COVID-19 ေရာဂါေၾကာင့္ ျမန္မာအထည္ခ်ဳပ္အလုပ္သမမ်ား လိင္အလုပ္သမမ်ားျဖစ္လာ
PUBLISHED - October 27, 2020
အသက္ ၁၉ ႏွစ္႐ွိၿပီျဖစ္တဲ့မလွ(အမည္လႊဲ)ဟာ ကေလးေမြးၿပီး ၇ လအၾကာမွာ အလုပ္ျပန္လုပ္ဖို႔ႀကိဳးစားေပမဲ့ အလုပ္မရခဲ့ပါဘူး။
ကမာၻ႔ကပ္ေရာဂါေၾကာင့္ အေနာက္တိုင္းက ဖက္႐ွင္တံဆိပ္ေတြက အမွာစာေတြဖ်က္သိမ္းခဲ့လို႔ ျမန္မာႏိုင္ငံက အထည္ခ်ဳပ္စက္႐ံုရာခ်ီပိတ္ထားရလို႔ အမ်ိဳးသမီးေထာင္ခ်ီအလုပ္လက္မဲ့ျဖစ္ေနပါတယ္။
ရန္ကုန္မွာအလံုပိတ္ကန္႔သတ္မႈေတြျဖစ္လာၿပီးေနာက္ပိုင္း မလွအိမ္ေထာင္ကြဲၿပီး သူ႔အမ်ိဳးသားထြက္သြားသလို သူ႔ဖခင္ကလည္း ၿမိဳ႕ထဲမွာခရီးသည္မ႐ွိလို႔ ပိုင္တဲ့ဆိုက္ကားကိုေရာင္းခဲ့ပါတယ္။
မိဘေတြေရာ၊ ကေလးေတြေရာ အငတ္ေဘးႀကံဳရလာလို႔ ၿပီးခဲ့တဲ့ ၅ လေလာက္ကစၿပီး မလွ လိင္အလုပ္သ မျဖစ္လာပါတယ္။
“ေတာ္ေတာ္ေၾကာက္ခဲ့ပါတယ္” လို႔ မလွကေျပာပါတယ္။
“အေမွာင္ထဲမွာဆိုေတာ့ ဂ႐ုတစိုက္ေနဖို႔ႀကိဳးစားတယ္။ မိသားစုကိုစိတ္ထဲကေတြးၿပီးေတာ့လုပ္ရတာေပါ့။ သူတို႔ကို ဘယ္လိုထမင္းေကၽြးရမလဲဆိုတာ” မလွရဲ႕အေျခအေနဟာ ဆင္းရဲတြင္းကေနလြတ္ဖို႔ လိင္အလုပ္သမ အျဖစ္ေျပာင္းလဲလာတဲ့အေရအတြက္ျမင့္တက္လာတာကို ထင္ဟပ္ေနတယ္လို႔ စည္း႐ံုးလႈံ႕ေဆာ္သူေတြကေျပာ ပါတယ္။
COVID-19 ေရာဂါဟာ ျမန္မာႏိုင္ငံရဲ႕အထည္ခ်ဳပ္လုပ္ငန္းကို ထိုးႏွက္မႈေတြလုပ္ေနၿပီး ေဖေဖာ္ဝါရီမွာ တ႐ုတ္ႏိုင္ငံကတင္သြင္းတဲ့ကုန္ၾကမ္းေတြျပတ္လို႔ စက္႐ံုေတြပိတ္ရၿပီး အလုပ္ေနရာ ၁၀၀၀၀ ကေန ၁၅၀၀၀ ၾကားထိခိုက္တာကေန စပါတယ္။
ႏိုင္ငံရဲ႕အားနည္းတဲ့က်န္းမာေရးေစာင့္ေ႐ွာက္မႈစနစ္ကိုကာကြယ္ဖို႔ အာဏာပိုင္ေတြကႀကိဳးစားတဲ့အေနနဲ႔ ဧၿပီမွာစတင္တဲ့ရန္ကုန္ရဲ႕ပထမဆံုးအလံုပိတ္ကန္႔သတ္မႈမွာ စက္႐ံုေတြယာယီပိတ္ထားဖို႔ပါ၀င္ၿပီး စက္တင္ဘာ ၂၄ ရက္ကေန ေအာက္တိုဘာ ၂၁ ရက္အထိက ဒုတိယအႀကိမ္ျဖစ္ပါတယ္။
စက္႐ံု ၂၂၃ ႐ံုက ပိတ္ဖို႔၊ ယာယီပိတ္ထားဖို႔ ဒါမွမဟုတ္ ၀န္ထမ္းေတြေလွ်ာ့ခ်ဖို႔ ေလွ်ာက္ထားတယ္လို႔ ေဒသ၀န္ႀကီးတေယာက္က စက္တင္ဘာလတုန္းက မီဒီယာေတြကေျပာပါတယ္။
