• Follow Us on

Home COVID-19 ကာကြယ္ေဆးအတြက္ ျမန္မာအပါအ၀င္အာဆီယံႏိုင္ငံမ်ား၏ လိုအပ္ခ်က္ကို ဦးစားေပးစဥ္းစား မည္ဟု တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

COVID-19 ကာကြယ္ေဆးအတြက္ ျမန္မာအပါအ၀င္အာဆီယံႏိုင္ငံမ်ား၏ လိုအပ္ခ်က္ကို ဦးစားေပးစဥ္းစား မည္ဟု တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

Share this post

ေဘက်င္း၊ စက္တင္ဘာ ၁၀

တ႐ုတ္ႏိုင္ငံကထုတ္လုပ္ေနသည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္သည့္ COVID-19 ေရာဂါကာကြယ္ေဆးကို စတင္အသံုးျပဳၿပီးပါက ျမန္မာအပါအ၀င္ အာဆီယံႏိုင္ငံမ်ား၏လိုအပ္ခ်က္ကိုဦးစားေပးၿပီးစဥ္းစားမည္ဟု တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီ၀င္ႏွင့္ ႏိုင္ငံျခားေရး၀န္ႀကီး မစၥတာ ၀မ္ယီကေျပာသည္။

စက္တင္ဘာ ၉ ရက္က တ႐ုတ္-အာဆီယံ (10+1) ႏိုင္ငံျခားေရးဝန္ႀကီးမ်ား Video Conference တြင္ မစၥတာ၀မ္ကေျပာသည္။

COVID-19 ကပ္ေရာဂါကာကြယ္ေဆးစတင္အသုံးျပဳၿပီးေနာက္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏လိုအပ္ခ်က္ကို ဦးစားေပးစဥ္စားေပးၿပီး “တ႐ုတ္-အာဆီယံကာကြယ္ေဆးမိတ္ေဆြ” ဖြဲ႕ကာ သတင္းအခ်က္အလက္မွ်ေဝမႈႏွင့္ ကာကြယ္ေဆးထုတ္လုပ္မႈ၊ သုေတသနျပဳမႈ၊ အသုံးျပဳမႈတြင္ပူးေပါင္းေဆာင္႐ြက္မႈအားတိုးျမႇင့္မည္ျဖစ္ေၾကာင္း မစၥတာ၀မ္ယီကေျပာသည္ဟု ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ံုးက ယေန႔သတင္းထုတ္ျပန္သည္။

ဘရာဇီးႏွင့္အင္ဒိုနီး႐ွားႏိုင္ငံတို႔တြင္ ေနာက္ဆံုးအဆင့္လူသားမ်ားတြင္စမ္းသပ္မႈလုပ္ေနသည့္ တ႐ုတ္ႏိုင္ငံကထုတ္လုပ္ေသာကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး CoronaVac ေဆးကို ကုမၸဏီ၀န္ထမ္းႏွင့္မိသားစု ၉၀ ရာခိုင္ႏႈန္းကိုေပးထားသည္။

ကမာၻတ၀န္းတြင္ ကာကြယ္ေဆးအမ်ိဳး ၁၄၀ ခန္႔ အေစာပိုင္းစမ္းသပ္မႈမ်ားလုပ္ေနၿပီး ႏွစ္ဒါဇင္ခန္႔ကို လူသားမ်ားတြင္စမ္းသပ္ေနသည္။

#PeopleMedia

(unicode)
COVID-19 ကာကွယ်ဆေးအတွက် မြန်မာအပါအဝင်အာဆီယံနိုင်ငံများ၏ လိုအပ်ချက်ကို ဦးစားပေးစဉ်းစား မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
………………………………………………

ဘေကျင်း၊ စက်တင်ဘာ ၁၀

တရုတ်နိုင်ငံကထုတ်လုပ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် COVID-19 ရောဂါကာကွယ်ဆေးကို စတင်အသုံးပြုပြီးပါက မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၏လိုအပ်ချက်ကိုဦးစားပေးပြီးစဉ်းစားမည်ဟု တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီကပြောသည်။

စက်တင်ဘာ ၉ ရက်က တရုတ်-အာဆီယံ (10+1) နိုင်ငံခြားရေးဝန်ကြီးများ Video Conference တွင် မစ္စတာဝမ်ကပြောသည်။

COVID-19 ကပ်ရောဂါကာကွယ်ဆေးစတင်အသုံးပြုပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏လိုအပ်ချက်ကို ဦးစားပေးစဉ်စားပေးပြီး “တရုတ်-အာဆီယံကာကွယ်ဆေးမိတ်ဆွေ” ဖွဲ့ကာ သတင်းအချက်အလက်မျှဝေမှုနှင့် ကာကွယ်ဆေးထုတ်လုပ်မှု၊ သုတေသနပြုမှု၊ အသုံးပြုမှုတွင်ပူးပေါင်းဆောင်ရွက်မှုအားတိုးမြှင့်မည်ဖြစ်ကြောင်း မစ္စတာဝမ်ယီကပြောသည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယနေ့သတင်းထုတ်ပြန်သည်။

ဘရာဇီးနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် နောက်ဆုံးအဆင့်လူသားများတွင်စမ်းသပ်မှုလုပ်နေသည့် တရုတ်နိုင်ငံကထုတ်လုပ်သောကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး CoronaVac ဆေးကို ကုမ္ပဏီဝန်ထမ်းနှင့်မိသားစု ၉၀ ရာခိုင်နှုန်းကိုပေးထားသည်။

ကမ္ဘာတဝန်းတွင် ကာကွယ်ဆေးအမျိုး ၁၄၀ ခန့် အစောပိုင်းစမ်းသပ်မှုများလုပ်နေပြီး နှစ်ဒါဇင်ခန့်ကို လူသားများတွင်စမ်းသပ်နေသည်။

#PeopleMedia


Share this post