Covid-19 ေၾကာင္႔ NLD အစိုးရက လူစုလူေ၀းမျပဳလုပ္ရန္ ေဒသႏၲရ ဥပေဒျဖင့္ ထိန္းခ်ဳပ္ထားေသာ္လည္း ေက်ာက္ဆည္ NLD အမတ္က လူစုလူေ၀းျဖင့္ ေက်းရြာမီးလင္းေရးျပဳလုပ္

PUBLISHED - March 28, 2020
ရန္ကုန္၊ မတ္ – ၂၈
Covid -19 ေၾကာင့္ NLD အစိုးရက လူစုလူေ၀းမျပဳလုပ္ရန္ ေဒသႏၲရဥပေဒျဖင့္ ထိန္းခ်ဳပ္ထားေသာ္လည္း ေက်ာက္ဆည္ NLD အမတ္က လူစုလူေ၀းျဖင့္ ေက်းရြာမီးလင္းေရးဖြင့္ပဲြအခမ္းအနားကို မႏၱေလးတိုင္းေဒသ ႀကီး ေက်ာက္ဆည္ခ႐ုိင္ ေက်ာက္ဆည္ၿမိဳ႕နယ္ လယ္ႀကီးအုပ္စု လယ္ႀကီးေက်းရြာတြင္ ယခုလ ၂၇ ရက္ ေသာၾကာေန႔က က်င္းပျပဳလုပ္ခဲ႔သည္။
အဆိုပါေက်းရြာမီးလင္းေရး ဖြင့္ပဲြတက္ေရာက္ခဲ႔သည္႔ ေက်ာက္္ဆည္ၿမိဳ႕တိုင္းလႊတ္ေတာ္အမတ္ ဦးရဲမင္းထြန္း ကို People Media မွ ဆက္သြယ္ေမးျမန္းခဲ႔ပါသည္။
၎ျဖစ္စဥ္အေပၚ NLD တိုင္းအမတ္ ဦးရဲမင္းဦးက “စီစဥ္တာကၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကစီစဥ္တာေပါ့။ ကၽြန္ ေတာ္တို႔ကလည္း ဘယ္သြားခ်င္ပါ့မလဲ။ ရြာကေနၿပီးေတာ့ ေဘးသူစိမ္းရြာသားေတြလည္းမဖိတ္နဲ႔ ရြာထဲသား ေတြပဲ ရြာထဲေတာင္မွ အမ်ားႀကီးမဟုတ္ဘူး။ မီးေကာ္မတီနဲ႔ နည္းနည္းေလးပဲလိုအပ္လို႔မျဖစ္မေနလုပ္ရမယ့္ ဟာေလးမို႔ လုပ္လိုက္တာပါ။ မတတ္သာလို႔လုပ္ရတာေပါ့ဗ်ာ။ ေ၀ဖန္တာေတာ့ခံရမွာေပါ့” ဟုေျပာသည္။
ျမန္မာႏိုင္ငံတြင္ COVID -19 ကာကြယ္ေရးအတြက္ လူစုလူေ၀းမျပဳလုပ္ရန္ ေဒသႏၲရဥပေဒျဖင့္ ထိန္းခ်ဳပ္ထား ခ်ိန္တြင္ NLD တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ပါ၀င္ကာ အဆိုပါ အခမ္းအနားက်င္းပျပဳလုပ္ခဲ့ ျခင္းအေပၚ လူအမ်ားေ၀ဖန္ေျပာဆိုမႈမ်ားရွိခဲ့သည္။
Photo – Credit
#PeopleMedia
(Unicode)
Covid-19 ကြောင့် NLD အစိုးရက လူစုလူဝေးမပြုလုပ်ရန် ဒေသန္တရ ဥပဒေဖြင့် ထိန်းချုပ်ထားသော်လည်း ကျောက်ဆည် NLD အမတ်က လူစုလူဝေးဖြင့် ကျေးရွာမီးလင်းရေးပြုလုပ် ………………………………………………………………………
ရန်ကုန်၊ မတ် – ၂၈
Covid -19 ကြောင့် NLD အစိုးရက လူစုလူဝေးမပြုလုပ်ရန် ဒေသန္တရဥပဒေဖြင့် ထိန်းချုပ်ထားသော်လည်း ကျောက်ဆည် NLD အမတ်က လူစုလူဝေးဖြင့် ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသ ကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် လယ်ကြီးအုပ်စု လယ်ကြီးကျေးရွာတွင် ယခုလ ၂၇ ရက် သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကျေးရွာမီးလင်းရေး ဖွင့်ပွဲတက်ရောက်ခဲ့သည့် ကျောက်ဆည်မြို့တိုင်းလွှတ်တော်အမတ် ဦးရဲမင်းထွန်း ကို People Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။
၎င်းဖြစ်စဉ်အပေါ် NLD တိုင်းအမတ် ဦးရဲမင်းဦးက “စီစဉ်တာကမြို့နယ်အုပ်ချုပ်ရေးမှူးကစီစဉ်တာပေါ့။ ကျွန် တော်တို့ကလည်း ဘယ်သွားချင်ပါ့မလဲ။ ရွာကနေပြီးတော့ ဘေးသူစိမ်းရွာသားတွေလည်းမဖိတ်နဲ့ ရွာထဲသား တွေပဲ ရွာထဲတောင်မှ အများကြီးမဟုတ်ဘူး။ မီးကော်မတီနဲ့ နည်းနည်းလေးပဲလိုအပ်လို့မဖြစ်မနေလုပ်ရမယ့် ဟာလေးမို့ လုပ်လိုက်တာပါ။ မတတ်သာလို့လုပ်ရတာပေါ့ဗျာ။ ဝေဖန်တာတော့ခံရမှာပေါ့” ဟုပြောသည်။
မြန်မာနိုင်ငံတွင် COVID -19 ကာကွယ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ဒေသန္တရဥပဒေဖြင့် ထိန်းချုပ်ထား ချိန်တွင် NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပါဝင်ကာ အဆိုပါ အခမ်းအနားကျင်းပပြုလုပ်ခဲ့ ခြင်းအပေါ် လူအများဝေဖန်ပြောဆိုမှုများရှိခဲ့သည်။
Photo – Credit