အခုေနာက္ဆံုးအလုပ္အကိုင္ဆံုး႐ွံဳးမႈေတြဟာ ဇန္နဝါရီကေန ဇူလိုင္အထိ စက္႐ုံ ၆၀ ေက်ာ္ပိတ္သိမ္းၿပီး အလုပ္သမား ၄၀၀၀၀ ေက်ာ္ကိုအလုပ္ျဖဳတ္ခဲ့လို႔ အလုပ္လက္မဲ့ျဖစ္တာထက္ပိုမ်ားႏိုင္ပါတယ္။
လက္႐ွိအိမ္မွာပဲေနဖို႔သတ္မွတ္ထားတဲ့ကာလမွာ လိင္အလုပ္သမအေနနဲ႔ မလွအတြက္ တေန႔ကို အသားတင္ က်ပ္ ၅၀၀၀ ေလာက္ရပါတယ္။
“အခ်ိန္ေတာ္ေတာ္ေလးၾကာေအာင္မတ္တပ္ရပ္ေနရတယ္။ အမ်ိဳးသားေတြက ကၽြန္မတို႔နားလာၿပီး စကား လာစေျပာၾကတာေပါ့”လို႔လည္း မလွကေျပာျပပါတယ္။
သူ႔ကေလးအတြက္ အခ်ိန္မေပးႏိုင္ေတာ့ပါဘူး“
ဒီအလုပ္လုပ္ႏိုင္ေအာင္ ကေလးကိုလည္း ႏို႔ျဖတ္လိုက္ရတယ္။ အခုေတာ့ ကေလးကို ထမင္းနဲ႔ ေစ်းေပါတဲ့ႏို႔မႈန္ ေရာေကၽြးရတာေပါ့”
အသက္ ၃၀ ႐ွိၿပီျဖစ္တဲ့မခိုင္ကလည္း ၿပီးခဲ့တဲ့ ၆ လေလာက္က ရန္ကုန္မွာ႐ွိတဲ့စက္႐ံုတစ္႐ံုပိတ္လို႔ အလုပ္လက္မဲ့ျဖစ္ေနတာပါ။
သူ႔အမ်ိဳးသားကလည္း ဆိုက္ကားအံုနာခမေပးႏိုင္ေတာ့ပါဘူး။ အခုေတာ့ သူအိမ္ကထြက္မယ္ဆိုရင္ အသက္ ၁၆ နဲ႔ ၇ ႏွစ္တို႔အသီးသီး႐ွိေနတဲ့ သူ႔သား ၂ ေယာက္က သူ႔ကိုမသြားဖို႔ ေတာင္းပန္ၾကပါတယ္“
သူတို႔က ကၽြန္မကိုတားဖို႔ႀကိဳးစားတယ္။ ကၽြန္မကေတာ့ မငိုဖို႔ျပန္ေျပာရတာေပါ့။ အသက္႐ွင္ဖို႔ လုပ္ကို လုပ္ရမယ္ဆိုတာလည္း ႐ွင္းျပရတယ္”လို႔ မခိုင္ကေျပာပါတယ္။
တခ်ိဳ႕ေယာက္က်ားေတြက သူတို႔လိင္ဆႏၵျပည့္ေအာင္ ႐ိုက္ႏွက္တတ္ၾကၿပီး တခ်ိဳ႕ကေတာ့အၾကမ္းဖက္ၿပီး မ်က္ႏွာနဲ႔နား႐ြက္ေတြကို ႐ိုက္ႏွက္တတ္ၾကတယ္လို႔လည္းေျပာျပပါတယ္။
“တကယ္ေၾကာက္မိတယ္။ ကၽြန္မကိုသတ္သြားရင္ ဘယ္လိုျဖစ္သြားမလဲလို႔ေတာင္ေတြးမိတယ္”
တခ်ိဳ႕ေန႔ေတြဆိုရင္ေတာ့ က်ပ္ ၇၀၀၀ ေလာက္ရၿပီး တခ်ိဳ႕ေန႔ေတြမွာဆိုရင္ေတာ့ အိမ္ျပန္မယ့္ကားခေတာင္မ ေလာက္တဲ့ေန႔ေတြ႐ွိပါတယ္။ အဲဒီလိုေန႔ေတြဆိုရင္ သူ႔ကိုေယာက္က်ားေတြအႏိုင္က်င့္ႏွိပ္စက္ေလ့႐ွိတဲ့ လမ္းေတြကေန မခိုင္အိမ္ကိုလမ္းေလွ်ာက္ျပန္ေလ့႐ွိပါတယ္။
အိမ္ေရာက္ရင္ အိမ္နီးခ်င္းေတြက သူ႔အေၾကာင္းအတင္းေျပာၾကတာထက္ သူ႔သားေတြကို ေကၽြးေမြးထားၾကဖို႔ပဲ သူကေမွ်ာ္လင့္ပါတယ္။
“ဒီလိုအလုပ္လုပ္ရလို႔ တခ်ိဳ႕က ကၽြန္မကိုအထင္ေသးၿပီး ႏွိမ္သလိုဆက္ဆံၾကတယ္” လို႔လည္းေျပာျပပါတယ္။
မခိုင္ဟာ COVID-19 ေရာဂါထက္ပိုမ်ားတဲ့အႏၲရာယ္ေတြနဲ႔ႀကံဳေနရတာပါ။
