• Follow Us on

Home COVID-19 ကာကွယ်ဆေးဝယ်ယူရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက နိုင်ငံတော်သို့ အလှူငွေကျပ် သန်း ၁၂၀၀ လှူဒါန်း

COVID-19 ကာကွယ်ဆေးဝယ်ယူရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက နိုင်ငံတော်သို့ အလှူငွေကျပ် သန်း ၁၂၀၀ လှူဒါန်း

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၂ (People Media)

COVID -19 ကာကွယ်ဆေးဝယ်ယူရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ နိုင်ငံတော် အစိုးရထံ အလှူငွေကျပ် သန်း ၁၂၀၀ လှူဒါန်းလိုက်သည်။

အဆိုပါ COVID-19 ကာကွယ်ဆေးဝယ်ယူရန် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီးနှင့် အစ္စ လာမ်ဘာသာဝင်များ စုပေါင်းလှူဒါန်းခြင်းအစီအစဉ်သို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ ထည့်ဝင်လာ သည့်အလှူငွေ ကျပ်သန်း ၁၂၀၀(၁.၂ ဘီလီယံ)ကို ယနေ့တွင် ပထမအကြိမ်အဖြစ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ပေးသွင်းလှူဒါန်းခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်ပြီး လှူဒါန်းလိုသောအလှူရှင်များနှင့် အဆိုပြုထားသောအလှူရှင်များသည် ဖေဖော်ဝါရီလ ၁၀ ရက် နေ့နောက်ဆုံးထား၍ အဆိုပါအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ရေးသားထားသည်။

အလားတူ အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် COVID ကာကွယ်ဆေး လူဦးရေ (၇၅၀၀၀၀) အတွက် ယနေ့ ဇန်နဝါရီလ (၂၂) နေ့တွင် မွန်းလွဲပိုင်းအချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွား၊ သေဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၂၁ ရက်နေ့ ညပိုင်း အချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါအတည်ပြုလူနာ ၁၃၆၁၆၆ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၁၉၉၇၃ ဦးနှင့် အဆိုပါရောဂါဖြင့် သေဆုံးလူနာ ၃၀၁၃ ဦးရှိပြီဖြစ်သည်။

#PeopleMedia #မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး

(unicode)
……………………………………………………………………









Share this post