• Follow Us on

Home COVID-19 ကူးစက်ခံခဲ့ရသည့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနှင့် ဇနီးတို့ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်း

COVID-19 ကူးစက်ခံခဲ့ရသည့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနှင့် ဇနီးတို့ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်း

Share this post

ရန်ကုန်၊ သြဂုတ် ၂၆ (People Media)

 

COVID-19 ကူးစက်ခံခဲ့ရသည့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနှင့် ဇနီးတို့ ရောဂါပျောက်ကင်း၍ စစ်ဆေးရုံမှ ဆင်းသွားပြီးလို့ ၎င်းတို့နှင့် နီးစပ်သူထံမှ သိရပါတယ်။

 

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနှင့် ဇနီးဖြစ်သူတို့သည် COVID-19 ကူးစက်ခံရပြီးနောက် သြဂုတ်လ ၁၀ ရက်နေ့၌ တပ်မတော် စစ်ဆေးရုံ (သိုက်ချောင်း) ၌ တက်ရောက်ဆေးကုသခဲ့တာလည်း ဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ COVID-19 ရောဂါပျောက်ကင်း၍ စစ်ဆေးရုံမှ ဆင်းသွားပြီး နေပြည်တော်ရှိ ၎င်း၏ နေအိမ်၌ နေထိုင်လျက်ရှိကြောင်း နီးစပ်သူများထံက သိရပါတယ်။

 

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေသည် ၁၉၉၂ မှ ၂၀၁၀ ထိ နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့သူလည်း ဖြစ်ပါတယ်။

 

Photo – credit

 

#PeopleMedia #COVID #ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

 

(unicode)


……………………………………………………………….

 


 


 


 


 


 

Photo – credit

 



Share this post