COVID-19 ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်း များ ပူးပေါင်းပါဝင်ရေး လူကယ်ပြန်ဝန်ကြီးဌာန ညှိနှိုင်း

PUBLISHED - September 21, 2021
နေပြည်တော်၊ စက်တင်ဘာ ၂၁ (People Media)
COVID-19 ရောဂါကာကွယ်ဆေးထိုးရေးနှံရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်း များ ပူးပေါင်းပါဝင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်မှ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတွင် Virtual ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရ သည်။
ယင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ ညွှန် ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီ၊ ကချင်ပြည် နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြသည်။
#PeopleMedia #လူကယ်ပြန် #COVID
(unicode)
…………………………………………………………………….