• Follow Us on

Home COVID-19 ကာကြယ္ေဆးအမ်ားဆံုး၀ယ္ယူမည့္အဖြဲ႔ ယူနီဆက္ဖ္ျဖစ္လာ

COVID-19 ကာကြယ္ေဆးအမ်ားဆံုး၀ယ္ယူမည့္အဖြဲ႔ ယူနီဆက္ဖ္ျဖစ္လာ

Share this post

နယူးေယာက္၊ စက္တင္ဘာ ၄

ကုလသမဂၢကေလးမ်ားဆိုင္ရာေအဂ်င္စီ (ယူနီဆက္ဖ္) သည္ COVAX အစီအစဥ္အရ ကမာၻ႔အမ်ားဆံုး ကာကြယ္ေဆး၀ယ္ယူသည့္အဖြဲ႔အစည္းျဖစ္လာမည္ျဖစ္ၿပီး ႏိုင္ငံ ၁၀၀ နီးပါးအတြက္ ကာကြယ္ေဆးအဖံု သန္း ၂၀၀၀ ၀ယ္ယူသြားမည္။

ယူနီဆက္ဖ္၏အခန္းက႑သည္ ကမာၻ႔က်န္းမာေရးအဖြဲ႔(W.H.O)ကပူးတြဲဦးေဆာင္ၿပီး ၀ယ္ယူရန္၊ အညီအမွ်ျဖန္႔ခ်ိရန္ရည္႐ြယ္သည့္ COVAX အမည္႐ွိ COVID-19 ကာကြယ္ေဆး၀ယ္ယူမႈအစီအစဥ္၏ တစိတ္တပိုင္းျဖစ္သည္။

ေငြေၾကးႂကြယ္၀သည့္ႏိုင္ငံ ၇၆ ႏိုင္ငံက ထိုအစီအစဥ္တြင္ပါ၀င္မည္ဟု ကတိျပဳထားသည္။

၂၀၂၃ ခုႏွစ္အထိ COVID-19 ကာကြယ္ေဆးႏွစ္စဥ္ထုတ္လုပ္မည့္အစီအစဥ္မ်ားကို ကာကြယ္ေဆးကုမၸဏီ ၂၈ ခုက ေ၀မွ်ထားေၾကာင္း ယူနီဆက္ဖ္ကေျပာသည္။

ကမာၻတ၀န္းတြင္ ေသဆံုးသူ ၈၆၄၀၀၀ ႐ွိခဲ့သည့္ကပ္ေရာဂါကိုအဆံုးသတ္ႏိုင္ရန္ ေဘးကင္းၿပီးအက်ိဳးသက္ေရာက္မႈအားေကာင္းသည့္ကာကြယ္ေဆးမ်ားလိုအပ္သည္ဟု ႐ွဳျမင္ေနၾကသည္။

၀ယ္ယူစုေဆာင္းမႈႏွင့္ျဖန္႔ခ်ိမႈအပိုင္းကို ဦးေဆာင္ကူညီေပးႏိုင္ေၾကာင္းလည္း ယူနီဆက္ဖ္ကေျပာသည္။

COVID-19 ကမာၻ႔ကပ္ေရာဂါကိုေျဖ႐ွင္းႏိုင္ရန္ လာမည့္ ၂ ႏွစ္အတြင္း ၁၀ ႏိုင္ငံမွာ ေဆးကုမၸဏီ ၁၀ ခုက မၾကံဳစဖူးကာကြယ္ေဆးပမာဏကိုထုတ္လုပ္ႏိုင္ေၾကာင္း ယူနီဆက္ဖ္အဖြဲ႔က ၾကာသပေတးေန႔တြင္ေျပာသည္။

Ref : UNICEF says drugmakers can produce unprecedented vaccine quantities for COVID-19

#PeopleMedia

(unicode)
COVID-19 ကာကွယ်ဆေးအများဆုံးဝယ်ယူမည့်အဖွဲ့ ယူနီဆက်ဖ်ဖြစ်လာ
………………………………………

နယူးယောက်၊ စက်တင်ဘာ ၄

ကုလသမဂ္ဂကလေးများဆိုင်ရာအေဂျင်စီ (ယူနီဆက်ဖ်) သည် COVAX အစီအစဉ်အရ ကမ္ဘာ့အများဆုံး ကာကွယ်ဆေးဝယ်ယူသည့်အဖွဲ့အစည်းဖြစ်လာမည်ဖြစ်ပြီး နိုင်ငံ ၁၀၀ နီးပါးအတွက် ကာကွယ်ဆေးအဖုံ သန်း ၂၀၀၀ ဝယ်ယူသွားမည်။

ယူနီဆက်ဖ်၏အခန်းကဏ္ဍသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)ကပူးတွဲဦးဆောင်ပြီး ဝယ်ယူရန်၊ အညီအမျှဖြန့်ချိရန်ရည်ရွယ်သည့် COVAX အမည်ရှိ COVID-19 ကာကွယ်ဆေးဝယ်ယူမှုအစီအစဉ်၏ တစိတ်တပိုင်းဖြစ်သည်။

ငွေကြေးကြွယ်ဝသည့်နိုင်ငံ ၇၆ နိုင်ငံက ထိုအစီအစဉ်တွင်ပါဝင်မည်ဟု ကတိပြုထားသည်။

၂၀၂၃ ခုနှစ်အထိ COVID-19 ကာကွယ်ဆေးနှစ်စဉ်ထုတ်လုပ်မည့်အစီအစဉ်များကို ကာကွယ်ဆေးကုမ္ပဏီ ၂၈ ခုက ဝေမျှထားကြောင်း ယူနီဆက်ဖ်ကပြောသည်။

ကမ္ဘာတဝန်းတွင် သေဆုံးသူ ၈၆၄၀၀၀ ရှိခဲ့သည့်ကပ်ရောဂါကိုအဆုံးသတ်နိုင်ရန် ဘေးကင်းပြီးအကျိုးသက်ရောက်မှုအားကောင်းသည့်ကာကွယ်ဆေးများလိုအပ်သည်ဟု ရှုမြင်နေကြသည်။

ဝယ်ယူစုဆောင်းမှုနှင့်ဖြန့်ချိမှုအပိုင်းကို ဦးဆောင်ကူညီပေးနိုင်ကြောင်းလည်း ယူနီဆက်ဖ်ကပြောသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါကိုဖြေရှင်းနိုင်ရန် လာမည့် ၂ နှစ်အတွင်း ၁၀ နိုင်ငံမှာ ဆေးကုမ္ပဏီ ၁၀ ခုက မကြုံစဖူးကာကွယ်ဆေးပမာဏကိုထုတ်လုပ်နိုင်ကြောင်း ယူနီဆက်ဖ်အဖွဲ့က ကြာသပတေးနေ့တွင်ပြောသည်။

Ref : UNICEF says drugmakers can produce unprecedented vaccine quantities for COVID-19

#PeopleMedia


Share this post