• Follow Us on

Home COVID-19 ကပ္ေရာဂါေၾကာင့္ ေစ်းဆိုင္မ်ား ပိတ္ထား၍ အခက္အခဲျဖစ္ေနေသာ ခရီးသြားမ်ားအတြက္ ထမင္းဘူးမ်ား အခမဲ့လွူဒါန္းေပး

COVID-19 ကပ္ေရာဂါေၾကာင့္ ေစ်းဆိုင္မ်ား ပိတ္ထား၍ အခက္အခဲျဖစ္ေနေသာ ခရီးသြားမ်ားအတြက္ ထမင္းဘူးမ်ား အခမဲ့လွူဒါန္းေပး

Share this post

အင္းေတာ္ႀကီး၊ ဧၿပီ ၂၇

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ့နယ္၊ အင္းေတာ္ႀကီးေဒသ၊ အင္းေတာ္ႀကီးၿမိဳ့တြင္ အလွူရွင္တစ္ဦးမွ ေမွာ္ေဒသမ်ားမွ ျပန္လာသူ ခရီးသြားမ်ားအတြက္ ထမင္းဘူးမ်ားအခမဲ့ လွူဒါန္းေပးလ်က္ရွိေၾကာင္း အလွူရွင္ထံမွ သိရသည္။

covid-19 ကပ္ေရာဂါေၾကာင့္ ထမင္းဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ားကို ဆိုင္ထိုင္စားခြင့္မျပဳပဲ ပါဆယ္ စနစ္ျဖင့္သာေရာင္းခ်ရန္ ခြင့္ျပဳထားေသာ္လည္း
ေငြစကၠဴမွတစ္ဆင့္ ထိေတြ႕ကူးစက္နိုင္ၿပီး လူခ်င္း ထိေတြ႕မွုမွတစ္ဆင့္လည္း ကူးစက္နိုင္သည္ဆိုေသာေၾကာင့္ လမ္းခရီးတစ္ေလၽွာက္ရွိ ထမင္းဆိုင္မ်ား ပိတ္ထားၾကေၾကာင္း သိရသည္။

“ပိုက္ဆံပါေပမဲ့ ထမင္းဝယ္စားလို့မရပဲ ဗိုက္ဆာေနတဲ့ ခရီးသည္ေတြေရာ အဆင္မေျပၾကတဲ့ ခရီးသည္ေတြအားလုံးအတြက္ကိုေရာ ထမင္းဘူးေလးေတြကို ကိုယ္တိုင္ယူစနစ္နဲ႔ ကၽြန္မရဲ့ဆိုင္ေရွ႕မွာ ဝင္ယူသြားနိုင္ပါတယ္၊ အားမနာပါနဲ႔၊ မရွက္ၾကပါနဲ႔”ဟု အလွူရွင္ မအိအိေခ်ာက ေျပာသည္။

Covid-19 ေၾကာင့္ ေနထိုင္ၾကရန္အခက္အခဲျဖစ္ၿပီး ဖားကန္႔၊ ဆိုင္းေတာင္၊ ေဝွခါ၊ ခႏၲီး စသည့္ေမွာ္မ်ားမွ ျပန္လာၾကသူမ်ား၊ ကားသမား၊ ကားေနာက္လိုက္တို့ႏွင့္ ထမင္းဆိုင္ စားေသာက္ဆိုင္မ်ား ပိတ္ထားၾက၍ ဗိုက္ဆာေနၾကေသာ ခရီးသည္မွန္သမၽွတို့အတြက္ ထမင္းဘူး ဒါနလုပ္‌ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

“ေက်ာက္ေမွာ္မွာလည္း အခု အဆင္မေျပဘူး။ အိမ္ကလည္း ဖုန္းဆက္ၿပီးေခၚေနေတာ့ ျပန္လာတယ္။ မေန႔ည ကတည္းက မစားရေသးဘူး။ ဒီမနက္လည္း လမ္းမွာ ဘာဆိုင္မွ မေတြ႕ဘူး။ ဆိုင္ေတြပိတ္ထားၾကတယ္။ ေအာက္ပိုင္းနယ္အထိ ျပန္ရမွာဆိုေတာ့ အခုလိုထမင္းဘူး အခမဲ့ လွူဒါန္းေပးတဲ့အလွူရွင္လည္း က်န္းမာခ်မ္းသာလို့ စီးပြားလာဒ္လာဘမ်ား တိုးတက္ပါေစ။ ေက်းဇူးလည္းတင္ပါတယ္”ဟု ခရီးသြားတစ္ဦးမွ ဆုမြန္ေကာင္း ေတာင္းေပးခဲ့သည္။

