• Follow Us on

Home COVID 19 ကာလ၌ ပုဂၢလိကေခ်းေငြလုပ္ငန္းမ်ားမွ ေခ်းေငြယူထားသူမ်ားကို ဖိအားေပးေတာင္းယူမႈမ်ား ျပဳလုပ္

COVID 19 ကာလ၌ ပုဂၢလိကေခ်းေငြလုပ္ငန္းမ်ားမွ ေခ်းေငြယူထားသူမ်ားကို ဖိအားေပးေတာင္းယူမႈမ်ား ျပဳလုပ္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၈
 
COVID 19 ကာလအတြင္း ပုဂၢလိကေခ်းေငြလုပ္ငန္းမ်ားမွ ေခ်းေငြယူထားသူမ်ားကိုဖိအားေပးေတာင္းယူမႈ မ်ားေၾကာင့္ အခက္အခဲႀကဳံေတြ႕ေနေၾကာင္း ေက်ာက္ပန္းေတာင္းၿမိဳ႕ေန ျပည္သူအခ်ိဳ႕မွ ေျပာသည္။
 
“ခုကာလမွာ ေခ်းငွားရတာလည္းအဆင္မေျပလို႔ ေနာက္ကေလးဆုတ္ေပးဖို႔ေျပာတာ။ အဲဒါအစ္မတို႔ကို ဖုန္းရွိရင္ဖုန္းေပါင္ေပး။ မရွိရွိတာေပါင္ေပး၊ အခုပဲသြားေခ်းလိုက္ပါ၊ အစ္မကခုခ်ိန္သြားေခ်းလို႔မရဘူးလို႔ ေျပာတာေတာင္ ည ၁၀ နာရီခြဲ ၁၁ နာရီမွျပန္ၾကတယ္။ လာေတာင္းတဲ့အဖြဲ႕ေတြက ထိုင္ကိုေစာင့္ေနၾကတာ။ JAB ၊ 225 ရယ္၊ HANA ရယ္ အဲ့သုံးခုက အရမ္းေတာင္းတယ္။ ေနာက္ Pact Myanmar က်ေတာ့ လုံး၀ကိုမရပ္ပါဘူးတဲ့ ဘယ္လိုပဲျဖစ္ျဖစ္ပါတဲ့။ သူတို႔က ထိုင္ေတာင္းမွာတဲ့။ ဆပ္နိုင္တဲ့ အခ်ိန္ေတြတုန္းက ဆပ္ၿပီးၿပီ။ အစ္မက ဆပ္နိုင္တဲ့အခ်ိန္ အလုပ္ေတြျပန္ဖြင့္တဲ့အခ်ိန္ က်ရင္ ေပးပါ့မယ္။ ခုဒီလိုကာလေလးမွာ ေနာက္ဆုတ္ေပးပါဦး ေျပာတာပါ။ မိန္းကေလး ၄ ေယာက္၊ ေယာက်္ားေလး ၄ ေယာက္ အိမ္ကို ၈ ေယာက္လာတယ္။ ဇြတ္ကိုအတင္းေတာင္းတာ ေတာင္းပန္လို႔လည္း မရဘူး။ ခုဒီလိုကာလမွာ နည္းနည္းေလး ေနာက္ဆုတ္ေပးဖို႔ ေျပာခ်င္တာပါ။ တစ္လတန္သည္၊ ႏွစ္လတန္သည္ေပါ့။ ခုဆိုလည္း အဲ့ရက္ေရာက္မွာ ေၾကာက္ေနရတယ္”ဟု မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ သီရိမဂၤလာရပ္ကြက္၊ ၿမိဳ႕ေျခာက္လမ္းအေရွ႕ေန မစန္းစန္းဦးမွ ေျပာသည္။
 
လက္ရွိ COVID-19 ကာလ၌ ေခ်းေငြမ်ား ေကာက္ယူမႈရပ္ဆိုင္းရန္ တိုင္းေဒသႀကီး/ျပည္နယ္အခ်ိဳ႕၌ သက္ဆိုင္ရာ အစိုးရအဖြဲ႕က အမိန႔္ထုတ္ျပန္ထားသည္။
 
