• Follow Us on

Home Covid 19 ကာလတြင္ ျပည္ပမွ ေခ်းေငြရယူရန္လိုအပ္ေသာျပည္သူထံမွ အလွဴခံျခင္းသည္ ျပည္သူ႔လည္ပင္းအားညွစ္ျခင္းျဖစ္သည္ဟု နိုင္ငံေရးေလ့လာသုံးသပ္သူ ဦးဘိုဘိုေက်ာ္ၿငိမ္း ေျပာဆို

Covid 19 ကာလတြင္ ျပည္ပမွ ေခ်းေငြရယူရန္လိုအပ္ေသာျပည္သူထံမွ အလွဴခံျခင္းသည္ ျပည္သူ႔လည္ပင္းအားညွစ္ျခင္းျဖစ္သည္ဟု နိုင္ငံေရးေလ့လာသုံးသပ္သူ ဦးဘိုဘိုေက်ာ္ၿငိမ္း ေျပာဆို

Share this post

Covid 19 ေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ား ႏွင့္ Covid 19 ေရာဂါကာလအလြန္တြင္ ျမန္မာ နိုင္ငံစီးပြားေရး ျပန္လည္ထူေထာင္နိုင္ေရးအတြက္ အစိုးရအေနျဖင့္ ျပည္ပနိုင္ငံမ်ားမွ ေခ်းေငြမ်ားရယူသင့္ေၾကာင္း နိုင္ငံေရးေလ့လာသုံးသပ္သူ ဦးဘိုဘိုေက်ာ္ၿငိမ္းက ဧၿပီ ၂၄ ရက္ေန႔က ေျပာသည္။

လက္ရွိ အစိုးရအေနျဖင့္ ယခုကာလတြင္ နိုင္ငံျခားမွ ေငြေခ်းျခင္းထက္ ျပည္သူမ်ားထံမွ အခြန္ေကာက္ခံျခင္းႏွင့္ Covid 19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ အလွဴခံျခင္းမ်ိဳးျပဳ လုပ္ျခင္းသည္ နည္းလမ္းမွားေၾကာင္း ၎ကဆိုသည္။

“အစိုးရက ပိုက္ဆံေခ်းရမွာကို လက္ရွိ NLD အစိုးရက နားမလည္ပဲနဲ႔ ရွင္းရွင္းေျပာမယ္ အခြန္ေကာက္ေနတယ္ အလွဴခံေနတယ္ဆိုတာ လည္ပင္းညွစ္တာနဲ႔ အတူတူပဲ” ဟု ဦးဘိုဘိုေက်ာ္ၿငိမ္းက ေျပာသည္။

ျမန္မာနိုင္ငံသည္ စီးပြားေရး ဖြံ႕ၿဖိဳးမႈ ေနာက္က်သည့္ နိုင္ငံျဖစ္သည့္အတြက္ Covid 19 ေရာဂါ ကာလအလြန္တြင္ စီးပြားေရး ျပန္လည္ထူေထာင္နိုင္ဖို႔ အစိုးရအေနျဖင့္ လုပ္ကိုင္ေဆာင္႐ြက္ရ မည့္လုပ္ငန္းမ်ားသည္ အေျမာက္အမ်ားရွိေနေၾကာင္း ၎ကဆိုသည္။

“အစိုးရက ရမ္းၿပီးေတာ့ အလုပ္လုပ္ေနတယ္ အလွဴခံၿပီးေတာ့ ပိုက္ဆံရွာတယ္ဆိုတာက ဘာအဓိပၸါယ္မွမရွိဘူး၊ နိုင္ငံျခားက ေခ်းေငြမရပဲ ျပည္သူေတြဆီက သြားညွစ္ေနလို႔ ဘယ္ရ မလဲ”ဟု ဦးဘိုဘိုေက်ာ္ၿငိမ္းကေျပာသည္။