ျမန္မာႏိုင္ငံမွာ လိင္အလုပ္သမ ၆၆၀၀၀ ေလာက္႐ွိတယ္လို႔ ခန္႔မွန္းထားၿပီး ၅.၆ ရာခိုင္ႏႈန္းေလာက္က အိတ္ခ်္အိုင္ဗြီဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ UNAids ကေျပာပါတယ္။
ျမန္မာလိင္လုပ္သားမ်ားအဖြဲ႕တည္ေထာင္သူ အသက္ ၄၈ ႏွစ္႐ွိေနတဲ့ ေဒၚႏွင္းႏွင္းယုက ၄ ႏွစ္ၾကာလိင္ အလုပ္သမအျဖစ္လုပ္ကိုင္ခဲ့ၿပီးတဲ့ေနာက္ ၂၀၀၄ ခုႏွစ္မွာ အိတ္ခ်္အိုင္ဗြီဗိုင္းရပ္စ္ကူးစက္ခံခဲ့ရပါတယ္။
သူအဖြဲ႕က အမ်ိဳးသမီး ၂၀၀ ေလာက္ကို တစ္ကိုယ္ေရက်န္းမာေရးသံုးပစၥည္းေတြနဲ႔ ေငြျဖည့္ၿပီးသားေစ်း ၀ယ္ကတ္ေတြကို ၿပီးခဲ့တဲ့ ၂ လအတြင္းေပးခဲ့ပါတယ္။
အစိုးရကလည္း ေထာက္ပံ့ေငြ၊ ဆီနဲ႔ဆန္ေတြကို ၀င္ေငြနည္းမိသားစုေတြဆီေထာက္ပံ့ေနေပမဲ့ အေထာက္အ ထားမ႐ွိတာ၊ တရားမ၀င္လိင္လုပ္ငန္းကိုဖံုးကြယ္ဖို႔ ကုမၸဏီ၀န္ထမ္းေတြအေနနဲ႔ မွတ္ပံုတင္ထားၾကတာ တို႔ေၾကာင့္ လိင္လုပ္သားေတြဆီ အေထာက္အပံ့မရတာေတြ႐ွိပါတယ္။
ေဖာက္သည္ေလ်ာ့က်လာေပမဲ့ ကမာၻ႔ကပ္ေရာဂါကာလမွာ အမ်ိဳးသမီးေတြက လိင္ကုန္ကူးတဲ့လုပ္ငန္းထဲ ပို၀င္ေရာက္လာတယ္လို႔ ေဒၚႏွင္းႏွင္းယုကေျပာပါတယ္။
အိမ္တြင္းအၾကမ္းဖက္မႈေတြနဲ႔အတူ အဖမ္းအဆီးေတြလည္း ပိုမ်ားလာတယ္လို႔လည္း ျဖည့္စြက္႐ွင္းလင္း ပါတယ္။
“အျပင္ထြက္ၿပီး မိသားစုအတြက္ ပိုက္ဆံ႐ွာလို႔ေျပာတဲ့ သူတို႔အမ်ိဳးသားေတြက သူတို႔ကို႐ိုက္တာမ်ိဳးေတြ ႐ွိေနတယ္။ လမ္းေပၚမွာလည္း ပိုက္ဆံမေပးဘဲထြက္ေျပးတဲ့အမ်ိဳးသားေတြရွိတယ္။ ၿပီးေတာ့ ဖမ္းမယ္လို႔ ရဲေတြကၿခိမ္းေျခာက္ၿပီး ပိုက္ဆံေတာင္းတာလည္း႐ွိတယ္။ ပိုက္ဆံမေပးႏိုင္ရင္ အဖမ္းခံရတယ္”
ျမန္မာႏိုင္ငံက လိင္လုပ္သားေတြဟာ အႏၲရာယ္နဲ႔ နပန္းလံုးေနၾကသလို ရဲေတြကိုလည္းေၾကာက္ရပါတယ္။
အရာ႐ွိေတြက သတင္းေပးေတြလႊတ္၊ အသြင္ယူေပ်ာ္ပါးဖမ္းဆီးၿပီး အမ်ိဳးသမီးေတြကို ေထာင္ ၃ ႏွစ္အထိ ခ်တာမ်ိဳးလည္း႐ွိပါတယ္။
“ရဲေတြကိုေတာ့ ေ၀းေဝးေ႐ွာင္တယ္။ ေလာ့ေဒါင္းမွာညမထြက္ရဆိုေတာ့ ညသန္းေခါင္ေက်ာ္တဲ့အထိ ေဖာက္သည္႐ွာလို႔မရေတာ့ဘူး။ ဒါေပမဲ့ တခါတခါအိမ္ကိုလမ္းေလွ်ာက္ျပန္တာ သန္းေခါင္ေက်ာ္ေနၿပီ။ စိတ္ေတြေလးလံေနတာပဲ အဲ့လိုရက္ေတြက” လို႔ မလွက ရင္ဖြင့္ပါတယ္။