အဆိုပါလွူဒါန္းျခင္းကို အခက္အခဲကာလမွာ လုံးတုံဂိတ္ (အင္းေတာ္ႀကီးၿမိဳ့) တည္းခိုရပ္သာေဆာင္အေရွ႕ မအိအိေခ်ာ ( Ei EiChaw) ထမင္းဆိုင္ေလးတြင္ လွူဒါန္းေနျခင္းျဖစ္သည္။

“တတ္နိူင္သေလာက္လုပ္ၿပီး အလွူမခံေပမယ့္
အခုဆို ကၽြန္မရဲ့အလွူမွာ ပူးေပါင္းပါဝင္လွူဒါန္းသူ တစ္ခ်ိဳ့လည္း ရွိေနၿပီျဖစ္တယ္။ ကုသိုလ္ပါဝင္သူေတြ ေငြေတာ့ လက္မခံျဖစ္ဘူး။ ဆန္၊ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္ စတဲ့ ဟင္းလ်ာပစၥည္းေတြကိုေတာ့ ဘယ္သူမဆို ပူးေပါင္းပါဝင္လွူဒါန္းနိုင္တယ္။ တစ္ရက္ကို ထမင္းဘူး ၅၀ ေက်ာ္ေလာက္ လွူျဖစ္ပါတယ္ Covid-19 ေရာဂါဆိုးႀကီး ေပ်ာက္တဲ့အထိ ထမင္းဘူးေတြကို တတ္နိုင္သေလာက္ အခမဲ့လွူဒါန္းသြားမွာပါ”ဟု အလွူရွင္ မအိအိေခ်ာက ေျပာသည္။

အဆိုပါလွူဒါန္းျခင္းကို ဧၿပီလ ၂၂ ရက္ေန႔မွစ၍ အခမဲ့ လွူဒါန္းေပးခဲ့ၿပီး ယေန႔ ဧၿပီလ ၂၇ ေန႔ဆိုလ်င္ လွူဒါန္းမွု၏ ၆ ရက္ေျမာက္ေန႔ျဖစ္ေၾကာင္း သိရသည္။

ေနၾကာ

#PeopleMedia #အင္းေတာ္ႀကီး #မိုးညႇင္း

(unicode)
COVID-19 ကပ်ရောဂါကြောင့် ဈေးဆိုင်များ ပိတ်ထား၍ အခက်အခဲဖြစ်နေသော ခရီးသွားများအတွက် ထမင်းဘူးများ အခမဲ့လှူဒါန်းပေး
…………………………………………………………………………………..

အင်းတော်ကြီး၊ ဧပြီ ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ အင်းတော်ကြီးမြို့တွင် အလှူရှင်တစ်ဦးမှ မှော်ဒေသများမှ ပြန်လာသူ ခရီးသွားများအတွက် ထမင်းဘူးများအခမဲ့ လှူဒါန်းပေးလျက်ရှိကြောင်း အလှူရှင်ထံမှ သိရသည်။

covid-19 ကပ်ရောဂါကြောင့် ထမင်းဆိုင်များ၊ စားသောက်ဆိုင်များကို ဆိုင်ထိုင်စားခွင့်မပြုပဲ ပါဆယ် စနစ်ဖြင့်သာရောင်းချရန် ခွင့်ပြုထားသော်လည်း
ငွေစက္ကူမှတစ်ဆင့် ထိတွေ့ကူးစက်နိုင်ပြီး လူချင်း ထိတွေ့မှုမှတစ်ဆင့်လည်း ကူးစက်နိုင်သည်ဆိုသောကြောင့် လမ်းခရီးတစ်လျှောက်ရှိ ထမင်းဆိုင်များ ပိတ်ထားကြကြောင်း သိရသည်။

