Covid-19 ေရာဂါေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲမဲစာရင္းကို အြန္လိုင္းမွ ေၾကညာမည္ျဖစ္ေၾကာင္း UEC ဥကၠ႒ ေျပာ

PUBLISHED - June 12, 2020
ရန္ကုန္၊ ဇြန္ ၁၂
Covid-19 ေရာဂါေၾကာင့္ လူစုလူေဝးမျဖစ္ေပၚေစေရးအတြက္ ၂၀၂၀ ေရြးေကာက္ပြဲတြင္မဲေပးႏိုင္မည့္ မဲစာရင္း ကို အြန္လိုင္းမွေၾကညာသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ UEC ဥကၠ႒ ဦးလွသိန္းက ေျပာသည္။
၂၀၂၀ ေရြးေကာက္ပြဲကို Covid-19 ေရာဂါႀကိဳတင္ကာကြယ္ေရးႏွင့္ နည္းလမ္းမ်ားႏွင့္အညီ က်င္းပႏိုင္ေရး အတြက္ ယမန္ေန႔က ေနျပည္ေတာ္ ေကာ္မရွင္႐ုံးတြင္ျပဳလုပ္သည့္အစည္းအေဝးတြင္ ဦးလွသိန္းက အထက္ပါ အတိုင္းေျပာၾကားခဲ့ျခင္းလည္းျဖစ္သည္။
မဲစာရင္းတြင္ မိမိအမည္ပါမွသာ မဲေပးႏိုင္မည္ျဖစ္သည့္အတြက္ မဲစာရင္းကပ္ထားေၾကညာသည့္အခ်ိန္တြင္ မဲ ဆႏၵရွင္မ်ားအေနျဖင့္ မဲစာရင္းလာေရာက္ၾကည့္ရႈရမည္ျဖစ္ပါေၾကာင္း၊ ထိုသို႔ၾကည့္ရႈရာတြင္ လူစုလူေဝးျဖစ္ ႏိုင္၍ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ မဲဆႏၵရွင္မ်ား online မွ မဲစာရင္းၾကည့္ရႈႏိုင္ရန္ Mobile Application ကို စီစဥ္ေဆာင္ရြက္လ်က္ရွိပါေၾကာင္း ေကာ္မရွင္ဥကၠ႒ဦးလွသိန္းကေျပာသည္။
၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြက္မဲ႐ုံေပါင္းေလးေသာင္းေက်ာ္ လ်ာထားၿပီး မဲဆႏၵရွင္ေပါင္း ၃၇ သန္း ေက်ာ္ရွိေၾကာင္းလည္းသိရသည္။
၂၀၂၀ ေရြးေကာက္ပြဲအတြက္ မဲေပးႏိုင္မည့္ မဆႏၵရွင္စာရွင္စာရင္းကို အြန္လိုင္းမွေၾကညာပါက ျမန္မာႏိုင္ငံတြင္ အင္တာနက္မရရွိသည့္ေဒသမ်ားလည္းရွိေနသည္။
#PeopleMedia
(unicode)
Covid-19 ရောဂါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းကို အွန်လိုင်းမှ ကြေညာမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ပြော
……………………………………………………………………….
ရန်ကုန်၊ ဇွန် ၁၂
Covid-19 ရောဂါကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ၂၀၂၀ ရွေးကောက်ပွဲတွင်မဲပေးနိုင်မည့် မဲစာရင်း ကို အွန်လိုင်းမှကြေညာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲကို Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် နည်းလမ်းများနှင့်အညီ ကျင်းပနိုင်ရေး အတွက် ယမန်နေ့က နေပြည်တော် ကော်မရှင်ရုံးတွင်ပြုလုပ်သည့်အစည်းအဝေးတွင် ဦးလှသိန်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
မဲစာရင်းတွင် မိမိအမည်ပါမှသာ မဲပေးနိုင်မည်ဖြစ်သည့်အတွက် မဲစာရင်းကပ်ထားကြေညာသည့်အချိန်တွင် မဲ ဆန္ဒရှင်များအနေဖြင့် မဲစာရင်းလာရောက်ကြည့်ရှုရမည်ဖြစ်ပါကြောင်း၊ ထိုသို့ကြည့်ရှုရာတွင် လူစုလူဝေးဖြစ် နိုင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များ online မှ မဲစာရင်းကြည့်ရှုနိုင်ရန် Mobile Application ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းကပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်မဲရုံပေါင်းလေးသောင်းကျော် လျာထားပြီး မဲဆန္ဒရှင်ပေါင်း ၃၇ သန်း ကျော်ရှိကြောင်းလည်းသိရသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် မဆန္ဒရှင်စာရှင်စာရင်းကို အွန်လိုင်းမှကြေညာပါက မြန်မာနိုင်ငံတွင် အင်တာနက်မရရှိသည့်ဒေသများလည်းရှိနေသည်။
#PeopleMedia