၁၄ ႏွစ္ေလာက္လိင္အလုပ္သမလုပ္ေနတဲ့ အသက္ ၃၈ ႏွစ္အ႐ြယ္မၾကည္ကေတာ့ ဧၿပီလတည္းကစၿပီး စက္႐ံုအလုပ္သမေတြ လမ္းေပၚေရာက္လာတယ္လို႔ေျပာပါတယ္။
“ေတာ္ေတာ္မ်ားမ်ားက ႐ိုး႐ိုးအအေလးေတြ။ ဒီအလုပ္မွာအေတြ႕အႀကံဳမ႐ွိဘူး။ ေဖာက္သည္နဲ႔ ရဲနဲ႔ မခြဲႏိုင္ရင္ လြယ္လြယ္ဖမ္းခံရႏိုင္တယ္”
မၾကည္နဲ႔ တျခားလိင္လုပ္သားေတြက ရဲေတြနဲ႔ ပံုမွန္အိပ္ၿပီး အဖမ္းမခံရေအာင္ေ႐ွာင္တာ၊ ရာထူးသိပ္မႀကီးတဲ့ အရာ႐ွိေတြကို လာဘ္ေပးတာေတြလုပ္ေလ့႐ွိပါတယ္။ အတံု႔အလွည့္အေနနဲ႔ အပိုင္နယ္ေျမထဲမွာ သတင္းေပး ေတြ႐ွိေနတယ္ဆိုရင္ ရဲေတြက သူတို႔ကို သတိေပးပါတယ္။
“ဒီလုပ္ငန္းခြင္မွာ ဒါကပံုမွန္အေျခအေနပဲ” လို႔လည္း မၾကည္ကျဖည့္စြက္ေျပာဆိုပါတယ္။
ဒီလုပ္ငန္းလုပ္တယ္ဆိုတာ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက မိသားစု၀င္ေတြကိုေျပာေလ့မ႐ွိသလို အမည္း စက္ထင္မွာစိုးလို႔ အေရာင္းႁမွင့္တင္ေရးအလုပ္ရထားတယ္လို႔ သူ႔အိမ္ကိုေျပာထားတဲ့မၾကည္လည္း အဲဒီ အထဲမွာပါပါတယ္။
မလွရဲ႕မိသားစုကေတာ့ အေမနဲ႔ သမီးၾကားထဲမွာဆံုးျဖတ္ခ်က္ခ်ခဲ့ရတာပါ။
သူ႔အလုပ္အေၾကာင္းေျပာလိုက္တဲ့အခ်ိန္မွာ သူ႔အေဖ႐ိုက္မယ္လို႔မွန္းထားေပမဲ့ သူ႔အေဖက သူ႔ကို ဘာမွ မေျပာဘဲ ၿငိမ္ၿငိမ္ပဲေနေနတယ္လို႔ မလွကေျပာျပပါတယ္။
ၿပီးခဲ့တဲ့ၾသဂုတ္လအထိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့လူနာရာဂဏန္းပဲ႐ွိၿပီးေတာ့ လက္႐ွိ အခ်က္အလက္ေတြကေတာ့ လူ ၄၀၀၀၀ ေက်ာ္နဲ႔ ေသဆံုးသူ ၁၀၀၀ ေက်ာ္ေနပါၿပီ။
“ကိုယ့္အတြက္ကိုယ္မပူပါဘူး။ မိသားစုကို အပူေတြလႊဲေပးရမွာပဲစိတ္ပူတယ္”လို႔ မလွကေျပာပါတယ္။
“ေတာ္ေတာ္ကို႐ုန္းကန္ေနရၿပီးၿပီ။ ဒီေရာဂါကူးစက္ခံရမယ္ဆိုရင္ေတာ့ ပိုဆိုးလာဖို႔ပဲ႐ွိပါတယ္။ ကၽြန္မတို႔မွာ ပိုက္ဆံမ႐ွိဘူး။ ကၽြန္မတို႔ကို ဘယ္သူမွအဆက္အဆံလုပ္ခ်င္မွာမဟုတ္ေတာ့ဘူး”
Ref : ‘I have to do this’: Myanmar garment workers forced into sex work by Covid
#PeopleMedia
(unicode)
COVID-19 ရောဂါကြောင့် မြန်မာအထည်ချုပ်အလုပ်သမများ လိင်အလုပ်သမများဖြစ်လာ
……………………………………………………………
အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့မလှ(အမည်လွှဲ)ဟာ ကလေးမွေးပြီး ၇ လအကြာမှာ အလုပ်ပြန်လုပ်ဖို့ကြိုးစားပေမဲ့ အလုပ်မရခဲ့ပါဘူး။
ကမ္ဘာ့ကပ်ရောဂါကြောင့် အနောက်တိုင်းက ဖက်ရှင်တံဆိပ်တွေက အမှာစာတွေဖျက်သိမ်းခဲ့လို့ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံရာချီပိတ်ထားရလို့ အမျိုးသမီးထောင်ချီအလုပ်လက်မဲ့ဖြစ်နေပါတယ်။
ရန်ကုန်မှာအလုံပိတ်ကန့်သတ်မှုတွေဖြစ်လာပြီးနောက်ပိုင်း မလှအိမ်ထောင်ကွဲပြီး သူ့အမျိုးသားထွက်သွားသလို သူ့ဖခင်ကလည်း မြို့ထဲမှာခရီးသည်မရှိလို့ ပိုင်တဲ့ဆိုက်ကားကိုရောင်းခဲ့ပါတယ်။
မိဘတွေရော၊ ကလေးတွေရော အငတ်ဘေးကြုံရလာလို့ ပြီးခဲ့တဲ့ ၅ လလောက်ကစပြီး မလှ လိင်အလုပ်သ မဖြစ်လာပါတယ်။
“တော်တော်ကြောက်ခဲ့ပါတယ်” လို့ မလှကပြောပါတယ်။
“အမှောင်ထဲမှာဆိုတော့ ဂရုတစိုက်နေဖို့ကြိုးစားတယ်။ မိသားစုကိုစိတ်ထဲကတွေးပြီးတော့လုပ်ရတာပေါ့။ သူတို့ကို ဘယ်လိုထမင်းကျွေးရမလဲဆိုတာ” မလှရဲ့အခြေအနေဟာ ဆင်းရဲတွင်းကနေလွတ်ဖို့ လိင်အလုပ်သမ အဖြစ်ပြောင်းလဲလာတဲ့အရေအတွက်မြင့်တက်လာတာကို ထင်ဟပ်နေတယ်လို့ စည်းရုံးလှုံ့ဆော်သူတွေကပြော ပါတယ်။
COVID-19 ရောဂါဟာ မြန်မာနိုင်ငံရဲ့အထည်ချုပ်လုပ်ငန်းကို ထိုးနှက်မှုတွေလုပ်နေပြီး ဖေဖော်ဝါရီမှာ တရုတ်နိုင်ငံကတင်သွင်းတဲ့ကုန်ကြမ်းတွေပြတ်လို့ စက်ရုံတွေပိတ်ရပြီး အလုပ်နေရာ ၁၀၀၀၀ ကနေ ၁၅၀၀၀ ကြားထိခိုက်တာကနေ စပါတယ်။
နိုင်ငံရဲ့အားနည်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုကာကွယ်ဖို့ အာဏာပိုင်တွေကကြိုးစားတဲ့အနေနဲ့ ဧပြီမှာစတင်တဲ့ရန်ကုန်ရဲ့ပထမဆုံးအလုံပိတ်ကန့်သတ်မှုမှာ စက်ရုံတွေယာယီပိတ်ထားဖို့ပါဝင်ပြီး စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိက ဒုတိယအကြိမ်ဖြစ်ပါတယ်။
စက်ရုံ ၂၂၃ ရုံက ပိတ်ဖို့၊ ယာယီပိတ်ထားဖို့ ဒါမှမဟုတ် ဝန်ထမ်းတွေလျှော့ချဖို့ လျှောက်ထားတယ်လို့ ဒေသဝန်ကြီးတယောက်က စက်တင်ဘာလတုန်းက မီဒီယာတွေကပြောပါတယ်။
အခုနောက်ဆုံးအလုပ်အကိုင်ဆုံးရှုံးမှုတွေဟာ ဇန်နဝါရီကနေ ဇူလိုင်အထိ စက်ရုံ ၆၀ ကျော်ပိတ်သိမ်းပြီး အလုပ်သမား ၄၀၀၀၀ ကျော်ကိုအလုပ်ဖြုတ်ခဲ့လို့ အလုပ်လက်မဲ့ဖြစ်တာထက်ပိုများနိုင်ပါတယ်။
