• Follow Us on

Home COVID-19 စတင္ျဖစ္ပြားခ်ိန္မွစ၍ ျမန္မာတစ္ျပည္လံုးရွိ ရဟန္း၊ သံဃာ၊ သာမေဏ၊ သီလရွင္မ်ားအတြက္ က်ပ္သိန္းေပါင္းေသာင္းေက်ာ္ ေဇကမာၻေဒါက္တာခင္ေရႊ လွဴဒါန္းထား ေန႔စဥ္လွဴဒါန္းလွ်က္ရွိ

COVID-19 စတင္ျဖစ္ပြားခ်ိန္မွစ၍ ျမန္မာတစ္ျပည္လံုးရွိ ရဟန္း၊ သံဃာ၊ သာမေဏ၊ သီလရွင္မ်ားအတြက္ က်ပ္သိန္းေပါင္းေသာင္းေက်ာ္ ေဇကမာၻေဒါက္တာခင္ေရႊ လွဴဒါန္းထား ေန႔စဥ္လွဴဒါန္းလွ်က္ရွိ

Share this post

ရန္ကုန္၊ ေမ ၁၉

 

COVID-19 စတင္ျဖစ္ပြားခ်ိန္မွစ၍ ယခုအခ်ိန္ထိ ျမန္မာတစ္ျပည္လံုးရွိ ဆြမ္း၊ ကြမ္း ခက္ခဲသည့္ ရဟန္း၊ သံဃာ၊ သာမေဏ၊ သီလရွင္မ်ားအတြက္ က်ပ္သိန္းေပါင္းေသာင္းေက်ာ္ကို ေထရ၀ါဒဗုဒၶဘာသာအဖဲြ႕ခ်ဳပ္နွင့္ နယ္စပ္ ေတာင္တန္းေဒသသာသနာ့ႏုဂၢဟအသင္း(ဗဟို)အဖဲြ႕ခ်ဳပ္ ဥကၠဌေဇကမာၻေဒါက္တာခင္ေရႊမွ လွဴဒါန္းၿပီး ျဖစ္ကာ ေန႔စဥ္လွဴဒါန္းလွ်က္ရွိေၾကာင္း အသင္းဒုဥကၠဌေဒါက္တာရဲေအာင္ကေျပာသည္။

 

Covid-19 ေၾကာင့္ ဆြမ္း၊ ကြမ္း အခက္အခဲရွိသည့္ ေက်ာင္းမ်ားကို လွဴဒါန္းမႈျပဳလုပ္လ်က္ရွိၿပီး ရန္ကုန္တုိ္င္း အတြင္း ေက်ာင္းေပါင္း ၂၂၈ ေက်ာင္းေျမာက္အထိလွဴဒါန္းႏုိင္သည့္အျပင္ တစ္ျခားတိုင္းေဒသႀကီးမ်ားတြင္ လည္း လွဴဒါန္းလ်က္ရွိေၾကာင္း ၎ကေျပာသည္။

 

“ရဟန္း၊ သံဃာ၊ သာမေဏ၊ သီလရွင္ ေတြကိုေစာင့္ေရွာက္တာ၊ လွဴဒါန္းေပးတာ အခက္အခဲမျဖစ္ေအာင္ ေဆာင္ရြက္ေပးတာ၀မ္းလည္းသာတယ္။ ဗဟိုဥကၠဌႀကီးျဖစ္တဲ့ ေဒါက္တာခင္ေရႊကိုေက်းဇူးလည္းတင္တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဒါေတြကတစ္ခ်ိဳ႕လူေတြကမေတြးတတ္ဘူးေလ။ ေတြးလည္းမေတြးၾကဘူးေပါ့ေနာ္။ ဒီလိုျဖစ္ရင္လူေတြက်ေတာ့ေခ်းငွားစားလို႔ရတယ္ ရဟန္း၊ သံဃာ၊ ရွင္သာမေဏ၊ သီလရွင္ဆိုတာက သူတို႔ကေန႔ဖို႔ ညစာမွထားလို႔မရတာ။ ၀တ္နည္းေတြရွိတယ္ေလ။ အဲ့ေတာ့ၾကေတာ့ သူတို႔အခက္ခဲဆံုးျဖစ္တယ္။ တကယ္အခက္အခဲျဖစ္တဲ့ကာလႀကီးမွာ တကယ္အခက္အခဲျဖစ္တာကို ေျဖရွင္းေပးတဲ့ေဒါက္တာခင္ေရႊသာသ နာ့ႏုဂၢအသင္း(ဗဟို) ဥကၠဌႀကီးကို ေက်းဇူးတင္တယ္”ဟု ျမန္မာနိုင္ငံလံုးဆိုင္ရာ ေထရ၀ါဒဗုဒၶဘာသာအဖဲြ႕ခ်ဳပ္ နွင့္ နယ္စပ္ေတာင္တန္းေဒသသာသနာ့ႏုဂၢဟအသင္း (ဗဟို) အဖဲြ႕ခ်ဳပ္ဒုဥကၠ႒ ရန္ကုန္တိုင္းေဒသႀကီးဥကၠ႒ ေဒါက္တာရဲေအာင္ကေျပာသည္။ Covid-19 ေရာဂါ ျဖစ္ပြားေနခ်ိန္တြင္အခက္အခဲျဖစ္သည့္ ရဟန္း၊ သံဃာ၊ သာမေဏ၊ သီလရွင္မ်ားကို လွဴဒါန္းမွဴျပဳလုပ္ေပးသည့္အတြက္ ေဒါက္တာခင္ေရႊအားေက်းဇူးတင္ေၾကာင္းနွင့္ ျမန္မာႏုိင္ငံတြင္အလွဴရွင္မ်ားထပ္မံေပၚေပါက္လာေစခ်င္ေၾကာင္း ေဒါက္တာရဲေအာင္ကေျပာသည္။

