COVID-19 ၫႊန္ၾကားခ်က္လိုက္နာရန္ပ်က္ကြက္သည့္ KTV ဆိုင္ဝန္ထမ္းမ်ားႏွင့္ လာေရာက္သီဆိုသူ (၄၈)ဦးကို ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ ဖမ္းဆီး
PUBLISHED - September 4, 2020
ရန္ကုန္၊ စက္တင္ဘာ – ၄
COVID-19 ေရာဂါဆိုင္ရာ အမိန္႔ၫႊန္ၾကားခ်က္လိုက္နာရန္ပ်က္ကြက္သည့္ KTV ဆိုင္မ်ားအား အေရးယူခဲ့ရာ ႏွစ္ဆိုင္ေပါင္း လာေရာက္သီဆိုသူမ်ားႏွင့္ ဆိုင္ရွိ၀န္ထမ္းမ်ား စုစုေပါင္း ၄၈ ဦးဖမ္းဆီးရမိခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
အဆိုပါဖမ္းဆီးရမိသည့္ ဗဟန္းၿမိဳ႕နယ္၊ သာသနာ႔ရိပ္သာရပ္ကြက္၊ ဆရာစံလမ္း၊ အမွတ္(၂၄)ရွိ LAX KTV ဆိုင္ႏွင့္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၄၅)ရပ္ကြက္၊ ျပည္ေထာင္စုလမ္း၊ အမွတ္(၁၁၁/၁၁၂)ရွိ Privacy KTY ဆိုင္သို႔ စက္တင္ဘာ ၂ ရက္ေန႔တြင္ ည ၁၀ နာရီေက်ာ္အခ်ိန္ခန္႔တြင္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး ႐ုံးမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ၀င္ေရာက္စစ္ေဆးခဲ့ျခင္းျဖစ္သည္။
ဆက္လက္ၿပီး ဖမ္းဆီးစစ္ေဆးခဲ့ရာ LAX KTV ဆိုင္မွ မန္ေနဂ်ာ ေက်ာ္မ်ိဳးထြန္း၊ ဆိုင္ဝန္ထမ္း(၂)ဦး၊ အကူသီဆိုသူ အမ်ိဳးသမီး(၂)ဦး၊ လာေရာက္သီဆိုသူ အမ်ိဳးသား(၁)ဦး၊ စုစုေပါင္း(၆)ဦးႏွင့္ Privacy KTV ဆိုင္မွ မန္ေနဂ်ာတစ္ဦး၊ ဆိုင္ဝန္ထမ္းမ်ား၊ အကူသီဆိုသူအမ်ိဳးသမီးမ်ားႏွင့္ လာေရာက္သီဆိုသူမ်ား စုစုေပါင္း (၃၈)ဦးအား လည္းေကာင္း စစ္ေဆးေတြ႕ရွိခဲ့သျဖင့္ အဆိုပါ KTV ဆိုင္(၂)ဆိုင္မွ ဆိုင္ပိုင္ရွင္(၂)ဦးႏွင့္ မန္ေနဂ်ာ (၂)ဦးတို႔ကို သက္ဆိုင္ရာရဲစခန္းအသီးသီး၌ သဘာဝေဘးအႏၲရာဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ-၃၀(က)ျဖင့္ အမႈဖြင့္အေရးယူခဲ့သည္။
COVID-19 ေရာဂါ ျဖစ္ပြား ေနေသာကာလအတြင္း ေရာဂါကူးစက္မႈအား ထိန္းခ်ဳပ္တားဆီးႏိုင္ရန္အလို႔ငွာ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္လုပ္ငန္းေကာ္မတီမွ KTV / Night Club မ်ား ဖြင့္လွစ္ျခင္းမျပဳရန္ အမိန္႔ႏွင့္ၫႊန္ၾကားခ်က္အား လိုက္နာျခင္းမရွိဘဲ ဖြင့္လွစ္လုပ္ကိုင္ေနျခင္းေၾကာင့္ျဖစ္သည္။
#PeopleMedia #ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕
(unicode)
COVID-19 ညွှန်ကြားချက်လိုက်နာရန်ပျက်ကွက်သည့် KTV ဆိုင်ဝန်ထမ်းများနှင့် လာရောက်သီဆိုသူ (၄၈)ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
……………………………………………………
ရန်ကုန်၊ စက်တင်ဘာ – ၄
COVID-19 ရောဂါဆိုင်ရာ အမိန့်ညွှန်ကြားချက်လိုက်နာရန်ပျက်ကွက်သည့် KTV ဆိုင်များအား အရေးယူခဲ့ရာ နှစ်ဆိုင်ပေါင်း လာရောက်သီဆိုသူများနှင့် ဆိုင်ရှိဝန်ထမ်းများ စုစုပေါင်း ၄၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါဖမ်းဆီးရမိသည့် ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်(၂၄)ရှိ LAX KTV ဆိုင်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ်(၁၁၁/၁၁၂)ရှိ Privacy KTY ဆိုင်သို့ စက်တင်ဘာ ၂ ရက်နေ့တွင် ည ၁၀ နာရီကျော်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး ဖမ်းဆီးစစ်ဆေးခဲ့ရာ LAX KTV ဆိုင်မှ မန်နေဂျာ ကျော်မျိုးထွန်း၊ ဆိုင်ဝန်ထမ်း(၂)ဦး၊ အကူသီဆိုသူ အမျိုးသမီး(၂)ဦး၊ လာရောက်သီဆိုသူ အမျိုးသား(၁)ဦး၊ စုစုပေါင်း(၆)ဦးနှင့် Privacy KTV ဆိုင်မှ မန်နေဂျာတစ်ဦး၊ ဆိုင်ဝန်ထမ်းများ၊ အကူသီဆိုသူအမျိုးသမီးများနှင့် လာရောက်သီဆိုသူများ စုစုပေါင်း (၃၈)ဦးအား လည်းကောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အဆိုပါ KTV ဆိုင်(၂)ဆိုင်မှ ဆိုင်ပိုင်ရှင်(၂)ဦးနှင့် မန်နေဂျာ (၂)ဦးတို့ကို သက်ဆိုင်ရာရဲစခန်းအသီးသီး၌ သဘာဝဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
COVID-19 ရောဂါ ဖြစ်ပွား နေသောကာလအတွင်း ရောဂါကူးစက်မှုအား ထိန်းချုပ်တားဆီးနိုင်ရန်အလို့ငှာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်လုပ်ငန်းကော်မတီမှ KTV / Night Club များ ဖွင့်လှစ်ခြင်းမပြုရန် အမိန့်နှင့်ညွှန်ကြားချက်အား လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်လုပ်ကိုင်နေခြင်းကြောင့်ဖြစ်သည်။
#PeopleMedia #ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့