• Follow Us on

Home COVID-19 ကူးစက္မႈအမ်ားဆံုးတတိယႏိုင္ငံ အိႏိၵယျဖစ္လာ

COVID-19 ကူးစက္မႈအမ်ားဆံုးတတိယႏိုင္ငံ အိႏိၵယျဖစ္လာ

Share this post

နယူးေဒလီ၊ ဇူလိုင္ ၆

လူသန္းခ်ီခိုကိုးရာမဲ့ျဖစ္ခဲ့တဲ့ စီးပြားေရးၿပိဳလဲမႈကို ေျပာင္းျပန္လွန္ဖို႔ အလံုပိတ္ကန္႔သတ္မႈေတြကို ေျဖေလွ်ာ့ၿပီး ေနာက္ အိႏၵိယႏိုင္ငံရဲ႕ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါကူးစက္မႈဟာ ကမာၻမွာ တတိယေျမာက္အမ်ားဆံုးျဖစ္လာ ပါတယ္။

အိႏၵိယႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ ၆၉၇၄၁၃ ေယာက္႐ွိေနတယ္လို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာန က ထုတ္ျပန္ခဲ့ၿပီး ဒါဟာ အရင္က တတိယအမ်ားဆံုးကူးစက္ေနတဲ့ႏိုင္ငံျဖစ္တဲ့႐ု႐ွားထက္ပိုမ်ားေနတာပါ။

အိႏၵိယႏိုင္ငံထက္ပိုမ်ားတဲ့ႏိုင္ငံေတြကေတာ့ လူ ၂ သန္းေက်ာ္ကူးစက္ခံထားရတဲ့အေမရိကန္ျပည္ေထာင္စုနဲ႔ လူ ၁ သန္းေက်ာ္ကူးစက္ခံထားရတဲ့ဘရာဇီးႏိုင္ငံတို႔ျဖစ္ၿပီး အခုလကုန္ဆိုရင္ အိႏၵိယႏိုင္ငံမွာ အတည္ျပဳလူနာ ၈ သိန္းေက်ာ္သြားမယ္လို႔ မစ္ခ်ီဂန္တကၠသိုလ္က သိပၸံပညာ႐ွင္အဖြဲ႔တစ္ဖြဲ႔က ခန္႔မွန္းထားပါတယ္။

ကူးစက္ခံရသူ ၁၀၀၀ မျပည့္ေသးတဲ့ မတ္လကုန္မွာ အိႏိၵယႏိုင္ငံက ကမာၻ႔ကုန္က်မႈအမ်ားဆံုးအလံုပိတ္ကန္႔ သတ္မႈစလုပ္ခဲ့ေပမဲ့ ကူးစက္မႈအသစ္ေတြထပ္မျဖစ္လာဖို႔ မခ်ိဳးႏွိမ္ထားႏိုင္ခဲ့ပါဘူး။

ၿပီးခဲ့တဲ့ဆယ္စုႏွစ္ ၄ ခုအတြင္း ပထမဆံုးစီးပြားေရးအၾကပ္အတည္းဘက္ကိုလြင့္သြားတဲ့ကန္႔သတ္မႈေတြကို ေျဖေလွ်ာ့ဖို႔ ၿပီးခဲ့တဲ့လမွာ ၀န္ႀကီးခ်ဳပ္နာရန္ဒရာ မိုဒီကို တြန္းအားေပးခဲ့ၾကပါတယ္။

တ႐ုတ္ႏိုင္ငံမွာစတင္ၿပီး ဥေရာပကေန ေနာက္ပိုင္းမွာက်န္းမာေရးစနစ္အားနည္းတဲ့ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြျဖစ္တဲ့ ဘရာဇီးနဲ႔ အိႏၵိယတို႔ဟာ ကမာၻ႔အမ်ားဆံုးကူးစက္မႈဗဟိုျဖစ္လာေနပါတယ္။

မတ္လကုန္ပိုင္းကစၿပီးေတာ့ အေမရိကန္ဟာ ကမာၻ႔အမ်ားဆံုးကူးစက္ခံရသူနဲ႔ေသဆံုးသူေတြ႐ွိေနတဲ့ေနရာျဖစ္ ေနပါတယ္။

ဒီကပ္ေရာဂါဟာ လူဦးေရသန္း ၁၃၀၀ ေက်ာ္႐ွိတဲ့အိႏၵိယႏိုင္ငံကို ၀န္ထမ္းအင္အားမလံုေလာက္မႈနဲ႔ ေငြေၾကး ေထာက္ပံ့မႈအားနည္းတဲ့ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ဖိအားေတြေအာက္ကိုတြန္းပို႔ေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ဒဏ္မခံရခင္မွာ အိႏၵိယႏိုင္ငံဟာ ကမာၻမွာ က်န္းမာေရးေစာင့္ေ႐ွာက္ခံရမႈနဲ႔ အရည္အေသြး ရ႐ွိမႈမွာ ၁၉၅ ႏိုင္ငံထဲ အဆင့္ ၁၅၄ ႐ွိေနပါတယ္။