လက္ရွိ ျပည္ေထာင္စု အစိုးရအေနျဖင့္ Covid 19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ ၫြန္ၾကား ခ်က္မ်ားထုတ္ျပန္ထားေသာ္လည္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရမ်ားတြင္ အဆိုပါ ထုတ္ျပန္ခ်က္မ်ားသည္ ကြဲလြဲမႈမ်ားရွိေနျခင္း၊ လိုက္နာေဆာင္႐ြက္မႈအားနည္းျခင္းတို႔ေၾကာင့္ ေဝဖန္မႈမ်ားျဖစ္ေပၚေနလ်က္ရွိသည္။

#PeopleMedia

(unicode)
Covid 19 ကာလတွင် ပြည်ပမှ ချေးငွေရယူရန်လိုအပ်သောပြည်သူထံမှ အလှူခံခြင်းသည် ပြည်သူ့လည်ပင်းအားညှစ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်း ပြောဆို
……………………………………………….

Covid 19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှင့် Covid 19 ရောဂါကာလအလွန်တွင် မြန်မာ နိုင်ငံစီးပွားရေး ပြန်လည်ထူထောင်နိုင်ရေးအတွက် အစိုးရအနေဖြင့် ပြည်ပနိုင်ငံများမှ ချေးငွေများရယူသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်းက ဧပြီ ၂၄ ရက်နေ့က ပြောသည်။

လက်ရှိ အစိုးရအနေဖြင့် ယခုကာလတွင် နိုင်ငံခြားမှ ငွေချေးခြင်းထက် ပြည်သူများထံမှ အခွန်ကောက်ခံခြင်းနှင့် Covid 19 ရောဂါ တိုက်ဖျက်ရေးအတွက် အလှူခံခြင်းမျိုးပြု လုပ်ခြင်းသည် နည်းလမ်းမှားကြောင်း ၎င်းကဆိုသည်။

“အစိုးရက ပိုက်ဆံချေးရမှာကို လက်ရှိ NLD အစိုးရက နားမလည်ပဲနဲ့ ရှင်းရှင်းပြောမယ် အခွန်ကောက်နေတယ် အလှူခံနေတယ်ဆိုတာ လည်ပင်းညှစ်တာနဲ့ အတူတူပဲ” ဟု ဦးဘိုဘိုကျော်ငြိမ်းက ပြောသည်။

မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးမှု နောက်ကျသည့် နိုင်ငံဖြစ်သည့်အတွက် Covid 19 ရောဂါ ကာလအလွန်တွင် စီးပွားရေး ပြန်လည်ထူထောင်နိုင်ဖို့ အစိုးရအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရ မည့်လုပ်ငန်းများသည် အမြောက်အများရှိနေကြောင်း ၎င်းကဆိုသည်။

“အစိုးရက ရမ်းပြီးတော့ အလုပ်လုပ်နေတယ် အလှူခံပြီးတော့ ပိုက်ဆံရှာတယ်ဆိုတာက ဘာအဓိပ္ပါယ်မှမရှိဘူး၊ နိုင်ငံခြားက ချေးငွေမရပဲ ပြည်သူတွေဆီက သွားညှစ်နေလို့ ဘယ်ရ မလဲ”ဟု ဦးဘိုဘိုကျော်ငြိမ်းကပြောသည်။

လက်ရှိ ပြည်ထောင်စု အစိုးရအနေဖြင့် Covid 19 ရောဂါ တိုက်ဖျက်ရေးအတွက် ညွန်ကြား ချက်များထုတ်ပြန်ထားသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတွင် အဆိုပါ ထုတ်ပြန်ချက်များသည် ကွဲလွဲမှုများရှိနေခြင်း၊ လိုက်နာဆောင်ရွက်မှုအားနည်းခြင်းတို့ကြောင့် ဝေဖန်မှုများဖြစ်ပေါ်နေလျက်ရှိသည်။

#PeopleMedia


Share this post