္ေရ(၂၀၀၀)ခန္႔ကုိ လုပ္ငန္း ရွင္မ်ားကုိ ႀကိဳတင္အသိမေပးပဲ လုိက္လံေဝဌခဲ့တယ္လုိ႔ ငါးလုပ္ငန္းရွင္မ်ားကေျပာပါတယ္။
ထုိကဲ့သုိ႔ တင္ဒါရရွိသူႏွင့္ ငါးဦးစီး၏ ေဆာင္ရြက္ခ်က္ကုိ လက္မခံႏုိင္ေသာေၾကာင့္ ငါးလုပ္ငန္းရွင္အမ်ားစုက ငါးသားေပါက္မ်ားကုိ လက္ခဲမရွိခဲ့ဘဲ လုပ္ငန္းရွင္အနည္းစုကသာ လက္ခံခဲ့ၾကေၾကာင္း ငါးလုပ္ငန္းရွင္မ်ားက ေျပာပါတယ္။
“ငါးဦးစီးက သူတုိ႔နဲ႔ နီးစပ္သူေတြကုိ ေစ်းအျမင့္ေပးျပီးေတာ့ ငါးသားေပါက္ တစ္လက္မခြဲကုိ ၂၀ က်ပ္နဲ႔ေပး တယ္။ အဲ့ဒီငါးသားေပါက္က ေဒသမွာ ၈ က်ပ္သာရွိတယ္။ ဒါကုိ ေဆာင္ရြက္ခဲ့တဲ့ ငါးဦးစီးက အဂတိ က်ဴးလြန္တယ္လုိ႔ယူဆတယ္။ တင္ဒါရသူက ငါးတစ္ေကာင္ကုိ အျမတ္ေငြ ၁၄ က်ပ္ရွိတယ္။ အဲ့ဒီေတာ့ ႏုိင္ငံေတာ္က ေထာက္ပံ့တာ က်ပ္ေငြေလးေသာင္း၊ ငါးကန္တစ္ဧကကုိ တင္ဒါရရွိသူက ငါးသားေပါက္ တစ္လက္မ ခြဲကုိ ၂၀ နဲ႔ထည့္တယ္။ အဲ့ဒီမွာ လုပ္ငန္းရွင္က ငါးတစ္ေကာင္ ၁၂ က်ပ္ျမတ္တယ္။ တစ္ဧကကုိ ငါး(၂၀၀၀)ဆုိေတာ့ တင္ဒါရရွိသူက တစ္ဧကကုိ (၂၄၀၀၀) က်ပ္ျမတ္တယ္။ ငါးကန္ထဲကုိ တစ္ကယ္ ေရာက္ရွိသူက က်ပ္ေငြ(၁၆၀၀၀)ဖုိးပဲရွိတယ္။ အဲ့ဒီ ငါးကန္ထဲကုိ ေရာက္တဲ့ (၁၆၀၀၀)က်ပ္ကလည္း ငါးအေသေကာင္ေတြ လုိက္ေကာက္ေနရတယ္လုိ႔” တြံ႕ေတးၿမိဳ႕နယ္ ငါးေမြးျမဴေရးလုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။
တင္ဒါရရွိသူသည္ ငါးေမြးျမဴေရးလုပ္ငန္းရွင္မ်ားထံ ငါးျဖန္႔ခ်ီရာ ငါးလုပ္ငန္းရွင္မ်ားကုိ ႀကိဳတင္အသိေပးမႈ မရွိျခင္း၊ ငါးသားေပါက္ ကန္အတြင္းသုိ႔ ထည့္သြင္းရာ၌ ရာသီဥတု အပူခ်ိန္ျမင့္တက္ျခင္း၊ ငါးသားေပါက္ထည့္ ရမည့္ ငါးကန္သည္ သန္႔ရွင္းမႈ မလုပ္ထားျခင္း၊ ငါးသားေပါက္မ်ားသည္ အေရအေသြးမမွီမႈမ်ားေၾကာင့္ လက္ရွိအခ်ိန္၌ အဆုိပါ ငါးသားေပါက္မ်ားသည္ ကန္အတြင္း ေသဆုံးမႈမ်ားရွိၿပီး ဆီးသီးဘန္းေမွာက္သည့္ စီမံခ်က္အလြဲတစ္ခုျဖစ္ေၾကာင္း ကုန္းဝက္ေခ်ာင္းေက်းရြာ ငါးလုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။