လက်ရှိအိမ်မှာပဲနေဖို့သတ်မှတ်ထားတဲ့ကာလမှာ လိင်အလုပ်သမအနေနဲ့ မလှအတွက် တနေ့ကို အသားတင် ကျပ် ၅၀၀၀ လောက်ရပါတယ်။
“အချိန်တော်တော်လေးကြာအောင်မတ်တပ်ရပ်နေရတယ်။ အမျိုးသားတွေက ကျွန်မတို့နားလာပြီး စကား လာစပြောကြတာပေါ့”လို့လည်း မလှကပြောပြပါတယ်။
သူ့ကလေးအတွက် အချိန်မပေးနိုင်တော့ပါဘူး“
ဒီအလုပ်လုပ်နိုင်အောင် ကလေးကိုလည်း နို့ဖြတ်လိုက်ရတယ်။ အခုတော့ ကလေးကို ထမင်းနဲ့ စျေးပေါတဲ့နို့မှုန် ရောကျွေးရတာပေါ့”
အသက် ၃၀ ရှိပြီဖြစ်တဲ့မခိုင်ကလည်း ပြီးခဲ့တဲ့ ၆ လလောက်က ရန်ကုန်မှာရှိတဲ့စက်ရုံတစ်ရုံပိတ်လို့ အလုပ်လက်မဲ့ဖြစ်နေတာပါ။
သူ့အမျိုးသားကလည်း ဆိုက်ကားအုံနာခမပေးနိုင်တော့ပါဘူး။ အခုတော့ သူအိမ်ကထွက်မယ်ဆိုရင် အသက် ၁၆ နဲ့ ၇ နှစ်တို့အသီးသီးရှိနေတဲ့ သူ့သား ၂ ယောက်က သူ့ကိုမသွားဖို့ တောင်းပန်ကြပါတယ်“
သူတို့က ကျွန်မကိုတားဖို့ကြိုးစားတယ်။ ကျွန်မကတော့ မငိုဖို့ပြန်ပြောရတာပေါ့။ အသက်ရှင်ဖို့ လုပ်ကို လုပ်ရမယ်ဆိုတာလည်း ရှင်းပြရတယ်”လို့ မခိုင်ကပြောပါတယ်။
တချို့ယောက်ကျားတွေက သူတို့လိင်ဆန္ဒပြည့်အောင် ရိုက်နှက်တတ်ကြပြီး တချို့ကတော့အကြမ်းဖက်ပြီး မျက်နှာနဲ့နားရွက်တွေကို ရိုက်နှက်တတ်ကြတယ်လို့လည်းပြောပြပါတယ်။
“တကယ်ကြောက်မိတယ်။ ကျွန်မကိုသတ်သွားရင် ဘယ်လိုဖြစ်သွားမလဲလို့တောင်တွေးမိတယ်”
တချို့နေ့တွေဆိုရင်တော့ ကျပ် ၇၀၀၀ လောက်ရပြီး တချို့နေ့တွေမှာဆိုရင်တော့ အိမ်ပြန်မယ့်ကားခတောင်မ လောက်တဲ့နေ့တွေရှိပါတယ်။ အဲဒီလိုနေ့တွေဆိုရင် သူ့ကိုယောက်ကျားတွေအနိုင်ကျင့်နှိပ်စက်လေ့ရှိတဲ့ လမ်းတွေကနေ မခိုင်အိမ်ကိုလမ်းလျှောက်ပြန်လေ့ရှိပါတယ်။
အိမ်ရောက်ရင် အိမ်နီးချင်းတွေက သူ့အကြောင်းအတင်းပြောကြတာထက် သူ့သားတွေကို ကျွေးမွေးထားကြဖို့ပဲ သူကမျှော်လင့်ပါတယ်။
“ဒီလိုအလုပ်လုပ်ရလို့ တချို့က ကျွန်မကိုအထင်သေးပြီး နှိမ်သလိုဆက်ဆံကြတယ်” လို့လည်းပြောပြပါတယ်။
မခိုင်ဟာ COVID-19 ရောဂါထက်ပိုများတဲ့အန္တရာယ်တွေနဲ့ကြုံနေရတာပါ။