Ref : India’s Coronavirus Epidemic Overtakes Russia to Become World’s Third Biggest

#PeopleMedia

(unicode)
COVID-19 ကူးစက်မှုအများဆုံးတတိယနိုင်ငံ အိန္ဒိယဖြစ်လာ
……………………………………………

နယူးဒေလီ၊ ဇူလိုင် ၆

လူသန်းချီခိုကိုးရာမဲ့ဖြစ်ခဲ့တဲ့ စီးပွားရေးပြိုလဲမှုကို ပြောင်းပြန်လှန်ဖို့ အလုံပိတ်ကန့်သတ်မှုတွေကို ဖြေလျှော့ပြီး နောက် အိန္ဒိယနိုင်ငံရဲ့ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်မှုဟာ ကမ္ဘာမှာ တတိယမြောက်အများဆုံးဖြစ်လာ ပါတယ်။

အိန္ဒိယနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၆၉၇၄၁၃ ယောက်ရှိနေတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပြီး ဒါဟာ အရင်က တတိယအများဆုံးကူးစက်နေတဲ့နိုင်ငံဖြစ်တဲ့ရုရှားထက်ပိုများနေတာပါ။

အိန္ဒိယနိုင်ငံထက်ပိုများတဲ့နိုင်ငံတွေကတော့ လူ ၂ သန်းကျော်ကူးစက်ခံထားရတဲ့အမေရိကန်ပြည်ထောင်စုနဲ့ လူ ၁ သန်းကျော်ကူးစက်ခံထားရတဲ့ဘရာဇီးနိုင်ငံတို့ဖြစ်ပြီး အခုလကုန်ဆိုရင် အိန္ဒိယနိုင်ငံမှာ အတည်ပြုလူနာ ၈ သိန်းကျော်သွားမယ်လို့ မစ်ချီဂန်တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ခန့်မှန်းထားပါတယ်။

ကူးစက်ခံရသူ ၁၀၀၀ မပြည့်သေးတဲ့ မတ်လကုန်မှာ အိန္ဒိယနိုင်ငံက ကမ္ဘာ့ကုန်ကျမှုအများဆုံးအလုံပိတ်ကန့် သတ်မှုစလုပ်ခဲ့ပေမဲ့ ကူးစက်မှုအသစ်တွေထပ်မဖြစ်လာဖို့ မချိုးနှိမ်ထားနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ဆယ်စုနှစ် ၄ ခုအတွင်း ပထမဆုံးစီးပွားရေးအကြပ်အတည်းဘက်ကိုလွင့်သွားတဲ့ကန့်သတ်မှုတွေကို ဖြေလျှော့ဖို့ ပြီးခဲ့တဲ့လမှာ ဝန်ကြီးချုပ်နာရန်ဒရာ မိုဒီကို တွန်းအားပေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံမှာစတင်ပြီး ဥရောပကနေ နောက်ပိုင်းမှာကျန်းမာရေးစနစ်အားနည်းတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ ဘရာဇီးနဲ့ အိန္ဒိယတို့ဟာ ကမ္ဘာ့အများဆုံးကူးစက်မှုဗဟိုဖြစ်လာနေပါတယ်။

မတ်လကုန်ပိုင်းကစပြီးတော့ အမေရိကန်ဟာ ကမ္ဘာ့အများဆုံးကူးစက်ခံရသူနဲ့သေဆုံးသူတွေရှိနေတဲ့နေရာဖြစ် နေပါတယ်။

ဒီကပ်ရောဂါဟာ လူဦးရေသန်း ၁၃၀၀ ကျော်ရှိတဲ့အိန္ဒိယနိုင်ငံကို ဝန်ထမ်းအင်အားမလုံလောက်မှုနဲ့ ငွေကြေး ထောက်ပံ့မှုအားနည်းတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ဖိအားတွေအောက်ကိုတွန်းပို့နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဒဏ်မခံရခင်မှာ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ကျန်းမာရေးစောင့်ရှောက်ခံရမှုနဲ့ အရည်အသွေး ရရှိမှုမှာ ၁၉၅ နိုင်ငံထဲ အဆင့် ၁၅၄ ရှိနေပါတယ်။

Ref : India’s Coronavirus Epidemic Overtakes Russia to Become World’s Third Biggest

#PeopleMedia


Share this post