“ငါးသားေပါက္က အစုပ္အပ်က္ေတြ။ အခု ကန္ထဲမွာ ငါးေတြ ေသကုန္ၿပီ။ ငါးသားေပါက္ထည့္ရတယ္ဆုိတာ ဘယ္လုိရာသီဥတု ဘယ္လုိအမ်ဳိးအစား ထည့္ရတယ္ဆုိတာ ငါးဦးစီးသိတယ္။ တင္ဒါရရွိသူေတြသိတယ္။ အခု ႏုိင္ငံေတာ္က ေထာက္ပံ့တဲ့စီမံခ်က္က တင္ဒါရရွိသူေတြနဲ႔ ငါးသားေပါက္ တစ္လက္မခြဲကုိ ၂၀ နဲ႔ ေစ်းေပးခဲ့တဲ့ ငါး ဦးစီးမွာ တာဝန္ရွိတယ္”လုိ႔ ကုန္းဝတ္ေခ်ာင္းေက်းရြာ ငါးလုပ္ငန္းရွင္တစ္ဦးက ေျပာပါတယ္။
တြံ႔ေတးၿမိဳ႕နယ္၌ တရားဝင္ ငါးကန္ဧက (၃၅၀၀၀)ဧကရွိၿပီး ငါးကန္တစ္ဧကလ်င္ ငါးသားေပါက္ (၂၀၀၀)ခန္႔ ျဖင့္ တင္ဒါရရွိခဲ့သည့္ လုပ္ငန္းရွင္သုံးဦးသည္ အျမတ္ေငြ က်ပ္သိန္းေပါင္း(၈၄၀၀)ေက်ာ္ အျမတ္ေငြ ရရွိသြား ခဲ့တယ္လုိ႔ တြ႔ံေတးၿမိဳ႕ရွိ ငါးလုပ္ငန္းရွင္မ်ားက ေျပာဆုိလ်က္ရွိပါတယ္။
အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ငါးသားေပါက္တစ္ေကာင္လ်င္ က်ပ္ေငြ (၂၀)ျဖင့္ လုပ္ငန္းရွင္မ်ားကုိ တင္ဒါ ေစ်းႏႈန္း ျဖတ္ေပးမႈႏွင့္ပတ္သက္၍ People Media က တြံ႔ေတးၿမိဳ႕နယ္ တုိင္းလႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာေက်ာ္ဇင္ဦးကုိ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာတြင္ “အစည္းအေဝးကုိ ကၽြန္ေတာ္တုိ႔ေခၚတယ္။ သူတုိ႔အစည္းေဝးေခၚေတာ့ ငါးဦးစီးရုံးကုိ သြားတယ္။ အစည္းအေဝးမွာ ကၽြန္ေတာ္သိသေလာက္ ငါးဦးစီးက လုပ္ငန္းရွင္ေတြကုိ္ ဖိတ္တယ္။ ကၽြန္ေတာ္တုိ႔တက္ေတာ့ ကုိယ္စားလွယ္ေတြလည္း ဖိတ္တယ္ေျပာတယ္။ ကုိယ္စားလွယ္က ကၽြန္ေတာ္တစ္ေယာက္သာ တက္ျဖစ္တယ္။ လုပ္ငန္းရွင္းေတြက ေလးငါးေယာက္သာ တက္ျဖစ္တယ္။ သူတုိ႔ဖိတ္တာ အေရာက္ ၄၀၊ ၅၀ ေလာက္ရွိတယ္လုိ႔ေျပာတယ္။ အဲ့ဒီအခ်ိန္မွာ မလာၾကဘူး။ သူတုိ႔ကလည္း ညႊန္ၾကားခ်က္ရွိတယ္လုိ႔ေျပာတယ္။ ဘာေတြးေႏြးျဖစ္လည္းဆုိေတာ့ ငါးကုိ(၂၀)က်ပ္ သတ္ မွတ္တယ္။ ညႊန္ခ်ဳပ္ကေန(၂၀)သတ္မွတ္တယ္။ (၂၀)သက္မွတ္တယ္ဆုိေတာ့ ကၽြန္ေတာ္တုိ႔က ဘာေျပာလဲ ဆုိေတာ့(၂၀)ဆုိရင္ ငါးမေဝနဲ႔။ လုပ္ငန္းရွင္ေတြကုိ တစ္ဧက (၄၀၀၀၀)က်ပ္ ေဝပါလားေျပာေတာ့ အထက္က ျပည္ေထာင္စုဝန္ႀကီးရဲ႕ သေဘာထားကေတာ့ လုပ္ငန္းရွင္ေတြ လက္ထဲကုိ ငါးေရာက္ေစခ်င္တဲ့လုိ႔ ေျပာတယ္” လုိ႔ ဆုိပါတယ္။
ထုိကဲ့သုိ႔ ေဒသငါးသားေပါက္ တစ္လက္မခြဲလ်င္ (၈) က်ပ္ႏႈန္းေပါက္ေစ်းရွိေသာ္လည္း (၂၀)က်ပ္ျဖင့္ တင္ဒါ ေပးခဲ့သည့္ ငါးလုပ္ငန္းဦးစီးႏွင့္ အေရအေသြးမျပည့္ဝသည့္ ငါးသားေပါက္မ်ားကုိ ျဖန္႔ခ်ီခဲ့သည့္ တင္ဒါရရွိသူ မ်ားကုိ ႏုိင္ငံေတာ္က စီစစ္အေရးယူေပးရန္ တြံ႕ေတးၿမိဳ႕ရွိ ငါးလုပ္ငန္းရွင္အခ်ဳိ႕က ႏုိင္ငံေတာ္သမၼတ၊ ႏုိင္ငံေတာ္ ၏အတုိင္ပင္ခံအပါအဝင္ အဂတိေကာ္မရွင္ထံ တုိင္ၾကားစာကုိ စက္တင္ဘာလ ေနာက္ဆုံးပတ္၌ ေပးပုိ႔တုိင္ ၾကားခဲ့ပါတယ္။
တြံ႕ေတးၿမိဳ႕ ငါးလုပ္ငန္းဦးစီးမွဴးႏွင့္ ေမးျမန္းမႈကုိ ဆက္လက္ေဖာ္ျပမည္။
Photo – MOI
#PeopleMedia #ငါးလုပ္ငန္းဦးစီးဌာန #တြံ႕ေတးၿမိဳ႕
(unicode)
COVID-19 အမှီပြု၍ ကိုယ်ကျိုးစီးပွားရှာခဲ့သည့် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် ငါးသားပေါက် တင်ဒါရရှိခဲ့သူ (၃)ဦးသည် အရည်အသွေးမမှှီသည့် ငါးသားပေါက် ဖြန့်ဝေခဲ့မှုကို စီစစ်အရေးယူပေးရန် ငါးလုပ်ငန်းရှင်များက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံနှင့် အဂတိကော်မရှင်ထံ တိုင်ကြား
……………………………………………..
