• Follow Us on
Latest News

Home COVID-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန် တပ်မတော်က ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင် ထည့်ဝင်လှူဒါန်း

COVID-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန် တပ်မတော်က ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင် ထည့်ဝင်လှူဒါန်း

Share this post

နေပြည်တော်၊ ဇန်နဝါရီ – ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသည် COVID-19 ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေး အတွက် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင်ဖွဲ့စည်းထားပြီး ၎င်းဆပ်ကော်မတီမှ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင်ဖွင့်လှစ်ကာ လှူဒါန်းလိုသူများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်းအသိပေး ကြေညာလျက်ရှိရာ ယနေ့တွင် COVID-19 ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အတွက် ငွေကျပ်သန်းတစ်ထောင်ကို တပ်မတော်က ပထမအကြိမ်အဖြစ် ပါဝင်လှူဒါန်းခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၏ တစ်လစာလစာငွေများ၊ တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်များနှင့် အရပ်သားအစား ခန့်ဝန်ထမ်းများ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများ ကို ၂၀၂၀ပြည့်နှစ်ဧပြီလတွင် ပထမအကြိမ်အဖြစ် လည်းကောင်း၊ တပ်မတော်အရာရှိကြီးများ၏ တစ်လစာ လစာငွေ၏ ၂၅ ရာခိုင်နှုန်းနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သားအစားခန့် ဝန်ထမ်းများ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို ၂၀၂၀ ပြည့်နှစ် မေလတွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း စုစုပေါင်းငွေကျပ် ၄.၄ ဘီလီယံကျော်အား စုပေါင်းပါဝင်လှူဒါန်းခဲ့ကြပြီး စုပေါင်းလှူဒါန်းငွေများဖြင့် ဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းများကို ဝယ်ယူ၍ ဆေးရုံများ၊ လူမှုအဖွဲ့အစည်းများ၊ တပ်မတော်က စီစဉ်ထားသော သီးခြား စောင့်ကြည့်သူများ ထားရှိရန်နေရာများနှင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာများ ထားရှိရန်နေရာများသို့ ပေးအပ်လှူဒါန်းခဲ့သည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ နိုင်ငံအတွက် လိုအပ်လျက်ရှိသော COVID-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ်သန်းတစ်ထောင်ကို ပထမအကြိမ်အဖြစ် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေသို့ ထည့်ဝင်လှူဒါန်း ခဲ့ကြောင်းနှင့် လိုအပ်ချက်အရ ဆက်လက်ထည့်ဝင် လှူဒါန်းသွားမည်ဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

#PeopleMedia #တပ်မတော်

(unicode)
……………………………







Share this post