• Follow Us on

Home COVID-19 ကူးစက္လူနာ ရန္ကုန္သုိ႔ လာေရာက္ေဆးကုသစဥ္ ထိေတြ႕ခဲ့သည္ လူ(၁၅)ဦးကုိ ကန္႔သတ္ ေစာင့္ၾကည့္မည္

COVID-19 ကူးစက္လူနာ ရန္ကုန္သုိ႔ လာေရာက္ေဆးကုသစဥ္ ထိေတြ႕ခဲ့သည္ လူ(၁၅)ဦးကုိ ကန္႔သတ္ ေစာင့္ၾကည့္မည္

Share this post

ရန္ကုန္၊ ၾသဂုတ္ -၂၀

COVID-19 ကူစက္လူနာ လူနာအမွတ္စဥ္(၃၇၈) ရန္ကုန္ၿမိဳ႕သို႔လာေရာက္ေဆးကုသခံယူစဥ္ ထိေတြ႕ခဲ့သည့္ လူ(၁၅)ဦးကုိ အသြားအလာကန္႔သတ္ေစာင့္ၾကည့္သြားမည္ျဖစ္သည္။

ထုိကဲ့သုိ႔ ေစာင့္ၾကည့္ႏုိင္ရန္ အတည္ျပဳလူနာႏွင့္ထိေတြ႔ခဲ့သည္ လူ(၁၅)ဦးတုိ႔ကုိ ၎တုိ႔၏ ေနအိမ္အသီးသီးမွ ၾသဂုတ္လ (၁၉)ရက္ေန႔၌ သက္ဆုိင္ရာ က်န္းမာေရအဖြဲ႔မ်ားက လာေရာက္ေခၚေဆာင္သြားခဲ့သည္။

“ညကလာေခၚသြားတာ ဟုတ္ပါတယ္ခင္ဗ်။ ကြာရန္တင္း၀င္ဖို႔ေပါ့။ လူနာအမွတ္ ၃၇၈ လာၿပီးေဆးလာကု တုန္းကထိေတြ႕ခဲ့တဲ့လူ ၁၅ ဦးစလုံးလာေခၚသြားတယ္။ သူတည္းခဲ့တဲ့အိမ္ကေရာ၊ သူထိေတြ႕မႈရွိခဲ့တဲ့လူေ တြေရာေပါ့။ ေဆးလာကုသတာကေတာ့ ႐ိုး႐ိုးေရာဂါနဲ႔ကုသြားတာေပါ့။ အခုက သူနဲ႔ဆက္စပ္မႈကိုလိုက္ရင္း အခုလို ထိေတြ႕ခဲ့တဲ့လူေတြကိုကြာရန္တင္းထားလိုက္တာေပါ့’’ဟု ေျမာက္ဥကၠလာပၿမိဳ႕နယ္တိုင္းေဒသ ႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္အမွတ္ ၂ မွ ဦးျမင့္လြင္က ေျပာၾကားခဲ့သည္။

လူနာအမွတ္ ၃၇၈ သည္ စစ္ေတြၿမိဳ႕ေနထုိင္သူျဖစ္ၿပီး လက္ရွိအခ်ိန္၌ စစ္ေတြၿမိဳ႕ ေဆး႐ုံႀကီး၌ ေဆးဝါးကုသမႈ ခံယူလ်က္ရွိသည္။

လက္ရွိတြင္ COVID-19 ဓါတ္ခြဲအတည္ျပဳလူနာ ၃၉၆ ဦး၊ ေရာဂါပိုးျပန္လည္ကင္းစင္လာသူ ၃၃၃ ဦး၊ ေသဆုံး သူ ၆ ဦးရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #COVID #စစ္ေတြ

(unicode)
COVID-19 ကူးစက်လူနာ ရန်ကုန်သို့ လာရောက်ဆေးကုသစဉ် ထိတွေ့ခဲ့သည် လူ(၁၅)ဦးကို ကန့်သတ် စောင့်ကြည့်မည်
…………………………………………………

ရန်ကုန်၊ ဩဂုတ် -၂၀

COVID-19 ကူစက်လူနာ လူနာအမှတ်စဉ်(၃၇၈) ရန်ကုန်မြို့သို့လာရောက်ဆေးကုသခံယူစဉ် ထိတွေ့ခဲ့သည့် လူ(၁၅)ဦးကို အသွားအလာကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်သည်။

ထိုကဲ့သို့ စောင့်ကြည့်နိုင်ရန် အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သည် လူ(၁၅)ဦးတို့ကို ၎င်းတို့၏ နေအိမ်အသီးသီးမှ ဩဂုတ်လ (၁၉)ရက်နေ့၌ သက်ဆိုင်ရာ ကျန်းမာရေအဖွဲ့များက လာရောက်ခေါ်ဆောင်သွားခဲ့သည်။

“ညကလာခေါ်သွားတာ ဟုတ်ပါတယ်ခင်ဗျ။ ကွာရန်တင်းဝင်ဖို့ပေါ့။ လူနာအမှတ် ၃၇၈ လာပြီးဆေးလာကု တုန်းကထိတွေ့ခဲ့တဲ့လူ ၁၅ ဦးစလုံးလာခေါ်သွားတယ်။ သူတည်းခဲ့တဲ့အိမ်ကရော၊ သူထိတွေ့မှုရှိခဲ့တဲ့လူ ေတွရောပေါ့။ ဆေးလာကုသတာကတော့ ရိုးရိုးရောဂါနဲ့ကုသွားတာပေါ့။ အခုက သူနဲ့ဆက်စပ်မှုကိုလိုက်ရင်း အခုလို ထိတွေ့ခဲ့တဲ့လူတွေကိုကွာရန်တင်းထားလိုက်တာပေါ့’’ဟု မြောက်ဥက္ကလာပမြို့နယ်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးမြင့်လွင်က ပြောကြားခဲ့သည်။

လူနာအမှတ် ၃၇၈ သည် စစ်တွေမြို့နေထိုင်သူဖြစ်ပြီး လက်ရှိအချိန်၌ စစ်တွေမြို့ ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။

လက်ရှိတွင် COVID-19 ဓါတ်ခွဲအတည်ပြုလူနာ ၃၉၆ ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ ၃၃၃ ဦး၊ သေဆုံး သူ ၆ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #COVID #စစ်တွေ


Share this post