• Follow Us on

Home COVID-19 ကာကြယ္ေဆးကို လူဆင္းရဲမ်ားပထမဆံုးရသင့္ေၾကာင္း ပုပ္ရဟန္းမင္းႀကီးဖရန္စစ္မိန္႔ၾကား

COVID-19 ကာကြယ္ေဆးကို လူဆင္းရဲမ်ားပထမဆံုးရသင့္ေၾကာင္း ပုပ္ရဟန္းမင္းႀကီးဖရန္စစ္မိန္႔ၾကား

Share this post

ဗာတီကန္စီးတီး၊ စက္တင္ဘာ ၂၆
 
လူ႔အသိုက္အ၀န္း၏ဆင္းရဲၿပီး အထိခိုက္အလြယ္ဆံုးမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအဆင္သင့္ ျဖစ္ပါက ဦးစားေပးအသံုးျပဳခိုင္းသင့္ေၾကာင္း ပုပ္ရဟန္းမင္းႀကီးဖရန္စစ္က ေသာၾကာေန႔တြင္ ကုလသမဂၢအဖြဲ႔ကိုေျပာသည္။
 
ကမာၻ႔ကပ္ေရာဂါသည္ ျပည္သူ႔က်န္းမာေရးကိုအဆင့္ျမွင့္တင္ရန္ႏွင့္ ကာကြယ္ေဆးမ်ားရႏိုင္ေရး ခ်က္ခ်င္းေဆာင္႐ြက္ရန္လိုအပ္ေနေၾကာင္း ကုလသမဂၢအေထြေထြညီလာခံသို႔ ႐ုပ္သံမိန္႔ခြန္းေျပာရာတြင္ ထည့္သြင္းမိန္႔ၾကားျခင္းျဖစ္သည္။
 
“ဦးစားေပးကုသမႈခံရမယ္ဆိုရင္ အဆင္းရဲဆံုး၊ အထိခိုက္လြယ္ဆံုး၊ မၾကာခဏခြဲျခားဆက္ခံခံရတဲ့လူေတြကို ေပးလိုက္ပါ။ အာဏာေရာ စီးပြားေရးေရာေကာင္းေကာင္းမ႐ွိလို႔ သူတို႔ကိုေပးခိုင္းတာပါ”ဟုလည္း မိန္႔ၾကားသည္။
 
ခ်မ္းသာေသာႏုိင္ငံမ်ားအေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အပိုင္မစီးထားသင့္ေၾကာင္း၊ ဖြံ႔ၿဖိဳးဆဲ ႏိုင္ငံမ်ားႏွင့္ကာကြယ္ေဆးမ်ားေ၀မွ်ရန္ ကမာၻ႔သေဘာတူစာခ်ဳပ္တြင္ပါ၀င္ေရးႏိုင္ငံမ်ားကိုတိုက္တြန္းလွ်က္ ကာကြယ္ေဆးကိုတစ္ႏိုင္ငံတည္းကသံုးမည့္လုပ္ရပ္မ်ိဳးကိုဆန္႔က်င္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔က သတိေပးသည္ဟုလည္းမိန္႔သည္။
 
ကာကြယ္ေဆးအမ်ိဳး ၁၅၀ ေက်ာ္ထုတ္လုပ္ေနၿပီး ႏွစ္ဒါဇင္ေက်ာ္ကို လူသားမ်ားတြင္စမ္းသပ္ေနသည့္အျပင္ လက္တဆုပ္စာေဆးမ်ား ေနာက္ဆံုးအဆင့္စမ္းသပ္မႈေရာက္႐ွိေနသည္။
 
Ref : Poor should get COVID-19 vaccine first, Pope Francis says
 
#PeopleMedia
 
(Unicode)
COVID-19 ကာကွယ်ဆေးကို လူဆင်းရဲများပထမဆုံးရသင့်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား
…………………………………………………
 
ဗာတီကန်စီးတီး၊ စက်တင်ဘာ ၂၆
 
လူ့အသိုက်အဝန်း၏ဆင်းရဲပြီး အထိခိုက်အလွယ်ဆုံးများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအဆင်သင့် ဖြစ်ပါက ဦးစားပေးအသုံးပြုခိုင်းသင့်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က သောကြာနေ့တွင် ကုလသမဂ္ဂအဖွဲ့ကိုပြောသည်။
 
ကမ္ဘာ့ကပ်ရောဂါသည် ပြည်သူ့ကျန်းမာရေးကိုအဆင့်မြှင့်တင်ရန်နှင့် ကာကွယ်ဆေးများရနိုင်ရေး ချက်ချင်းဆောင်ရွက်ရန်လိုအပ်နေကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံသို့ ရုပ်သံမိန့်ခွန်းပြောရာတွင် ထည့်သွင်းမိန့်ကြားခြင်းဖြစ်သည်။
 
“ဦးစားပေးကုသမှုခံရမယ်ဆိုရင် အဆင်းရဲဆုံး၊ အထိခိုက်လွယ်ဆုံး၊ မကြာခဏခွဲခြားဆက်ခံခံရတဲ့လူတွေကို ပေးလိုက်ပါ။ အာဏာရော စီးပွားရေးရောကောင်းကောင်းမရှိလို့ သူတို့ကိုပေးခိုင်းတာပါ”ဟုလည်း မိန့်ကြားသည်။
 
ချမ်းသာသောနိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အပိုင်မစီးထားသင့်ကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့်ကာကွယ်ဆေးများဝေမျှရန် ကမ္ဘာ့သဘောတူစာချုပ်တွင်ပါဝင်ရေးနိုင်ငံများကိုတိုက်တွန်းလျှက် ကာကွယ်ဆေးကိုတစ်နိုင်ငံတည်းကသုံးမည့်လုပ်ရပ်မျိုးကိုဆန့်ကျင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးသည်ဟုလည်းမိန့်သည်။
 
ကာကွယ်ဆေးအမျိုး ၁၅၀ ကျော်ထုတ်လုပ်နေပြီး နှစ်ဒါဇင်ကျော်ကို လူသားများတွင်စမ်းသပ်နေသည့်အပြင် လက်တဆုပ်စာဆေးများ နောက်ဆုံးအဆင့်စမ်းသပ်မှုရောက်ရှိနေသည်။
 
Ref : Poor should get COVID-19 vaccine first, Pope Francis says
 
#PeopleMedia

Share this post