COVID-19 နေ့စဉ်သေဆုံးမှုစံချိန်တင်မြင့်တက်ပြီးနောက် သြစတြေးလျတွင်ပြည်တွင်းနယ်စပ်ဆက်လ က်ပိတ်ထား

PUBLISHED - August 11, 2020
ဆစ်ဒနီ၊ သြဂုတ် ၁၀
ခရစ္စမတ်ကာလမတိုင်ခင်အထိ နယ်စပ်ပြန်ဖွင့်ဦးမည်မဟုတ်ဟု သြစတြေးလျဝန်ကြီးချုပ်စကော့ မောရ စ်ဆင်ကပြောသည်။
သြစတြေးလျ၏ဖက်ဒရယ်နိုင်ငံရေးစနစ်ကြောင့် ပြည်နယ် ၈ ပြည်နယ်နှင့် နယ်မြေများတွင် အကြပ်အတည်း တုံ့ပြန်ရာ၌ မတူညီသောအစီအမံများရှိနေပြီး ပြည်တွင်းနယ်များအချင်းချင်းသွားလာခွင့်ပိတ်ထားသည်။
အခြားပြည်နယ်များတွင် နေ့စဉ်ကူးစက်မှု အသစ်များနှင့်သေဆုံးသူများရှိသော်လည်း ဗစ်တိုးရီးယားပြည်န ယ်မှသေဆုံးသူသည် သြစတြေးလျတွင် တစ်နေ့အတွင်း အများဆုံးသေဆုံးသူပမာဏဖြစ်သည်။
#PeopleMedia
(unicode)
COVID-19 နေ့စဉ်သေဆုံးမှုစံချိန်တင်မြင့်တက်ပြီးနောက် ဩစတြေးလျတွင်ပြည်တွင်းနယ်စပ်ဆက်လ က်ပိတ်ထား
…………………………………………………
ဆစ်ဒနီ၊ ဩဂုတ် ၁၀
ခရစ္စမတ်ကာလမတိုင်ခင်အထိ နယ်စပ်ပြန်ဖွင့်ဦးမည်မဟုတ်ဟု ဩစတြေးလျဝန်ကြီးချုပ်စကော့ မောရ စ်ဆင်ကပြောသည်။
တနင်္လာနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နေ့အတွင်းသေဆုံးသူစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ယခုလိုပြောခြင်းဖြစ်သည်။
မဲလ်ဘုန်းမြို့တွင် အလုံပိတ်ကန့်သတ်မှုများပြုလုပ်ထားသဖြင့် အကျိုးရှိကြောင်းအထောက်အထားများရှိနေပြီး ဗစ်တိုးရီးယားပြည်နယ်တွင်လည်း ၂ ပတ်နီးပါး နေ့စဉ်ကူးစက်မှုလျော့ကျနေသည်။
ဩစတြေးလျ၏ဖက်ဒရယ်နိုင်ငံရေးစနစ်ကြောင့် ပြည်နယ် ၈ ပြည်နယ်နှင့် နယ်မြေများတွင် အကြပ်အတည်း တုံ့ပြန်ရာ၌ မတူညီသောအစီအမံများရှိနေပြီး ပြည်တွင်းနယ်များအချင်းချင်းသွားလာခွင့်ပိတ်ထားသည်။
ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ကူးစက်မှုဒုတိယလှိုင်း၏ဗဟိုချက်မြို့မဲလ်ဘုန်းရှိသည့်ဗစ်တိုးရီးယားပြည်နယ်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၁၉ ယောက်ရှိခဲ့သည်။
အခြားပြည်နယ်များတွင် နေ့စဉ်ကူးစက်မှု အသစ်များနှင့်သေဆုံးသူများရှိသော်လည်း ဗစ်တိုးရီးယားပြည်န ယ်မှသေဆုံးသူသည် ဩစတြေးလျတွင် တစ်နေ့အတွင်း အများဆုံးသေဆုံးသူပမာဏဖြစ်သည်။
ဇူလိုင်အစောပိုင်းမှစ၍ လူ ၅ သန်းကျော်နေထို င်သည့်မဲလ်ဘုန်းမြို့ကို အလုံပိတ်ကန့်သတ်မှုများ ပြုလုပ်ထား သည်။
Ref : Australia borders to stay shut as COVID-19 daily deaths reach record
#PeopleMedia