• Follow Us on

Home COVID-19 ကပ္ေရာဂါ႐ွိေနေသာ္လည္း ဘဂၤလားေဒ့႐ွ္တြင္ ႏ်ဴကလီး ယားဓာတ္အားေပးစက္႐ံုအျမန္ၿပီးစီးရန္ ႐ွိေန

COVID-19 ကပ္ေရာဂါ႐ွိေနေသာ္လည္း ဘဂၤလားေဒ့႐ွ္တြင္ ႏ်ဴကလီး ယားဓာတ္အားေပးစက္႐ံုအျမန္ၿပီးစီးရန္ ႐ွိေန

Share this post

ဒါကာ၊ ဇူလိုင္ ၁၃

ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မဟာစီမံကိန္းမ်ားရပ္နားထားေသာ္လည္း Rooppur ႏ်ဴကလီး ယားဓာတ္အားေပးစက္႐ံုစီမံကိန္း ၃၀ ရာခိုင္ႏႈန္းၿပီးဆံုးသြားၿပီျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘး႐ွိေနေသာ္လည္း အေမရိကန္ေဒၚလာသန္း ၁၂၆၅၀ တန္စီမံကိန္းကို သတ္မွတ္ေန႔ မတိုင္ခင္ၿပီးဆံုးရန္ႏွင့္ ၂၀၂၃ ခုႏွစ္တြင္ ႏိုင္ငံ၏ပင္မဓာတ္အားလိုင္းသို႔ စြမ္းအင္ျဖည့္ဆည္းေပးႏိုင္ရန္ ဘဂၤ လားေဒ့႐ွ္အစိုးရက ႏိုင္ငံျခားသားလုပ္သားအင္အားတိုးႁမွင့္ခန္႔ထားေနသည္။

၂၀၁၇ ခုႏွစ္တြင္ ၀န္ႀကီးခ်ဳပ္ရွိတ္ဟာစီနာက ထိုစီမံကိန္းကို စတင္ဖြင့္လွစ္ေပးခဲ့ၿပီး အဓိကတည္ေဆာက္ေရး လုပ္ငန္းမ်ားကို ႐ုရွားႏိုင္ငံပိုင္ Rosatom ကုမၸဏီ၏ Atomstroyexport JSC အင္ဂ်င္နီယာကုမၸဏီက တည္ ေဆာက္ေပးေနသည့္စီမံကိန္းကို ၆၈ လအတြင္း အၿပီးသတ္ရန္ရည္မွန္းထားသည္။

ဘဂၤလားေဒ့႐ွ္အစိုးအစီအစဥ္အရ ၂၀၂၃ ခုႏွစ္ ႏွစ္လည္တြင္ ပထမဆံုးယူနစ္မွ လွ်ပ္စစ္ဓါတ္အား ၁၂၀၀ မဂၢါဝပ္ကို ပင္မဓာတ္အားလိုင္းအတြင္းျဖန္႔ခ်ိႏိုင္ရန္ျဖစ္ၿပီး ၂၀၂၄ ခုႏွစ္တြင္ ဒုတိယယူနစ္မွ လွ်ပ္စစ္ဓါတ္ အားထုတ္ယူမည္ျဖစ္သည္။

ယူနစ္ ၂ ခုပါေသာ အဆိုပါမဟာစီမံကိန္းကို ၁၀၆၂ ဧက က်ယ္၀န္းေသာေျမေပၚတြင္ ရုရွားလူမ်ိဳး ၁၈၀၀ အပါအ၀င္ ႏိုင္ငံျခားလုပ္သားအင္အား ၈၀၀၀ ျဖင့္တည္ေဆာက္ေနၾကသည္။

မတ္လ ၂၆ ရက္တြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၌ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါစတင္ျဖစ္ပြားသျဖင့္ ေရာဂါမျပန္႔ပြားေရး တားဆီးပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့ၿပီး ႐ုရွားကၽြမ္းက်င္သူ ၈၇ ေယာက္ျပန္သြားေသာ္လည္း ေနာက္ထပ္ အေယာက္ ၅၇၀ ထပ္မံေရာက္လာသည္။
တည္ေဆာက္ေရးလုပ္ငန္းအတြက္ ဂ်ာမနီကၽြမ္းက်င္သူ ၁၁ ေယာက္၊ အိႏၵိယကၽြမ္းက်င္သူ ၈၁ ေယာက္ႏွင့္ ႐ုရွားကၽြမ္းက်င္သူ အေယာက္ ၇၅၀ ခန႔္လည္း ယခုလတြင္စတင္ေရာက္ရွိၾကမည္ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ပက္ဒမာတံတားစီမံကိန္း၊ ဒါကာၿမိဳ႕ေတာ္ေျမေအာက္မီးရထားလမ္းႏွင့္ ကာနာပူလီဥမင္ တည္ေဆာက္ေရးစသည့္ ဖြံ႔ၿဖိဳးတိုးတက္မႈဆိုင္ရာစီမံကိန္းလုပ္ငန္းမ်ား ေႏွာင့္ေႏွးေနေသာ္လည္း Rooppur စီမံ ကိန္းကိုမူ ဘဂၤလားေဒ့႐ွ္က်န္းမာေရး၀န္ႀကီးဌာန၏ ကူးစက္ေရာဂါတားဆီးကာကြယ္ေရးလမ္းၫႊန္ခ်က္မ်ားႏွင့္ အညီ အရွိန္အဟုန္မပ်က္ ဆက္လက္ေဆာင္႐ြက္ေနသည္။

