• Follow Us on

Home COVID-19 တတိယလှိုင်း၌ ကလေးမြို့နယ်အတွက် အောက်ဆီဂျင်အိုးများ သယ်ဆောင်ပေးခဲ့သည့် ၁၂ ဘီး ယာဉ် မီးရှို့ဖျက်ဆီးခံရပြီး ယာဉ်မောင်းဖြစ်သူ အသတ်ခံရ

COVID-19 တတိယလှိုင်း၌ ကလေးမြို့နယ်အတွက် အောက်ဆီဂျင်အိုးများ သယ်ဆောင်ပေးခဲ့သည့် ၁၂ ဘီး ယာဉ် မီးရှို့ဖျက်ဆီးခံရပြီး ယာဉ်မောင်းဖြစ်သူ အသတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

COVID-19 တတိယလှိုင်း၌ ကလေးမြို့နယ်အတွက် အောက်ဆီဂျင်အိုးများ သယ်ဆောင်ပေးခဲ့သည့် ၁၂ ဘီး ယာဉ်သည် ကလေးနဲ့ ဂန့်ဂေါလမ်းကြားလမ်းပိုင်း၌ မိုင်းထောင်ဖောက်ခွဲခြင်းခံခဲ့ရပြီး ယာဉ်မောင်းဖြစ်သူ အသတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ ဖျက်ဆီးခံရသည့် ၁၂ ဘီး မော်တော်ယာဉ်မှာ ကလေးမြို့နယ်၌ COVID-19 တတိယလှိုင်း ပြင်း ထန်ချိန်၌ မန္တလေးမြို့မှ အောက်ဆီဂျင်အိုးများကို ကလေးမြို့သို့ ပို့ဆောင်ပေးနေသည့်ယာဉ်ဖြစ်ကြောင်း အဆိုပါယာဉ်နှင့် ပတ်သက်သူတစ်ဦးက ပြောသည်။

 

စက်တင်ဘာ ၁၁ ရက်နေ့၌ အဆိုပါယာဉ်သည် ကလေးမြို့မှ မန္တလေးအား ကားပြင်ဆင်ရန် သွားရောက်ရာတွင် လမ်းခရီး၌ မိုင်းခွဲဖျက်ဆီးခံခဲ့ရသလို ယာဉ်မောင်းဖြစ်သူလည်း အသတ်ခံခဲ့ရခြင်းဖြစ်သည်။

 

“ကလေးနဲ့ ဂန့်ဂေါကြား ၁၂ ဘီးခါလီ တစ်စီး မိုင်းခွဲခံရတဲ့အပြင် မီးပါ ထပ်မံရှို့ခံရပါတယ်။ ယာဉ်မောင်းမှာ ဘယ်ဖက်ဒူးအောက်ပိုင်း အရိုးကြေမွကာ သွေးထွက်လွန်ပြီး လမ်းဘေးမှာတင် သေဆုံးသွားပါတယ်။ ကားက ကလေးမြို့အုံနာဖြစ်ပြီး မန္တလေးကို ကားပြင်ဖို့ ခါလီဆင်းသွားတာ ဖြစ်တယ်လို့” အဆိုပါယာဉ်နှင့် ပတ်သက်သူ တစ်ဦးက People Media ကိုပြောသည်။

 

မီးရှို့ဖျက်ဆီးခံရသည့် မော်တော်ယာဉ်၏ ယာဉ်မောင်းမှာ ရရှိသည့်ဒဏ်ကြောင့် သွေးထွက်လွန်၍ သေဆုံးခဲ့ပေ မယ့်လည်း အလောင်းအား သယ်ဆောင်ခွင့်ရရှိခြင်းမရှိသည့်အတွက် အခင်းဖြစ်ပွားရာနေရာ၌သာ မီးသဂြိုလ်မှု ပြုလုပ်ခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

“အလောင်းသယ်ဖို့တောင် PDF ဖက်က ခွင့်ပြုပြီး တပ်မတော်ဖက်က ခွင့်မပြုလို့ စိုင်ဒူးရွာမှာပဲ မြေချခဲ့ရတယ်” ဒေသခံတစ်ဦးက ပြောသည်။

 

အထက်ပါဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မော်တော်ယာဉ် ယာဉ်မောင်းတွင် အသက် ၃၁ အရွယ်ရှိ ကိုယ်ဝန်သည် အမျိုးသမီးနှင့် ကလေးငယ်နှစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

 

“သေဆုံးသွားတဲ့ ဒရိုင်ဘာမှာ တီးတိန်မြို့နယ် လိုင်တွီးရွာမှ အသက် ၃၁ အရွယ် ကိုဟောက်ခန့်ခုပ်ဖြစ်ပြီး ဇနီး သည်မှာလည်း ကိုယ်ဝန်အရင့်အမာနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်နှစ်ဦးကျန်ခဲ့ကြောင်း စိတ်မကောင်း စွာ ကြားသိရပါတယ်” ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိ တပ်မတော် နှင့် PDF များကြားဖြစ်ပွားနေသောတိုက်ပွဲအခြေအနေများကြောင့် ကလေးမြို့နှင့် ဂန့်ဂေါ မြို့အကြား မော်တော်ကားများ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF (Kalay) ကလေးမှ စက်တင်ဘာ ၁၂ ရက် နေ့က သတိပေးမှုပြုလုပ်ထားသည်။

 

#PeopleMedia #ကလေး

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 


 


 



Share this post