 

#PeopleMedia

(Unicode)

COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ မြန်မာတစ်ပြည်လုံးရှိ ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်များအတွက် ကျပ်သိန်းပေါင်းသောင်းကျော် ဇေကမ္ဘာဒေါက်တာခင်ရွှေ လှူဒါန်းထား နေ့စဉ်လှူဒါန်းလျှက်ရှိ …………………………………………………………………………………….

ရန်ကုန်၊ မေ ၁၉

COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ ယခုအချိန်ထိ မြန်မာတစ်ပြည်လုံးရှိ ဆွမ်း၊ ကွမ်း ခက်ခဲသည့် ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်များအတွက် ကျပ်သိန်းပေါင်းသောင်းကျော်ကို ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသသာသနာ့နုဂ္ဂဟအသင်း(ဗဟို)အဖွဲ့ချုပ် ဥက္ကဌဇေကမ္ဘာဒေါက်တာခင်ရွှေမှ လှူဒါန်းပြီး ဖြစ်ကာ နေ့စဉ်လှူဒါန်းလျှက်ရှိကြောင်း အသင်းဒုဥက္ကဌဒေါက်တာရဲအောင်ကပြောသည်။

Covid-19 ကြောင့် ဆွမ်း၊ ကွမ်း အခက်အခဲရှိသည့် ကျောင်းများကို လှူဒါန်းမှုပြုလုပ်လျက်ရှိပြီး ရန်ကုန်တို်င်း အတွင်း ကျောင်းပေါင်း ၂၂၈ ကျောင်းမြောက်အထိလှူဒါန်းနိုင်သည့်အပြင် တစ်ခြားတိုင်းဒေသကြီးများတွင် လည်း လှူဒါန်းလျက်ရှိကြောင်း ၎င်းကပြောသည်။

“ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင် တွေကိုစောင့်ရှောက်တာ၊ လှူဒါန်းပေးတာ အခက်အခဲမဖြစ်အောင် ဆောင်ရွက်ပေးတာဝမ်းလည်းသာတယ်။ ဗဟိုဥက္ကဌကြီးဖြစ်တဲ့ ဒေါက်တာခင်ရွှေကိုကျေးဇူးလည်းတင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒါတွေကတစ်ချို့လူတွေကမတွေးတတ်ဘူးလေ။ တွေးလည်းမတွေးကြဘူးပေါ့နော်။ ဒီလိုဖြစ်ရင်လူတွေကျတော့ချေးငှားစားလို့ရတယ် ရဟန်း၊ သံဃာ၊ ရှင်သာမဏေ၊ သီလရှင်ဆိုတာက သူတို့ကနေ့ဖို့ ညစာမှထားလို့မရတာ။ ဝတ်နည်းတွေရှိတယ်လေ။ အဲ့တော့ကြတော့ သူတို့အခက်ခဲဆုံးဖြစ်တယ်။ တကယ်အခက်အခဲဖြစ်တဲ့ကာလကြီးမှာ တကယ်အခက်အခဲဖြစ်တာကို ဖြေရှင်းပေးတဲ့ဒေါက်တာခင်ရွှေသာသ နာ့နုဂ္ဂအသင်း(ဗဟို) ဥက္ကဌကြီးကို ကျေးဇူးတင်တယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ် နှင့် နယ်စပ်တောင်တန်းဒေသသာသနာ့နုဂ္ဂဟအသင်း (ဗဟို) အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါက်တာရဲအောင်ကပြောသည်။ Covid-19 ရောဂါ ဖြစ်ပွားနေချိန်တွင်အခက်အခဲဖြစ်သည့် ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်များကို လှူဒါန်းမှူပြုလုပ်ပေးသည့်အတွက် ဒေါက်တာခင်ရွှေအားကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံတွင်အလှူရှင်များထပ်မံပေါ်ပေါက်လာစေချင်ကြောင်း ဒေါက်တာရဲအောင်ကပြောသည်။

#PeopleMedia


Share this post