• Follow Us on

Home Covid-19 ကာကွယ်ရေးအတွက် မြ၀တီမြို့သို့ ရန်ကုန်နှင့် ဘားအံမြို့မှ သူနာပြုသင်တန်းသား/သူများ ၄၇ ဦး သွားရောက်လုပ်အားပေး


Share this post

ရန်ကုန်၊ မတ် – ၂၅


အဆိုပါ Corona Virus Disease 2019 (Covid-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအား ထိုင်း နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန် ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ အဖွဲ့ခေါင်းဆောင်အုပ်ချုပ်သူ ကျောင်းအုပ်(စီမံ)ဒေါ်ဝေေ၀လွင်၊ ကြီးကြပ် သူ နည်းပြ၊ ဒုနည်းပြနှင့် တတိယနှစ်မှ သူနာပြုသင်တန်းသား/သူများ ၃၂ ဦးသည် ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ ကူညီဆောင်ရွက်ရန် မတ် ၂၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ကြသည်။


Photo – Credit

#PeopleMedia

(Unicode)
Covid-19 ကာကွယ်ရေးအတွက် မြဝတီမြို့သို့ ရန်ကုန်နှင့် ဘားအံမြို့မှ သူနာပြုသင်တန်းသား/သူများ ၄၇ ဦး သွားရောက်လုပ်အားပေး
…………………………………………………………

ရန်ကုန်၊ မတ် – ၂၅

Covid-19 ကာကွယ်ရေးအတွက် မြဝတီမြို့သို့ ရန်ကုန်နှင့် ဘားအံမြို့မှ သူနာပြုသင်တန်းသား/ သူများ ၄၇ ဦး ပူးပေါင်းကူညီဆောင်ရွက်ရန် သွားရောက်လုပ်အားပေးခဲ့သည်။

အဆိုပါ Corona Virus Disease 2019 (Covid-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအား ထိုင်း နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန် ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ အဖွဲ့ခေါင်းဆောင်အုပ်ချုပ်သူ ကျောင်းအုပ်(စီမံ)ဒေါ်ဝေဝေလွင်၊ ကြီးကြပ် သူ နည်းပြ၊ ဒုနည်းပြနှင့် တတိယနှစ်မှ သူနာပြုသင်တန်းသား/သူများ ၃၂ ဦးသည် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ကူညီဆောင်ရွက်ရန် မတ် ၂၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ကြသည်။

အလားတူ ဘားအံ သူနာပြုသင်တန်းကျောင်းမှ လုပ်အားပေး သင်တန်းသား/သူ ၁၅ ဦးနှင့်အတူ ၎င်းနေရာသို့ လုပ်အားပေး သူနာပြုသင်တန်းသား/သူများ စုစုပေါင်း ၄၇ ဦးအား စေလွှတ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ ထုတ်ပြန်ထားသည်။

Photo – Credit

#PeopleMedia


Share this post