COVID – 19 ေၾကာင့္ တကၠသိုလ္၀င္တန္းအမွတ္စာရင္းမ်ားထုတ္ျ ပန္ေပးမႈေရႊ႕ဆိုင္းထားဦးမည္

PUBLISHED - August 8, 2020
ရန္ကုန္၊ ၾသဂုတ္ ၈
တကၠသိုလ္၀င္တန္းေအာင္စာရင္းမ်ား ထုတ္ျပန္ၿပီးေသာ္လည္း COVID 19 ကပ္ေရာဂါေၾကာင့္ အမွတ္စာရင္း မ်ားထုတ္ျပန္ေပးမႈေရႊ႕ဆိုင္းထားဦးမည္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာန ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနကသိ ရသည္။
အမွတ္စာရင္းမ်ားႏွင့္ပတ္သက္၍ ၾသဂုတ္လ ၈ ရက္ people media ကဆက္သြယ္ေမးျမန္းရာတြင္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ၫႊန္ၾကားေရးမွဴးခ်ဳပ္ေဒါက္တာမ်ိဳးၫြန္႔ကေျပာသည္။
“ေအာင္စာရင္းထြက္ၿပီးရင္အမွတ္စာရင္းလာထုတ္လို႔မရဘူးဆိုတာမွန္ပါတယ္။ အမွတ္စာရင္းလာထုတ္ရင္လူ ေတြကတစ္သိန္းေလာက္လာထုတ္တာဗ်။ အဲဒီေတာ့တာ၀န္ရွိသူက covid နဲ႔ေထာင္က်သြားမွာဗ်။ မေပးဘူးဗ်ာ။ ဘယ္ေတာ့ေလာက္ေပးမလဲဆိုေတာ့ covid 19 ေပၚမွာမူတည္တယ္။ ဒီအေပၚမွာဘဲၾကည့္လုပ္ေနၾကတာဗ်’’ဟု ၎ကေျပာသည္။
၂၀၂ဝ ျပည့္ႏွစ္တကၠသိုလ္၀င္တန္းစာေမးပြဲမ်ားကိုမတ္လ ၁၁ရက္ေန႔မွ ၂၀ရက္ေန႔အထိ စစ္ေဆးခဲ့ၿပီး ေျဖဆိုသူ ၉၁၀၂၇၃ဦးရွိခဲ့ေၾကာင္းျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနကသိရသည္။
ယခင္ တကၠသိုလ္၀င္တန္းေအာင္မွတ္စာရင္းမ်ားကို ရန္ကုန္တိုင္းေဒသႀကီး လႈိင္တကၠသိုလ္နယ္ေျမ၀င္း ဂိတ္ေပါက္ ၁ ၀င္ေပါက္အနီး ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနတြင္ ထုတ္ေပးခဲ့သည္။
“ဘယ္အခ်ိန္ ထုတ္ေပးမယ္ဆိုတာကို ကြ်န္ေတာ္တို႔ ျပန္ေၾကညာေပးမယ္’’ဟု ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနက ၫႊန္ၾကားေရးမွဴးခ်ဳပ္ေဒါက္တာ မ်ိဳးၫြန္႔ကေျပာသည္။
#PeopleMedia
(unicode)
COVID – 19 ကြောင့် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းများထုတ်ပြန် ပေးမှုရွှေ့ဆိုင်းထားဦးမည်
……………………………………………………
ရန်ကုန်၊ ဩဂုတ် ၈
တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ထုတ်ပြန်ပြီးသော်လည်း COVID 19 ကပ်ရောဂါကြောင့် အမှတ်စာရင်း များထုတ်ပြန်ပေးမှုရွှေ့ဆိုင်းထားဦးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသိ ရသည်။
အမှတ်စာရင်းများနှင့်ပတ်သက်၍ ဩဂုတ်လ ၈ ရက် people media ကဆက်သွယ်မေးမြန်းရာတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမျိုးညွန့်ကပြောသည်။
“အောင်စာရင်းထွက်ပြီးရင်အမှတ်စာရင်းလာထုတ်လို့မရဘူးဆိုတာမှန်ပါတယ်။ အမှတ်စာရင်းလာထုတ်ရင်လူ တွေကတစ်သိန်းလောက်လာထုတ်တာဗျ။ အဲဒီတော့တာဝန်ရှိသူက covid နဲ့ထောင်ကျသွားမှာဗျ။ မပေးဘူးဗျာ။ ဘယ်တော့လောက်ပေးမလဲဆိုတော့ covid 19 ပေါ်မှာမူတည်တယ်။ ဒီအပေါ်မှာဘဲကြည့်လုပ်နေကြတာဗျ’’ဟု ၎င်းကပြောသည်။
၂၀၂ဝ ပြည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲများကိုမတ်လ ၁၁ရက်နေ့မှ ၂၀ရက်နေ့အထိ စစ်ဆေးခဲ့ပြီး ဖြေဆိုသူ ၉၁၀၂၇၃ဦးရှိခဲ့ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသိရသည်။
ယခင် တက္ကသိုလ်ဝင်တန်းအောင်မှတ်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး လှိုင်တက္ကသိုလ်နယ်မြေဝင်း ဂိတ်ပေါက် ၁ ဝင်ပေါက်အနီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ထုတ်ပေးခဲ့သည်။
“ဘယ်အချိန် ထုတ်ပေးမယ်ဆိုတာကို ကျွန်တော်တို့ ပြန်ကြေညာပေးမယ်’’ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ မျိုးညွန့်ကပြောသည်။
#PeopleMedia