ရန်ကုန်၊ အောက်တိုဘာ-၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ COVID-19 အမှီပြု၍ ကိုယ်ကျိုးစီးပွားရှာခဲ့သည့် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများနှင့် ငါးသားပေါက် တင်ဒါရရှိခဲ့သူ (၃)ဦးသည် အရေးအသွေးမမှှီသည့် ငါးသားပေါက် ဖြန့်ဝေ ခဲ့မှုကို စီစစ်အရေးယူပေရန် ငါးလုပ်ငန်းရှင်များက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံနှင့် အဂတိ ကော်မရှင်ထံ တိုင်ကြားထားခဲ့ပါတယ်။
ပြီးခဲ့သည့်လပိုင်းက နိုင်ငံတော်အစိုးရသည် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှုကို ကာကွယ်နိုင်ရန် CERP အစီစဉ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များကို ငါးကန် တစ်ဧကလျှင် ကျပ်ငွေ(၄၀၀၀၀) ထောက်ပံ့ရန် စီစဉ်ခဲ့ပါတယ်။
အဆိုပါအစီအစဉ်ဖြင့် တွံ့တေးမြို့နယ်ရှိ ငါးမွေးမြူရေး ငါးကန်ဧက (၃၅၀၀၀)ဧကကို တစ်ဧကလျှင် ကျပ်ငွေ (၄၀၀၀၀)ကျပ် ထောက်ပံ့ရန် စီစဉ်ခဲ့သည်။
ထိုသို့ နိုင်ငံတော်အစိုးရက COVID-19 ထောက်ပံ့ငွေကြေးများကို ငါးကန်လုပ်ငန်းရှင်များထံ တိုက်ရိုက် ထောက်ပံ့မှုမဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနက တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ငါးလုပ်ငန်း ဦးစီးဌာနများနှင့်တိုင်ပင်၍ ငွေကျပ်(၄၀၀၀၀)နှင့် ကိုက်ညီသည့် ငါးသားပေါက်များဖြန့်ချီရန် ဆောင်ရွက်ခဲ့ပါ တယ်။
ထို့နောက် အဆိုပါအစီအစဉ်ကို အကောင်ထည်ဖော်ရန် တွံ့တေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် လွှတ်တော် ကိုယ်စားလှယ်များသည် ငါးလုပ်ငန်းရှင်အချို့နှင့် တွေ့ဆုံပြီး လုပ်ငန်းရှင်အချို့၏သဘောထားကို ရယူခဲ့ပါ တယ်။
အဆိုပါအစီအစဉ်သည် နိုင်ငံတော်မှ ထောက်ပံ့သည့် ငါးကန်တစ်ဧလျှင် ကျပ်ငွေ (၄၀၀၀၀) ထောက်ပံ့မည့် အစီအစဉ်အစား ကန်အရောက် ငါးသားပေါက် ဖြန့်ချီရန် တင်ဒါခေါ်မည့် အစီအစဉ်ဖြစ်ပါတယ်။
ထိုကဲ့သို့ ငါးသားပေါက် တင်ဒါခေါ်ရန် သတ်မှတ်ရာ၌ ငါးမြစ်ချင်း ငါးသားပေါက် တစ်လက်မခွဲကို ကျပ် ငွေ(၂၀)ကျပ်ဖြင့် စျေးနှုန်းဖြင့် တင်ဒါခေါ်ရန် ငါးလုပ်ငန်းဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်နှင့် လုပ်ငန်းရှင် အချို့က သဘောတူခဲ့ပါတယ်။
တွံ့တေးမြို့နယ်၌ ငါးသားပေါက်ဖြန့်ရန် တင်ဒါခေါ်ယူရာတွင် ငါးလုပ်ငန်းရှင်လ (၃)ဦးက တင်ဒါရရှိခဲ့ပါတယ်။