“ပိုက်ဆံပါပေမဲ့ ထမင်းဝယ်စားလို့မရပဲ ဗိုက်ဆာနေတဲ့ ခရီးသည်တွေရော အဆင်မပြေကြတဲ့ ခရီးသည်တွေအားလုံးအတွက်ကိုရော ထမင်းဘူးလေးတွေကို ကိုယ်တိုင်ယူစနစ်နဲ့ ကျွန်မရဲ့ဆိုင်ရှေ့မှာ ဝင်ယူသွားနိုင်ပါတယ်၊ အားမနာပါနဲ့၊ မရှက်ကြပါနဲ့”ဟု အလှူရှင် မအိအိချောက ပြောသည်။

Covid-19 ကြောင့် နေထိုင်ကြရန်အခက်အခဲဖြစ်ပြီး ဖားကန့်၊ ဆိုင်းတောင်၊ ဝှေခါ၊ ခန္တီး စသည့်မှော်များမှ ပြန်လာကြသူများ၊ ကားသမား၊ ကားနောက်လိုက်တို့နှင့် ထမင်းဆိုင် စားသောက်ဆိုင်များ ပိတ်ထားကြ၍ ဗိုက်ဆာနေကြသော ခရီးသည်မှန်သမျှတို့အတွက် ထမင်းဘူး ဒါနလုပ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျောက်မှော်မှာလည်း အခု အဆင်မပြေဘူး။ အိမ်ကလည်း ဖုန်းဆက်ပြီးခေါ်နေတော့ ပြန်လာတယ်။ မနေ့ည ကတည်းက မစားရသေးဘူး။ ဒီမနက်လည်း လမ်းမှာ ဘာဆိုင်မှ မတွေ့ဘူး။ ဆိုင်တွေပိတ်ထားကြတယ်။ အောက်ပိုင်းနယ်အထိ ပြန်ရမှာဆိုတော့ အခုလိုထမင်းဘူး အခမဲ့ လှူဒါန်းပေးတဲ့အလှူရှင်လည်း ကျန်းမာချမ်းသာလို့ စီးပွားလာဒ်လာဘများ တိုးတက်ပါစေ။ ကျေးဇူးလည်းတင်ပါတယ်”ဟု ခရီးသွားတစ်ဦးမှ ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

အဆိုပါလှူဒါန်းခြင်းကို အခက်အခဲကာလမှာ လုံးတုံဂိတ် (အင်းတော်ကြီးမြို့) တည်းခိုရပ်သာဆောင်အရှေ့ မအိအိချော ( Ei EiChaw) ထမင်းဆိုင်လေးတွင် လှူဒါန်းနေခြင်းဖြစ်သည်။

“တတ်နိုင်သလောက်လုပ်ပြီး အလှူမခံပေမယ့်
အခုဆို ကျွန်မရဲ့အလှူမှာ ပူးပေါင်းပါဝင်လှူဒါန်းသူ တစ်ချို့လည်း ရှိနေပြီဖြစ်တယ်။ ကုသိုလ်ပါဝင်သူတွေ ငွေတော့ လက်မခံဖြစ်ဘူး။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတဲ့ ဟင်းလျာပစ္စည်းတွေကိုတော့ ဘယ်သူမဆို ပူးပေါင်းပါဝင်လှူဒါန်းနိုင်တယ်။ တစ်ရက်ကို ထမင်းဘူး ၅၀ ကျော်လောက် လှူဖြစ်ပါတယ် Covid-19 ရောဂါဆိုးကြီး ပျောက်တဲ့အထိ ထမင်းဘူးတွေကို တတ်နိုင်သလောက် အခမဲ့လှူဒါန်းသွားမှာပါ”ဟု အလှူရှင် မအိအိချောက ပြောသည်။

အဆိုပါလှူဒါန်းခြင်းကို ဧပြီလ ၂၂ ရက်နေ့မှစ၍ အခမဲ့ လှူဒါန်းပေးခဲ့ပြီး ယနေ့ ဧပြီလ ၂၇ နေ့ဆိုလျင် လှူဒါန်းမှု၏ ၆ ရက်မြောက်နေ့ဖြစ်ကြောင်း သိရသည်။

နေကြာ

#PeopleMedia #အင်းတော်ကြီး #မိုးညှင်း


Share this post