သို႔ေသာ္ ရပ္ဆိုင္းမိန႔္ မထုတ္ျပန္ေသာ တိုင္းေဒသႀကီး/ျပည္နယ္ အခ်ိဳ႕လည္း ရွိခဲ့သည္။
 
“မေန႔ကကၽြန္မတို႔ကို လာေကာက္တယ္။ ကၽြန္မတို႔က တစ္ႏွစ္ဆပ္။ တစ္ခါကို ၁၇၇၀၀ ဆပ္ရတယ္။ သြင္းဖို႔ ၃ လပဲက်န္ေတာ့တယ္။ သူတို႔ကိုေပးရမွာ တစ္သိန္းေက်ာ္ပဲက်န္ေတာ့တယ္။ အဲဒါမေန႔ကလာၿပီး ေျပာေတာ့ ေပးေခ်ရမယ့္ ေငြပမာဏနဲ႔ကြာေနလို႔ ေမးၾကည့္ေတာ့ အတိုးတက္တယ္ဆိုၿပီးေျပာတယ္။ ေန႔ခ်င္းတိုးတဲ့။ မဆပ္နိုင္ေသးလို႔ေပါ့ေနာ္ မေပးနိုင္လို႔ ခဏရပ္ထားေပးပါေျပာတာ။ အတိုးတက္သြားတယ္။ ေနာက္ဆုံးေၾက တဲ့အခ်ိန္မွာ သုံးသိန္းလည္းျဖစ္သြားနိုင္တယ္ မဆပ္နိုင္တဲ့အတြက္ေပါ့။ ေန႔ခ်င္းတိုးလို႔ 225 ေခ်းေငြကုမၸဏီက အဲ့လိုေျပာသြားတယ္”ဟု မဇင္မာဦးမွလည္း အခုလိုေျပာသည္။
 
ေခ်းေငြထုတ္ယူရာတြင္ ငါးဦး သို႔မဟုတ္ သုံးဦးအစုအဖြဲ႕ျဖင့္ ထုတ္ယူရၿပီး ယခင္ကာလမ်ားတြင္ လစဥ္ပုံမွန္ ေပးေဆာင္ခဲ့ၿပီး လက္ရွိ COVID 19 ကာလတြင္ အလုပ္အကိုင္မ်ား ျပတ္လပ္မႈမ်ားေၾကာင့္ ေခ်းေငြေပး ေဆာင္ရန္အျပင္ စား၀တ္ေနေရးမ်ားအခက္အခဲျဖစ္ေနၾကေၾကာင္းလည္း ဆိုသည္။
 
အထက္ပါကိစၥမ်ားႏွင့္ပတ္သက္ၿပီး ပုဂၢလိကေခ်းေငြကုမၸဏီျဖစ္သည့္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ရွိ Pact Myanmar ႐ုံးသို႔ ဆက္သြယ္ရာတြင္ ရန္ကုန္႐ုံးခ်ဳပ္ႏွင့္ ဆက္သြယ္ၿပီးမွသာ ေျဖဆိုခြင့္ရွိမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ၿပီး People Media မွ အဆိုပါ ႐ုံးခ်ဳပ္သို႔ ေခၚဆိုရာတြင္ ဆက္သြယ္၍မရရွိေပ။
 
#PeopleMedia #ေခ်းေငြ
 
(Unicode)
COVID 19 ကာလ၌ ပုဂ္ဂလိကချေးငွေလုပ်ငန်းများမှ ချေးငွေယူထားသူများကို ဖိအားပေးတောင်းယူမှုများ ပြုလုပ်
………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၈
 
COVID 19 ကာလအတွင်း ပုဂ္ဂလိကချေးငွေလုပ်ငန်းများမှ ချေးငွေယူထားသူများကိုဖိအားပေးတောင်းယူမှု များကြောင့် အခက်အခဲကြုံတွေ့နေကြောင်း ကျောက်ပန်းတောင်းမြို့နေ ပြည်သူအချို့မှ ပြောသည်။
 
