• Follow Us on

Home COVID-19 ကန္႔သတ္ခ်က္မ်ားခ်ိဳးေဖာက္သည့္ အီးယူကုန္သြယ္ေရးမဟာ မင္းႀကီး ရာထူးကႏုတ္ထြက္

COVID-19 ကန္႔သတ္ခ်က္မ်ားခ်ိဳးေဖာက္သည့္ အီးယူကုန္သြယ္ေရးမဟာ မင္းႀကီး ရာထူးကႏုတ္ထြက္

Share this post

ဘရပ္ဆဲလ္၊ ၾသဂုတ္ ၂၇

COVID-19 ၫႊန္ၾကားခ်က္မ်ားကိုခ်ိဳးေဖာက္သည္ဟု အိုင္ယာလန္အစိုးရက စြပ္စြဲၿပီးေနာက္ ဥေရာပသမဂၢ(အီးယူ)၏ကုန္သြယ္ ေရးမဟာမင္းႀကီး ဖီလ္ ဟိုဂန္ ရာထူးမွႏုတ္ထြက္ခဲ့သည္။

ဂယ္ေ၀းခ႐ိုင္တြင္ လူ ၈၀ ေက်ာ္ပါ၀င္ခဲ့သည့္ ေဂါက္႐ိုက္ပြဲအၿပီးညစာစားပြဲကို ၾသဂုတ္ ၁၉ ရက္တြင္ မစၥတာ ဟိုဂန္ တက္ေရာက္ခဲ့သည္။

ဘရပ္ဆဲလ္ၿမိဳ႕မွ အိုင္ယာလန္ႏိုင္ငံသို႔ေရာက္ခ်ိန္တြင္ အသြားအလာကန္႔သတ္မႈစည္းကမ္းမ်ားမလိုက္နာျခင္းအတြက္လည္း သူ႔ကို ေ၀ဖန္ေနၾကသည္။

မည္သည္ဥပေဒကိုမွ်ခ်ိဳးေဖာက္ခဲ့ေၾကာင္း မစၥတာ ဟိုဂန္ ကေျပာေသာ္လည္း COVID-19 စည္းမ်ဥ္းမ်ားကိုလိုက္နာရာတြင္ ပိုမိုတိက်ခဲ့သင့္သည္ဟုေျပာသည္။

ႏုတ္ထြက္စာတြင္ အိုင္ယာလန္ႏိုင္ငံခရီးစဥ္သည္ စိုးရိမ္မႈ၊ မသက္မသာျဖစ္မႈ၊ စိတ္ပ်က္ေစမႈမ်ား႐ွိခဲ့သျဖင့္ ေနာင္တရမိသည္ဟုလည္း ေျပာသည္။

“ကၽြန္ေတာ့္ခရီးစဥ္မွာလုပ္ခဲ့မိတဲ့အမွားေတြေၾကာင့္ စိတ္ရင္းအမွန္နဲ႔ေတာင္းပန္ပါတယ္လို႔ ကၽြန္ေတာ္ထပ္ေျပာလိုပါတယ္။” ဟုလည္း ထပ္ေျပာသည္။

အိုင္ယာလန္လႊတ္ေတာ္အဖြဲ႔အစည္းေဂါက္႐ိုက္အခမ္းအနားသို႔သြားခဲ့သည့္ ဟိုဂန္၏အိုင္ယာလန္ခရီးစဥ္အေၾကာင္း ဥေရာပေကာ္မ႐ွင္ဥကၠ႒ အာဆူလာ ဗြန္ ဒါ လီယန္ထံ အဂၤါေန႔တြင္ အေသးစိတ္အခ်က္အလက္မ်ားတင္ျပခဲ့သည္။

Ref : EU trade commissioner Phil Hogan resigns over ‘Covid breach’

#PeopleMedia

(unicode)
COVID-19 ကန့်သတ်ချက်များချိုးဖောက်သည့် အီးယူကုန်သွယ်ရေးမဟာ မင်းကြီး ရာထူးကနုတ်ထွက်
……………………………………………………

ဘရပ်ဆဲလ်၊ ဩဂုတ် ၂၇

COVID-19 ညွှန်ကြားချက်များကိုချိုးဖောက်သည်ဟု အိုင်ယာလန်အစိုးရက စွပ်စွဲပြီးနောက် ဥရောပသမဂ္ဂ(အီးယူ)၏ကုန်သွယ် ရေးမဟာမင်းကြီး ဖီလ် ဟိုဂန် ရာထူးမှနုတ်ထွက်ခဲ့သည်။

ဂယ်ဝေးခရိုင်တွင် လူ ၈၀ ကျော်ပါဝင်ခဲ့သည့် ဂေါက်ရိုက်ပွဲအပြီးညစာစားပွဲကို ဩဂုတ် ၁၉ ရက်တွင် မစ္စတာ ဟိုဂန် တက်ရောက်ခဲ့သည်။

ဘရပ်ဆဲလ်မြို့မှ အိုင်ယာလန်နိုင်ငံသို့ရောက်ချိန်တွင် အသွားအလာကန့်သတ်မှုစည်းကမ်းများမလိုက်နာခြင်းအတွက်လည်း သူ့ကို ဝေဖန်နေကြသည်။

မည်သည်ဥပဒေကိုမျှချိုးဖောက်ခဲ့ကြောင်း မစ္စတာ ဟိုဂန် ကပြောသော်လည်း COVID-19 စည်းမျဉ်းများကိုလိုက်နာရာတွင် ပိုမိုတိကျခဲ့သင့်သည်ဟုပြောသည်။

နုတ်ထွက်စာတွင် အိုင်ယာလန်နိုင်ငံခရီးစဉ်သည် စိုးရိမ်မှု၊ မသက်မသာဖြစ်မှု၊ စိတ်ပျက်စေမှုများရှိခဲ့သဖြင့် နောင်တရမိသည်ဟုလည်း ပြောသည်။

“ကျွန်တော့်ခရီးစဉ်မှာလုပ်ခဲ့မိတဲ့အမှားတွေကြောင့် စိတ်ရင်းအမှန်နဲ့တောင်းပန်ပါတယ်လို့ ကျွန်တော်ထပ်ပြောလိုပါတယ်။” ဟုလည်း ထပ်ပြောသည်။

အိုင်ယာလန်လွှတ်တော်အဖွဲ့အစည်းဂေါက်ရိုက်အခမ်းအနားသို့သွားခဲ့သည့် ဟိုဂန်၏အိုင်ယာလန်ခရီးစဉ်အကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လီယန်ထံ အင်္ဂါနေ့တွင် အသေးစိတ်အချက်အလက်များတင်ပြခဲ့သည်။

Ref : EU trade commissioner Phil Hogan resigns over ‘Covid breach’

#PeopleMedia


Share this post