
PUBLISHED - October 26, 2020
မက်ဒရစ်၊ အောက်တိုဘာ ၂၆
၁၅ ရက်ကြာကျင့်သုံးမည့်စည်းမျဥ်းသစ်များကို ၆ လအထိ သက်တမ်းတိုးနိုင်ရန် လွှတ်တော်ထံတင်ပြတောင်း ဆိုသွားမည်ဟုလည်း မစ္စတာ ဆန်းချက်ဇ်ကအသိပေးသည်။
#PeopleMedia
(unicode)
COVID-19 ရောဂါကူးစက်မှုတားဆီးနိုင်ရန် စပိန်တွင် ညမထွက်ရအမိန့်ထုတ်ပြန်
………………………………………
မက်ဒရစ်၊ အောက်တိုဘာ ၂၆
စပိန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုများမြင့်တက်နေမှုကိုထိန်းချုပ်ရန် ညမထွက်ရအမိန့်ထုတ်ပြီး တနိုင်ငံလုံးအရေးပေါ်အခြေအနေကြေညာခဲ့သည်။
ည ၁၁ နာရီမှ မနက် ၆ နာရီအတွင်း အပြင်မထွက်ရအမိန့်သည် တနင်္ဂနွေနေ့ည ၁၁ မှစတင်၍ အသက်ဝင်မည်ဟု ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်ကပြောသည်။
အရေးပေါ်အခြေအနေကြေညာမှုများအရ ဒေသအာဏာပိုင်များအနေဖြင့် ဒေသအချင်းချင်းသွားလာမှုကို တားမြစ်နိုင်ကြောင်းလည်းပြောသည်။
၁၅ ရက်ကြာကျင့်သုံးမည့်စည်းမျဥး်သစ်များကို ၆ လအထိ သက်တမ်းတိုးနိုင်ရန် လွှတ်တော်ထံတင်ပြတောင်း ဆိုသွားမည်ဟုလည်း မစ္စတာ ဆန်းချက်ဇ်ကအသိပေးသည်။
ယခုနှစ်အစောပိုင်းတွင် စပိန်နိုင်ငံ၌ ကမ္ဘာ့ကပ်ရောဂါပထမလှိုင်းပြင်ပြင်းထန်ထန်တွေ့ကြုံခဲ့ရပြီး ကမ္ဘာ့အတင်းကြပ်ဆုံးအလုံပိတ်ကန့်သတ်မှုများထဲတွင်ပါဝင်သည့် ပိုမိုတင်းကြပ်သောအလုံပိတ်ကန့် သတ်မှုများပြုလုပ်ခဲ့သည်။
သို့သော် အခြားဥရောပနိုင်ငံများကဲ့သို့ ဒုတိယလှိုင်းကူးစက်မှုများရင်ဆိုင်နေရသည်။
Ref : Covid: Spain imposes national night-time curfew to curb infections
#PeopleMedia