“ခုကာလမှာ ချေးငှားရတာလည်းအဆင်မပြေလို့ နောက်ကလေးဆုတ်ပေးဖို့ပြောတာ။ အဲဒါအစ်မတို့ကို ဖုန်းရှိရင်ဖုန်းပေါင်ပေး။ မရှိရှိတာပေါင်ပေး၊ အခုပဲသွားချေးလိုက်ပါ၊ အစ်မကခုချိန်သွားချေးလို့မရဘူးလို့ ပြောတာတောင် ည ၁၀ နာရီခွဲ ၁၁ နာရီမှပြန်ကြတယ်။ လာတောင်းတဲ့အဖွဲ့တွေက ထိုင်ကိုစောင့်နေကြတာ။ JAB ၊ 225 ရယ်၊ HANA ရယ် အဲ့သုံးခုက အရမ်းတောင်းတယ်။ နောက် Pact Myanmar ကျတော့ လုံးဝကိုမရပ်ပါဘူးတဲ့ ဘယ်လိုပဲဖြစ်ဖြစ်ပါတဲ့။ သူတို့က ထိုင်တောင်းမှာတဲ့။ ဆပ်နိုင်တဲ့ အချိန်တွေတုန်းက ဆပ်ပြီးပြီ။ အစ်မက ဆပ်နိုင်တဲ့အချိန် အလုပ်တွေပြန်ဖွင့်တဲ့အချိန် ကျရင် ပေးပါ့မယ်။ ခုဒီလိုကာလလေးမှာ နောက်ဆုတ်ပေးပါဦး ပြောတာပါ။ မိန်းကလေး ၄ ယောက်၊ ယောကျ်ားလေး ၄ ယောက် အိမ်ကို ၈ ယောက်လာတယ်။ ဇွတ်ကိုအတင်းတောင်းတာ တောင်းပန်လို့လည်း မရဘူး။ ခုဒီလိုကာလမှာ နည်းနည်းလေး နောက်ဆုတ်ပေးဖို့ ပြောချင်တာပါ။ တစ်လတန်သည်၊ နှစ်လတန်သည်ပေါ့။ ခုဆိုလည်း အဲ့ရက်ရောက်မှာ ကြောက်နေရတယ်”ဟု မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်၊ မြို့ခြောက်လမ်းအရှေ့နေ မစန်းစန်းဦးမှ ပြောသည်။
 
လက်ရှိ COVID-19 ကာလ၌ ချေးငွေများ ကောက်ယူမှုရပ်ဆိုင်းရန် တိုင်းဒေသကြီး/ပြည်နယ်အချို့၌ သက်ဆိုင်ရာ အစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ထားသည်။
 
သို့သော် ရပ်ဆိုင်းမိန့် မထုတ်ပြန်သော တိုင်းဒေသကြီး/ပြည်နယ် အချို့လည်း ရှိခဲ့သည်။
 
“မနေ့ကကျွန်မတို့ကို လာကောက်တယ်။ ကျွန်မတို့က တစ်နှစ်ဆပ်။ တစ်ခါကို ၁၇၇၀၀ ဆပ်ရတယ်။ သွင်းဖို့ ၃ လပဲကျန်တော့တယ်။ သူတို့ကိုပေးရမှာ တစ်သိန်းကျော်ပဲကျန်တော့တယ်။ အဲဒါမနေ့ကလာပြီး ပြောတော့ ပေးချေရမယ့် ငွေပမာဏနဲ့ကွာနေလို့ မေးကြည့်တော့ အတိုးတက်တယ်ဆိုပြီးပြောတယ်။ နေ့ချင်းတိုးတဲ့။ မဆပ်နိုင်သေးလို့ပေါ့နော် မပေးနိုင်လို့ ခဏရပ်ထားပေးပါပြောတာ။ အတိုးတက်သွားတယ်။ နောက်ဆုံးကြေ တဲ့အချိန်မှာ သုံးသိန်းလည်းဖြစ်သွားနိုင်တယ် မဆပ်နိုင်တဲ့အတွက်ပေါ့။ နေ့ချင်းတိုးလို့ 225 ချေးငွေကုမ္ပဏီက အဲ့လိုပြောသွားတယ်”ဟု မဇင်မာဦးမှလည်း အခုလိုပြောသည်။
 
ချေးငွေထုတ်ယူရာတွင် ငါးဦး သို့မဟုတ် သုံးဦးအစုအဖွဲ့ဖြင့် ထုတ်ယူရပြီး ယခင်ကာလများတွင် လစဉ်ပုံမှန် ပေးဆောင်ခဲ့ပြီး လက်ရှိ COVID 19 ကာလတွင် အလုပ်အကိုင်များ ပြတ်လပ်မှုများကြောင့် ချေးငွေပေး ဆောင်ရန်အပြင် စားဝတ်နေရေးများအခက်အခဲဖြစ်နေကြကြောင်းလည်း ဆိုသည်။
 
အထက်ပါကိစ္စများနှင့်ပတ်သက်ပြီး ပုဂ္ဂလိကချေးငွေကုမ္ပဏီဖြစ်သည့် ကျောက်ပန်းတောင်းမြို့နယ်ရှိ Pact Myanmar ရုံးသို့ ဆက်သွယ်ရာတွင် ရန်ကုန်ရုံးချုပ်နှင့် ဆက်သွယ်ပြီးမှသာ ဖြေဆိုခွင့်ရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး People Media မှ အဆိုပါ ရုံးချုပ်သို့ ခေါ်ဆိုရာတွင် ဆက်သွယ်၍မရရှိပေ။
 
#PeopleMedia #ချေးငွေ

Share this post