ထိုသို့ ရရှိသည့်တင်ဒါကို လုပ်ငန်းရှင်(၃)ဦးနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က စက်တင်ဘာလအတွင်း၌ ငါး ကန်တစ်ဧကလျှင် ငါးသေားပေါက် ကျပ်ငွေ(၄၀၀၀၀)နှင့် ညီမျှသည့် ငါးကောင်ရေ(၂၀၀၀)ခန့်ကို လုပ်ငန်း ရှင်များကို ကြိုတင်အသိမပေးပဲ လိုက်လံဝေဌခဲ့တယ်လို့ ငါးလုပ်ငန်းရှင်များကပြောပါတယ်။
ထိုကဲ့သို့ တင်ဒါရရှိသူနှင့် ငါးဦးစီး၏ ဆောင်ရွက်ချက်ကို လက်မခံနိုင်သောကြောင့် ငါးလုပ်ငန်းရှင်အများစုက ငါးသားပေါက်များကို လက်ခဲမရှိခဲ့ဘဲ လုပ်ငန်းရှင်အနည်းစုကသာ လက်ခံခဲ့ကြကြောင်း ငါးလုပ်ငန်းရှင်များက ပြောပါတယ်။
“ငါးဦးစီးက သူတို့နဲ့ နီးစပ်သူတွေကို စျေးအမြင့်ပေးပြီးတော့ ငါးသားပေါက် တစ်လက်မခွဲကို ၂၀ ကျပ်နဲ့ပေး တယ်။ အဲ့ဒီငါးသားပေါက်က ဒေသမှာ ၈ ကျပ်သာရှိတယ်။ ဒါကို ဆောင်ရွက်ခဲ့တဲ့ ငါးဦးစီးက အဂတိ ကျူးလွန်တယ်လို့ယူဆတယ်။ တင်ဒါရသူက ငါးတစ်ကောင်ကို အမြတ်ငွေ ၁၄ ကျပ်ရှိတယ်။ အဲ့ဒီတော့ နိုင်ငံတော်က ထောက်ပံ့တာ ကျပ်ငွေလေးသောင်း၊ ငါးကန်တစ်ဧကကို တင်ဒါရရှိသူက ငါးသားပေါက် တစ်လက်မ ခွဲကို ၂၀ နဲ့ထည့်တယ်။ အဲ့ဒီမှာ လုပ်ငန်းရှင်က ငါးတစ်ကောင် ၁၂ ကျပ်မြတ်တယ်။ တစ်ဧကကို ငါး(၂၀၀၀)ဆိုတော့ တင်ဒါရရှိသူက တစ်ဧကကို (၂၄၀၀၀) ကျပ်မြတ်တယ်။ ငါးကန်ထဲကို တစ်ကယ် ရောက်ရှိသူက ကျပ်ငွေ(၁၆၀၀၀)ဖိုးပဲရှိတယ်။ အဲ့ဒီ ငါးကန်ထဲကို ရောက်တဲ့ (၁၆၀၀၀)ကျပ်ကလည်း ငါးအသေကောင်တွေ လိုက်ကောက်နေရတယ်လို့” တွံ့တေးမြို့နယ် ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
တင်ဒါရရှိသူသည် ငါးမွေးမြူရေးလုပ်ငန်းရှင်များထံ ငါးဖြန့်ချီရာ ငါးလုပ်ငန်းရှင်များကို ကြိုတင်အသိပေးမှု မရှိခြင်း၊ ငါးသားပေါက် ကန်အတွင်းသို့ ထည့်သွင်းရာ၌ ရာသီဥတု အပူချိန်မြင့်တက်ခြင်း၊ ငါးသားပေါက်ထည့် ရမည့် ငါးကန်သည် သန့်ရှင်းမှု မလုပ်ထားခြင်း၊ ငါးသားပေါက်များသည် အရေအသွေးမမှီမှုများကြောင့် လက်ရှိအချိန်၌ အဆိုပါ ငါးသားပေါက်များသည် ကန်အတွင်း သေဆုံးမှုများရှိပြီး ဆီးသီးဘန်းမှောက်သည့် စီမံချက်အလွဲတစ်ခုဖြစ်ကြောင်း ကုန်းဝက်ချောင်းကျေးရွာ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ငါးသားပေါက်က အစုပ်အပျက်တွေ။ အခု ကန်ထဲမှာ ငါးတွေ သေကုန်ပြီ။ ငါးသားပေါက်ထည့်ရတယ်ဆိုတာ ဘယ်လိုရာသီဥတု ဘယ်လိုအမျိုးအစား ထည့်ရတယ်ဆိုတာ ငါးဦးစီးသိတယ်။ တင်ဒါရရှိသူတွေသိတယ်။ အခု နိုင်ငံတော်က ထောက်ပံ့တဲ့စီမံချက်က တင်ဒါရရှိသူတွေနဲ့ ငါးသားပေါက် တစ်လက်မခွဲကို ၂၀ နဲ့ စျေးပေးခဲ့တဲ့ ငါး ဦးစီးမှာ တာဝန်ရှိတယ်”လို့ ကုန်းဝတ်ချောင်းကျေးရွာ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
