• Follow Us on

Home COVID-19 ကာကြယ္ေဆးရတဲ့အခ်ိန္ ေက်ာင္းသားေတြကာကြယ္ေဆးထိုးဖို႔ တန္နက္ဆီတကၠသိုလ္ၫႊန္ၾကား

COVID-19 ကာကြယ္ေဆးရတဲ့အခ်ိန္ ေက်ာင္းသားေတြကာကြယ္ေဆးထိုးဖို႔ တန္နက္ဆီတကၠသိုလ္ၫႊန္ၾကား

Share this post

ဝါ႐ွင္တန္၊ ဇြန္ ၃၀

တန္နက္ဆီတကၠသိုလ္ဟာ ေက်ာင္းသားေတြနဲ႔ သင္ၾကားေရးဌာနေတြကို COVID-19 ကာကြယ္ေဆးရတဲ့အခ်ိန္မွာ ကာကြယ္ ေဆးထိုးထားဖို႔လိုအပ္တယ္လို႔ ၫႊန္ၾကားလိုက္တဲ့ပထမဆံုးတကၠသိုလ္ျဖစ္လာၿပီး ဒီၫႊန္ၾကားခ်က္ျပန္႐ုတ္သိမ္းေပးဖို႔ ေ၀ဖန္ သူေတြကေျပာေနၾကပါတယ္။

ေက်ာင္းအုပ္ခ်ဳပ္မႈအဖြဲ႔ရဲ႕အေရးေပၚအမိန္႔အရ လုပ္ပိုင္ခြင့္႐ွိတယ္လို႔တိုက္တြန္းခဲ့ၿပီး မၾကာခင္မွာ အၿမဲတမ္းလိုအပ္ခ်က္ျဖစ္ လာလိမ့္မယ္လို႔လည္း ကတိျပဳထားပါတယ္။

ဒါေပမဲ့ ေဆးပညာအေျခအေနအရနဲ႔ ဘာသာေရးအရကင္းလြတ္ခြင့္ျပဳထားတာေတြေတာ့႐ွိၿပီး အြန္လိုင္းအတန္းပဲ တက္ေရာက္ သူေတြကေတာ့ ကာကြယ္ေဆးထိုးစရာမလိုပါဘူး။

လာမယ့္ေဆာင္းဦးကာလမွာ တကၠသိုလ္ျပန္ဖြင့္ေတာ့မွာျဖစ္ၿပီး အဲဒီအခ်ိန္အထိ ကာကြယ္ေဆးရဖို႔မေသခ်ာေသးလို႔ ဘယ္ အခ်ိန္မွာ စည္းကမ္းေတြစၿပီးက်င့္သံုးခိုင္းမလဲဆိုတာေတာ့ မသိရေသးပါဘူး။

အေရးေပၚအစီအမံမတိုင္ခင္မွာေတာ့ တုပ္ေကြးကာကြယ္ေဆးထိုးဖို႔ မလိုအပ္ပါဘူး။

ဒီလုပ္ရပ္ဟာ COVID-19 ကာကြယ္ေဆးလိုအပ္ေနတဲ့ေနာက္ထပ္စည္းမ်ဥ္းစည္းကမ္းေတြထပ္ခ်မွတ္ဖို႔ ပထမဆံုးေျခလွမ္း ျဖစ္ႏိုင္တယ္လို႔ လူမႈကြန္ရက္မွာေ၀ဖန္မႈေတြ႐ွိေနၿပီး တခ်ိဳ႕ကေတာ့ ဒီလုပ္ရပ္ဟာ က်န္းမာေရးေစာင့္ေ႐ွာက္မႈဆံုးျဖတ္ခ်က္ ေတြမွာေ႐ြးခ်ယ္မႈနဲ႔ လူတစ္ဦးတစ္ေယာက္ခ်င္းရဲ႕အခြင့္အေရးကိုခ်ိဳးေဖာက္တာလို႔ တခ်ိဳ႕က ေ၀ဖန္ေျပာဆိုေနပါတယ္။

တျခားေက်ာင္းေတြမွာေတာ့ အဲဒီလိုလုပ္ပိုင္ခြင့္သတ္မွတ္ထားတာမ႐ွိေပမဲ့ တခ်ိဳ႕ေက်ာင္းေတြကေတာ့ ျပန္ဖြင့္ျပင္ဆင္ရာမွာ ကမာၻ႔ကပ္ေရာဂါႀကိဳတင္ကာကြယ္မႈေတြသတ္မွတ္ေနပါၿပီ။

ဆန္ဒီေယဂိုၿမိဳ႕မွာ႐ွိတဲ့ကယ္လီဖိုးနီးယားတကၠသိုလ္ကလည္း ၿပီးခဲ့တဲ့လတုန္းက ေက်ာင္း၀င္းထဲမွာေနတဲ့ေက်ာင္းသားေတြကို ေရာဂါ႐ွိ၊ မ႐ွိပံုမွန္စစ္ေဆးဖို႔ အစီအစဥ္တစ္ခုကိုမိတ္ဆက္ခဲ့ပါတယ္။