မြန်မာနိုင်ငံမှာ လိင်အလုပ်သမ ၆၆၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းထားပြီး ၅.၆ ရာခိုင်နှုန်းလောက်က အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ UNAids ကပြောပါတယ်။
မြန်မာလိင်လုပ်သားများအဖွဲ့တည်ထောင်သူ အသက် ၄၈ နှစ်ရှိနေတဲ့ ဒေါ်နှင်းနှင်းယုက ၄ နှစ်ကြာလိင် အလုပ်သမအဖြစ်လုပ်ကိုင်ခဲ့ပြီးတဲ့နောက် ၂၀၀၄ ခုနှစ်မှာ အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။
သူအဖွဲ့က အမျိုးသမီး ၂၀၀ လောက်ကို တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းတွေနဲ့ ငွေဖြည့်ပြီးသားစျေး ဝယ်ကတ်တွေကို ပြီးခဲ့တဲ့ ၂ လအတွင်းပေးခဲ့ပါတယ်။
အစိုးရကလည်း ထောက်ပံ့ငွေ၊ ဆီနဲ့ဆန်တွေကို ဝင်ငွေနည်းမိသားစုတွေဆီထောက်ပံ့နေပေမဲ့ အထောက်အ ထားမရှိတာ၊ တရားမဝင်လိင်လုပ်ငန်းကိုဖုံးကွယ်ဖို့ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ မှတ်ပုံတင်ထားကြတာ တို့ကြောင့် လိင်လုပ်သားတွေဆီ အထောက်အပံ့မရတာတွေရှိပါတယ်။
ဖောက်သည်လျော့ကျလာပေမဲ့ ကမ္ဘာ့ကပ်ရောဂါကာလမှာ အမျိုးသမီးတွေက လိင်ကုန်ကူးတဲ့လုပ်ငန်းထဲ ပိုဝင်ရောက်လာတယ်လို့ ဒေါ်နှင်းနှင်းယုကပြောပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့အတူ အဖမ်းအဆီးတွေလည်း ပိုများလာတယ်လို့လည်း ဖြည့်စွက်ရှင်းလင်း ပါတယ်။
“အပြင်ထွက်ပြီး မိသားစုအတွက် ပိုက်ဆံရှာလို့ပြောတဲ့ သူတို့အမျိုးသားတွေက သူတို့ကိုရိုက်တာမျိုးတွေ ရှိနေတယ်။ လမ်းပေါ်မှာလည်း ပိုက်ဆံမပေးဘဲထွက်ပြေးတဲ့အမျိုးသားတွေရှိတယ်။ ပြီးတော့ ဖမ်းမယ်လို့ ရဲတွေကခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းတာလည်းရှိတယ်။ ပိုက်ဆံမပေးနိုင်ရင် အဖမ်းခံရတယ်”
မြန်မာနိုင်ငံက လိင်လုပ်သားတွေဟာ အန္တရာယ်နဲ့ နပန်းလုံးနေကြသလို ရဲတွေကိုလည်းကြောက်ရပါတယ်။
အရာရှိတွေက သတင်းပေးတွေလွှတ်၊ အသွင်ယူပျော်ပါးဖမ်းဆီးပြီး အမျိုးသမီးတွေကို ထောင် ၃ နှစ်အထိ ချတာမျိုးလည်းရှိပါတယ်။