Ref : Rooppur nuclear power plant on ‘fast track’ despite pandemic

#PeopleMedia

(unicode)
COVID-19 ကပ်ရောဂါရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ်တွင် နျူကလီး ယားဓာတ်အားပေးစက်ရုံအမြန်ပြီးစီးရန် ရှိနေ
………………………………………………………

ဒါကာ၊ ဇူလိုင် ၁၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟာစီမံကိန်းများရပ်နားထားသော်လည်း Rooppur နျူကလီး ယားဓာတ်အားပေးစက်ရုံစီမံကိန်း ၃၀ ရာခိုင်နှုန်းပြီးဆုံးသွားပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးရှိနေသော်လည်း အမေရိကန်ဒေါ်လာသန်း ၁၂၆၅၀ တန်စီမံကိန်းကို သတ်မှတ်နေ့ မတိုင်ခင်ပြီးဆုံးရန်နှင့် ၂၀၂၃ ခုနှစ်တွင် နိုင်ငံ၏ပင်မဓာတ်အားလိုင်းသို့ စွမ်းအင်ဖြည့်ဆည်းပေးနိုင်ရန် ဘင်္ဂ လားဒေ့ရှ်အစိုးရက နိုင်ငံခြားသားလုပ်သားအင်အားတိုးမြှင့်ခန့်ထားနေသည်။

၂၀၁၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရှိတ်ဟာစီနာက ထိုစီမံကိန်းကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး အဓိကတည်ဆောက်ရေး လုပ်ငန်းများကို ရုရှားနိုင်ငံပိုင် Rosatom ကုမ္ပဏီ၏ Atomstroyexport JSC အင်ဂျင်နီယာကုမ္ပဏီက တည် ဆောက်ပေးနေသည့်စီမံကိန်းကို ၆၈ လအတွင်း အပြီးသတ်ရန်ရည်မှန်းထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးအစီအစဉ်အရ ၂၀၂၃ ခုနှစ် နှစ်လည်တွင် ပထမဆုံးယူနစ်မှ လျှပ်စစ်ဓါတ်အား ၁၂၀၀ မဂ္ဂါဝပ်ကို ပင်မဓာတ်အားလိုင်းအတွင်းဖြန့်ချိနိုင်ရန်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ဒုတိယယူနစ်မှ လျှပ်စစ်ဓါတ် အားထုတ်ယူမည်ဖြစ်သည်။

ယူနစ် ၂ ခုပါသော အဆိုပါမဟာစီမံကိန်းကို ၁၀၆၂ ဧက ကျယ်ဝန်းသောမြေပေါ်တွင် ရုရှားလူမျိုး ၁၈၀၀ အပါအဝင် နိုင်ငံခြားလုပ်သားအင်အား ၈၀၀၀ ဖြင့်တည်ဆောက်နေကြသည်။

မတ်လ ၂၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါစတင်ဖြစ်ပွားသဖြင့် ရောဂါမပြန့်ပွားရေး တားဆီးပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ရုရှားကျွမ်းကျင်သူ ၈၇ ယောက်ပြန်သွားသော်လည်း နောက်ထပ် အယောက် ၅၇၀ ထပ်မံရောက်လာသည်။
တည်ဆောက်ရေးလုပ်ငန်းအတွက် ဂျာမနီကျွမ်းကျင်သူ ၁၁ ယောက်၊ အိန္ဒိယကျွမ်းကျင်သူ ၈၁ ယောက်နှင့် ရုရှားကျွမ်းကျင်သူ အယောက် ၇၅၀ ခန့်လည်း ယခုလတွင်စတင်ရောက်ရှိကြမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပက်ဒမာတံတားစီမံကိန်း၊ ဒါကာမြို့တော်မြေအောက်မီးရထားလမ်းနှင့် ကာနာပူလီဥမင် တည်ဆောက်ရေးစသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်းလုပ်ငန်းများ နှောင့်နှေးနေသော်လည်း Rooppur စီမံ ကိန်းကိုမူ ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာန၏ ကူးစက်ရောဂါတားဆီးကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နေသည်။

Ref : Rooppur nuclear power plant on ‘fast track’ despite pandemic

#PeopleMedia


Share this post