Ref : University of Tennessee makes Covid-19 vaccine shot mandatory for students when available

#PeopleMedia

(unicode)
COVID-19 ကာကွယ်ဆေးရတဲ့အချိန် ကျောင်းသားတွေကာကွယ်ဆေးထိုးဖို့ တန်နက်ဆီတက္ကသိုလ်ညွှန်ကြား
……………………………………………………

ဝါရှင်တန်၊ ဇွန် ၃၀

တန်နက်ဆီတက္ကသိုလ်ဟာ ကျောင်းသားတွေနဲ့ သင်ကြားရေးဌာနတွေကို COVID-19 ကာကွယ်ဆေးရတဲ့အချိန်မှာ ကာကွယ် ဆေးထိုးထားဖို့လိုအပ်တယ်လို့ ညွှန်ကြားလိုက်တဲ့ပထမဆုံးတက္ကသိုလ်ဖြစ်လာပြီး ဒီညွှန်ကြားချက်ပြန်ရုတ်သိမ်းပေးဖို့ ဝေဖန် သူတွေကပြောနေကြပါတယ်။

ကျောင်းအုပ်ချုပ်မှုအဖွဲ့ရဲ့အရေးပေါ်အမိန့်အရ လုပ်ပိုင်ခွင့်ရှိတယ်လို့တိုက်တွန်းခဲ့ပြီး မကြာခင်မှာ အမြဲတမ်းလိုအပ်ချက်ဖြစ် လာလိမ့်မယ်လို့လည်း ကတိပြုထားပါတယ်။

ဒါပေမဲ့ ဆေးပညာအခြေအနေအရနဲ့ ဘာသာရေးအရကင်းလွတ်ခွင့်ပြုထားတာတွေတော့ရှိပြီး အွန်လိုင်းအတန်းပဲ တက်ရောက် သူတွေကတော့ ကာကွယ်ဆေးထိုးစရာမလိုပါဘူး။

လာမယ့်ဆောင်းဦးကာလမှာ တက္ကသိုလ်ပြန်ဖွင့်တော့မှာဖြစ်ပြီး အဲဒီအချိန်အထိ ကာကွယ်ဆေးရဖို့မသေချာသေးလို့ ဘယ် အချိန်မှာ စည်းကမ်းတွေစပြီးကျင့်သုံးခိုင်းမလဲဆိုတာတော့ မသိရသေးပါဘူး။

အရေးပေါ်အစီအမံမတိုင်ခင်မှာတော့ တုပ်ကွေးကာကွယ်ဆေးထိုးဖို့ မလိုအပ်ပါဘူး။

ဒီလုပ်ရပ်ဟာ COVID-19 ကာကွယ်ဆေးလိုအပ်နေတဲ့နောက်ထပ်စည်းမျဉ်းစည်းကမ်းတွေထပ်ချမှတ်ဖို့ ပထမဆုံးခြေလှမ်း ဖြစ်နိုင်တယ်လို့ လူမှုကွန်ရက်မှာဝေဖန်မှုတွေရှိနေပြီး တချို့ကတော့ ဒီလုပ်ရပ်ဟာ ကျန်းမာရေးစောင့်ရှောက်မှုဆုံးဖြတ်ချက် တွေမှာရွေးချယ်မှုနဲ့ လူတစ်ဦးတစ်ယောက်ချင်းရဲ့အခွင့်အရေးကိုချိုးဖောက်တာလို့ တချို့က ဝေဖန်ပြောဆိုနေပါတယ်။

တခြားကျောင်းတွေမှာတော့ အဲဒီလိုလုပ်ပိုင်ခွင့်သတ်မှတ်ထားတာမရှိပေမဲ့ တချို့ကျောင်းတွေကတော့ ပြန်ဖွင့်ပြင်ဆင်ရာမှာ ကမ္ဘာ့ကပ်ရောဂါကြိုတင်ကာကွယ်မှုတွေသတ်မှတ်နေပါပြီ။

ဆန်ဒီယေဂိုမြို့မှာရှိတဲ့ကယ်လီဖိုးနီးယားတက္ကသိုလ်ကလည်း ပြီးခဲ့တဲ့လတုန်းက ကျောင်းဝင်းထဲမှာနေတဲ့ကျောင်းသားတွေကို ရောဂါရှိ၊ မရှိပုံမှန်စစ်ဆေးဖို့ အစီအစဉ်တစ်ခုကိုမိတ်ဆက်ခဲ့ပါတယ်။

Ref : University of Tennessee makes Covid-19 vaccine shot mandatory for students when available

#PeopleMedia


Share this post