• Follow Us on

Home COVID-19 ကာကြယ္ေဆးစမ္းသပ္မႈမ်ားက လူ႔အသက္ကယ္တင္ႏိုင္ေၾကာင္း သက္ေသျပထားျခင္းမ႐ွိဟုဆို

COVID-19 ကာကြယ္ေဆးစမ္းသပ္မႈမ်ားက လူ႔အသက္ကယ္တင္ႏိုင္ေၾကာင္း သက္ေသျပထားျခင္းမ႐ွိဟုဆို

Share this post

ပဲရစ္၊ ေအာက္တိုဘာ ၂၂

လက္႐ွိစမ္းသပ္ေနသည့္ COVID-19 ကာကြယ္ေဆးမ်ားသည္ ေရာဂါမျပင္းထန္သည့္ကူးစက္မႈအမ်ားစုကို တြက္ခ်က္ထားျခင္းျဖစ္ၿပီး လူ႕အသက္ကိုကယ္တင္ႏိုင္ေၾကာင္းသက္ေသျပရန္ႏွင့္ အထိခိုက္ႏိုင္ဆံုးလူမ်ားကို ကယ္ဆယ္ရန္စီစဥ္ထားျခင္းမဟုတ္ေၾကာင္း ထိပ္တန္းျပည္သူ႔က်န္းမာေရးကၽြမ္းက်င္သူက ဗုဒၶဟူးေန႔တြင္ ေျပာသည္။

စမ္းသပ္ကုသမႈေနသည့္ကာကြယ္ေဆး ၄၂ မ်ိဳး႐ွိေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔(WHO)က အသိအမွတ္ ျပဳထားၿပီး ၁၀ မ်ိဳးသည္ အဆင့္ ၃ လူအမ်ားအျပားတြင္စမ္းသပ္သည့္အဆင့္ေရာက္႐ွိေနသည္။

ထိုအဆင့္တြင္ ေယဘုယ်အားျဖင့္ ကမာၻ႔တိုက္ႀကီးမ်ားမွလူေသာင္းခ်ီကိုစစ္ေဆးေလ့႐ွိသည္။

သို႔ေသာ္ အဆင့္အျမင့္ဆံုးစမ္းသပ္မႈမ်ားသည္ပင္ ျပင္းထန္ေသာကူးစက္မႈမ်ားထက္ မျပင္းထန္သည့္ကူးစက္မႈ မ်ားကိုမူတည္တြက္ခ်က္ထားသည္ဟု ေမရီလန္းတကၠသိုလ္၊ ေဆးဝါးဆိုင္ရာေက်ာင္းမွ ေဆးဝါးဆိုင္ရာက်န္းမာ ေရးသုေတသနဌာန၊ လက္ေထာက္ပါေမာကၡ ပီတာ ဒို႐ွီကေျပာသည္။

စမ္းသပ္ခံရသူမ်ားနာမက်န္းျဖစ္လာၿပီးေနာက္ အခ်ိဳ႕စမ္းသပ္မႈမ်ားကိုရပ္ဆိုင္းထားသည္။

ကာကြယ္ေဆးမ်ားရ႐ွိလာပါက ထိခိုက္အလြယ္ဆံုးလူမ်ားကို ဦးစားေပးရန္ႏိုင္ငံအမ်ားအျပားက ဦးစားေပးထားေသာ္လည္း ကမာၻ႔ကပ္ေရာဂါၿပီးဆံုးေစရန္ေစာင့္ေမွ်ာ္ေနသူမ်ားအေနျဖင့္ ေစာင့္ဆိုင္းရမည္ဟုလည္း ဒို႐ွီကေျပာသည္။

မၾကာေသးမီကေလ့လာမႈမ်ားအရ လူတေယာက္ COVID-19 ျပန္လည္ကူးစက္ခံရႏိုင္ေၾကာင္းအတည္ျပဳ ထားသျဖင့္ ထိုအခ်က္သည္ အစိုးရမ်ား၏ကာကြယ္ေဆးအစီအစဥ္မ်ားမည္သို႔ေဖာ္ေဆာင္မည္ကို ဆိုးက်ိဳးသက္ေရာက္မႈ႐ွိလာႏိုင္သည္။

Ref : COVID-19 vaccine trials evaluating mostly mild cases, not designed to prove they can save lives: Expert

#PeopleMedia

(unicode)
COVID-19 ကာကွယ်ဆေးစမ်းသပ်မှုများက လူ့အသက်ကယ်တင်နိုင်ကြောင်း သက်သေပြထားခြင်းမရှိဟုဆို
………………………………………………..

ပဲရစ်၊ အောက်တိုဘာ ၂၂

လက်ရှိစမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေးများသည် ရောဂါမပြင်းထန်သည့်ကူးစက်မှုအများစုကို တွက်ချက်ထားခြင်းဖြစ်ပြီး လူ့အသက်ကိုကယ်တင်နိုင်ကြောင်းသက်သေပြရန်နှင့် အထိခိုက်နိုင်ဆုံးလူများကို ကယ်ဆယ်ရန်စီစဉ်ထားခြင်းမဟုတ်ကြောင်း ထိပ်တန်းပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

စမ်းသပ်ကုသမှုနေသည့်ကာကွယ်ဆေး ၄၂ မျိုးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အသိအမှတ် ပြုထားပြီး ၁၀ မျိုးသည် အဆင့် ၃ လူအများအပြားတွင်စမ်းသပ်သည့်အဆင့်ရောက်ရှိနေသည်။

ထိုအဆင့်တွင် ယေဘုယျအားဖြင့် ကမ္ဘာ့တိုက်ကြီးများမှလူသောင်းချီကိုစစ်ဆေးလေ့ရှိသည်။

သို့သော် အဆင့်အမြင့်ဆုံးစမ်းသပ်မှုများသည်ပင် ပြင်းထန်သောကူးစက်မှုများထက် မပြင်းထန်သည့်ကူးစက်မှု များကိုမူတည်တွက်ချက်ထားသည်ဟု မေရီလန်းတက္ကသိုလ်၊ ဆေးဝါးဆိုင်ရာကျောင်းမှ ဆေးဝါးဆိုင်ရာကျန်းမာ ရေးသုတေသနဌာန၊ လက်ထောက်ပါမောက္ခ ပီတာ ဒိုရှီကပြောသည်။

စမ်းသပ်ခံရသူများနာမကျန်းဖြစ်လာပြီးနောက် အချို့စမ်းသပ်မှုများကိုရပ်ဆိုင်းထားသည်။

ကာကွယ်ဆေးများရရှိလာပါက ထိခိုက်အလွယ်ဆုံးလူများကို ဦးစားပေးရန်နိုင်ငံအများအပြားက ဦးစားပေးထားသော်လည်း ကမ္ဘာ့ကပ်ရောဂါပြီးဆုံးစေရန်စောင့်မျှော်နေသူများအနေဖြင့် စောင့်ဆိုင်းရမည်ဟုလည်း ဒိုရှီကပြောသည်။

မကြာသေးမီကလေ့လာမှုများအရ လူတယောက် COVID-19 ပြန်လည်ကူးစက်ခံရနိုင်ကြောင်းအတည်ပြု ထားသဖြင့် ထိုအချက်သည် အစိုးရများ၏ကာကွယ်ဆေးအစီအစဉ်များမည်သို့ဖော်ဆောင်မည်ကို ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်သည်။

Ref : COVID-19 vaccine trials evaluating mostly mild cases, not designed to prove they can save lives: Expert

#PeopleMedia


Share this post