တွံ့တေးမြို့နယ်၌ တရားဝင် ငါးကန်ဧက (၃၅၀၀၀)ဧကရှိပြီး ငါးကန်တစ်ဧကလျင် ငါးသားပေါက် (၂၀၀၀)ခန့် ဖြင့် တင်ဒါရရှိခဲ့သည့် လုပ်ငန်းရှင်သုံးဦးသည် အမြတ်ငွေ ကျပ်သိန်းပေါင်း(၈၄၀၀)ကျော် အမြတ်ငွေ ရရှိသွား ခဲ့တယ်လို့ တွ့ံတေးမြို့ရှိ ငါးလုပ်ငန်းရှင်များက ပြောဆိုလျက်ရှိပါတယ်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ငါးသားပေါက်တစ်ကောင်လျင် ကျပ်ငွေ (၂၀)ဖြင့် လုပ်ငန်းရှင်များကို တင်ဒါ စျေးနှုန်း ဖြတ်ပေးမှုနှင့်ပတ်သက်၍ People Media က တွံ့တေးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် “အစည်းအဝေးကို ကျွန်တော်တို့ခေါ်တယ်။ သူတို့အစည်းဝေးခေါ်တော့ ငါးဦးစီးရုံးကို သွားတယ်။ အစည်းအဝေးမှာ ကျွန်တော်သိသလောက် ငါးဦးစီးက လုပ်ငန်းရှင်တွေကို် ဖိတ်တယ်။ ကျွန်တော်တို့တက်တော့ ကိုယ်စားလှယ်တွေလည်း ဖိတ်တယ်ပြောတယ်။ ကိုယ်စားလှယ်က ကျွန်တော်တစ်ယောက်သာ တက်ဖြစ်တယ်။ လုပ်ငန်းရှင်းတွေက လေးငါးယောက်သာ တက်ဖြစ်တယ်။ သူတို့ဖိတ်တာ အရောက် ၄၀၊ ၅၀ လောက်ရှိတယ်လို့ပြောတယ်။ အဲ့ဒီအချိန်မှာ မလာကြဘူး။ သူတို့ကလည်း ညွှန်ကြားချက်ရှိတယ်လို့ပြောတယ်။ ဘာတွေးနွေးဖြစ်လည်းဆိုတော့ ငါးကို(၂၀)ကျပ် သတ် မှတ်တယ်။ ညွှန်ချုပ်ကနေ(၂၀)သတ်မှတ်တယ်။ (၂၀)သက်မှတ်တယ်ဆိုတော့ ကျွန်တော်တို့က ဘာပြောလဲ ဆိုတော့(၂၀)ဆိုရင် ငါးမဝေနဲ့။ လုပ်ငန်းရှင်တွေကို တစ်ဧက (၄၀၀၀၀)ကျပ် ဝေပါလားပြောတော့ အထက်က ပြည်ထောင်စုဝန်ကြီးရဲ့ သဘောထားကတော့ လုပ်ငန်းရှင်တွေ လက်ထဲကို ငါးရောက်စေချင်တဲ့လို့ ပြောတယ်” လို့ ဆိုပါတယ်။
ထိုကဲ့သို့ ဒေသငါးသားပေါက် တစ်လက်မခွဲလျင် (၈) ကျပ်နှုန်းပေါက်စျေးရှိသော်လည်း (၂၀)ကျပ်ဖြင့် တင်ဒါ ပေးခဲ့သည့် ငါးလုပ်ငန်းဦးစီးနှင့် အရေအသွေးမပြည့်ဝသည့် ငါးသားပေါက်များကို ဖြန့်ချီခဲ့သည့် တင်ဒါရရှိသူ များကို နိုင်ငံတော်က စီစစ်အရေးယူပေးရန် တွံ့တေးမြို့ရှိ ငါးလုပ်ငန်းရှင်အချို့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် ၏အတိုင်ပင်ခံအပါအဝင် အဂတိကော်မရှင်ထံ တိုင်ကြားစာကို စက်တင်ဘာလ နောက်ဆုံးပတ်၌ ပေးပို့တိုင် ကြားခဲ့ပါတယ်။
တွံ့တေးမြို့ ငါးလုပ်ငန်းဦးစီးမှူးနှင့် မေးမြန်းမှုကို ဆက်လက်ဖော်ပြမည်။
Photo – MOI
#PeopleMedia #ငါးလုပ်ငန်းဦးစီးဌာန #တွံ့တေးမြို့