“ရဲတွေကိုတော့ ဝေးဝေးရှောင်တယ်။ လော့ဒေါင်းမှာညမထွက်ရဆိုတော့ ညသန်းခေါင်ကျော်တဲ့အထိ ဖောက်သည်ရှာလို့မရတော့ဘူး။ ဒါပေမဲ့ တခါတခါအိမ်ကိုလမ်းလျှောက်ပြန်တာ သန်းခေါင်ကျော်နေပြီ။ စိတ်တွေလေးလံနေတာပဲ အဲ့လိုရက်တွေက” လို့ မလှက ရင်ဖွင့်ပါတယ်။
၁၄ နှစ်လောက်လိင်အလုပ်သမလုပ်နေတဲ့ အသက် ၃၈ နှစ်အရွယ်မကြည်ကတော့ ဧပြီလတည်းကစပြီး စက်ရုံအလုပ်သမတွေ လမ်းပေါ်ရောက်လာတယ်လို့ပြောပါတယ်။
“တော်တော်များများက ရိုးရိုးအအလေးတွေ။ ဒီအလုပ်မှာအတွေ့အကြုံမရှိဘူး။ ဖောက်သည်နဲ့ ရဲနဲ့ မခွဲနိုင်ရင် လွယ်လွယ်ဖမ်းခံရနိုင်တယ်”
မကြည်နဲ့ တခြားလိင်လုပ်သားတွေက ရဲတွေနဲ့ ပုံမှန်အိပ်ပြီး အဖမ်းမခံရအောင်ရှောင်တာ၊ ရာထူးသိပ်မကြီးတဲ့ အရာရှိတွေကို လာဘ်ပေးတာတွေလုပ်လေ့ရှိပါတယ်။ အတုံ့အလှည့်အနေနဲ့ အပိုင်နယ်မြေထဲမှာ သတင်းပေး တွေရှိနေတယ်ဆိုရင် ရဲတွေက သူတို့ကို သတိပေးပါတယ်။
“ဒီလုပ်ငန်းခွင်မှာ ဒါကပုံမှန်အခြေအနေပဲ” လို့လည်း မကြည်ကဖြည့်စွက်ပြောဆိုပါတယ်။
ဒီလုပ်ငန်းလုပ်တယ်ဆိုတာ အမျိုးသမီးတော်တော်များများက မိသားစုဝင်တွေကိုပြောလေ့မရှိသလို အမည်း စက်ထင်မှာစိုးလို့ အရောင်းမြှင့်တင်ရေးအလုပ်ရထားတယ်လို့ သူ့အိမ်ကိုပြောထားတဲ့မကြည်လည်း အဲဒီ အထဲမှာပါပါတယ်။
မလှရဲ့မိသားစုကတော့ အမေနဲ့ သမီးကြားထဲမှာဆုံးဖြတ်ချက်ချခဲ့ရတာပါ။
သူ့အလုပ်အကြောင်းပြောလိုက်တဲ့အချိန်မှာ သူ့အဖေရိုက်မယ်လို့မှန်းထားပေမဲ့ သူ့အဖေက သူ့ကို ဘာမှ မပြောဘဲ ငြိမ်ငြိမ်ပဲနေနေတယ်လို့ မလှကပြောပြပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လအထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာရာဂဏန်းပဲရှိပြီးတော့ လက်ရှိ အချက်အလက်တွေကတော့ လူ ၄၀၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၀၀ ကျော်နေပါပြီ။
“ကိုယ့်အတွက်ကိုယ်မပူပါဘူး။ မိသားစုကို အပူတွေလွှဲပေးရမှာပဲစိတ်ပူတယ်”လို့ မလှကပြောပါတယ်။
“တော်တော်ကိုရုန်းကန်နေရပြီးပြီ။ ဒီရောဂါကူးစက်ခံရမယ်ဆိုရင်တော့ ပိုဆိုးလာဖို့ပဲရှိပါတယ်။ ကျွန်မတို့မှာ ပိုက်ဆံမရှိဘူး။ ကျွန်မတို့ကို ဘယ်သူမှအဆက်အဆံလုပ်ချင်မှာမဟုတ်တော့ဘူး”
Ref : ‘I have to do this’: Myanmar garment workers forced into sex work by Covid