Covid -19 ေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ ႐ုပ္ရွင္ရံုမ်ား စတင္ပိတ္သိမ္း
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2020/03/90051290_1585216718301343_1256439622418825216_n-624x351.jpg)
PUBLISHED - March 16, 2020
ရန္ကုန္၊ မတ္ – ၁၆
အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါ Covid-19 ေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ ႐ုပ္ရွင္႐ုံမ်ား ယေန႔မွစတင္ကာ ပိတ္သိမ္း ေနၿပီျဖစ္ေၾကာင္း People Media မွ သတင္းစံုစမ္းရရွိသည္။
႐ုပ္ရွင္႐ုံအမ်ားစုမွာ ယေန႔စတင္ပိတ္သိမ္းေသာ္လည္း မည္သည့္အခ်ိန္တြင္ျပန္လည္ ဖြင့္လွစ္ျပသသြားမည္ကို ရက္မသတ္မွတ္ရေသးေၾကာင္းလည္းဆိုၾကသည္။ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာေရာဂါ Covid-19 ေၾကာင့္ လူစုလူေ၀းပြဲလမ္းသဘင္မ်ားက်င္းပျပဳလုပ္ျခင္းကို ရက္ေရႊ႕ဆိုင္းပိတ္သိမ္းမႈမ်ားလည္းျပဳလုပ္လ်က္ရွိကာ ႏိုင္ငံ ေတာ္သမၼတ႐ုံးမွလည္း ျမန္မာ့သႀကၤန္ပြဲေတာ္ရက္အပါအ၀င္ ပြဲလမ္းသဘင္မ်ားကို ဧၿပီလ ၃၀ ရက္အထိ က်င္း ပခြင့္မျပဳဘဲ ပိတ္ရပ္ဆိုင္းထားၾကရန္ပန္ၾကားစာတစ္ေစာင္ကို ယခုလ ၁၃ ရက္က ထုတ္ျပန္ေၾကညာခဲ့ၿပီး လို အပ္ပါက ရပ္ဆုိင္းကာလကို ထပ္မံတိုးႁမွင့္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
Covid-19 ကို ကမ႓ာလံုးဆိုင္ရာကပ္ေရာဂါအျဖစ္ ကမ႓ာက်န္းမာေရးအဖြဲ႕ WHO က ယခုလ ၁၁ ရက္က ေၾက ညာခဲ့ၿပီးေနာက္ Covid-19 ေၾကာင့္ျဖစ္ပြားသည့္ အဆုတ္ေရာင္ေရာဂါကာကြယ္၊ ကာကြယ္ထိန္းခ်ဳပ္ကုသေရး ဗဟိုေကာ္မတီကို အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီအျဖင့္ ယခုလ၁၃ရက္တြင္ တိုးႁမွင့္ဖြဲ႕စည္းခဲ့သည္။
သတင္း/ဓါတ္ပံု-ေဝျဖာေက်ာ္
(Unicode)
Covid -19 ကြောင့် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများ စတင်ပိတ်သိမ်း
……………………………………………
ရန်ကုန်၊ မတ် – ၁၆
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Covid-19 ကြောင့် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများ ယနေ့မှစတင်ကာ ပိတ်သိမ်း နေပြီဖြစ်ကြောင်း People Media မှ သတင်းစုံစမ်းရရှိသည်။
ရုပ်ရှင်ရုံအများစုမှာ ယနေ့စတင်ပိတ်သိမ်းသော်လည်း မည်သည့်အချိန်တွင်ပြန်လည် ဖွင့်လှစ်ပြသသွားမည်ကို ရက်မသတ်မှတ်ရသေးကြောင်းလည်းဆိုကြသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Covid-19 ကြောင့် လူစုလူဝေးပွဲလမ်းသဘင်များကျင်းပပြုလုပ်ခြင်းကို ရက်ရွှေ့ဆိုင်းပိတ်သိမ်းမှုများလည်းပြုလုပ်လျက်ရှိကာ နိုင်ငံ တော်သမ္မတရုံးမှလည်း မြန်မာ့သင်္ကြန်ပွဲတော်ရက်အပါအဝင် ပွဲလမ်းသဘင်များကို ဧပြီလ ၃၀ ရက်အထိ ကျင်း ပခွင့်မပြုဘဲ ပိတ်ရပ်ဆိုင်းထားကြရန်ပန်ကြားစာတစ်စောင်ကို ယခုလ ၁၃ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး လို အပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Covid-19 ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က ယခုလ ၁၁ ရက်က ကြေ ညာခဲ့ပြီးနောက် Covid-19 ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါကာကွယ်၊ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီကို အမျိုးသားအဆင့်ဗဟိုကော်မတီအဖြင့် ယခုလ၁၃ရက်တွင် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။
သတင်း/ဓါတ်ပုံ-ဝေဖြာကျော်
#PeopleMedia