• Follow Us on

Home COVID-19 တုံ့ပြန်ရေးရန်ပုံငွေ ၂၃ ရာခိုင်နှုန်းကို ပင်တဂွန်အသုံးပြုခဲ့ပေမဲ့ ဘာလို့ပိုမသုံးတာလဲလို့ မေးခွန်းထုတ်လိုက်တဲ့ကွန်ဂရက်လွှတ်တော်


Share this post

ဝါရှင်တန်၊ မေ ၂၉







#PeopleMedia

(Unicode)
COVID-19 တုံ့ပြန်ရေးရန်ပုံငွေ ၂၃ ရာခိုင်နှုန်းကို ပင်တဂွန်အသုံးပြုခဲ့ပေမဲ့ ဘာလို့ပိုမသုံးတာလဲလို့ မေးခွန်းထုတ်လိုက်တဲ့ကွန်ဂရက်လွှတ်တော်
……………………………………………..

ဝါရှင်တန်၊ မေ ၂၉

ပြီးခဲ့တဲ့မတ်လမှာတုန်းက တပ်မတော်အမှုထမ်းတွေကို ကာကွယ်ဖို့နဲ့ နှာခေါင်းစည်းတွေ၊ အသက်ရှူစက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုတိုက်ခိုက်ရာမှာဆေးရုံတွေလိုအပ်တဲ့တခြားပစ္စည်းတွေထုတ်လုပ်တာကို ကြီးကြပ်ကွပ်ကဲဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်က ပင်တဂွန်စစ်ဌာနချုပ်ကို ဒေါ်လာသန်း ၁၀၆၀၀ ခွင့်ပြုပေးခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အကူအညီ၊ ကယ်ဆယ်ရေးနှင့် စီးပွားရေးလုံခြုံရေးအက်ဥပဒေ ၂၀၂၀ ရဲ့ တစိတ်တပိုင်းအနေနဲ့ ပြီးခဲ့တဲ့သီတင်းပတ် ၉ ပတ်က ခွင့်ပြုပေးခဲ့တဲ့ရန်ပုံငွေရဲ့ ၂၃ ရာခိုင်နှုန်းကို ပင်တဂွန်ကအသုံးပြုခဲ့တယ်လို့ မကြာသေးခင်ကထရမ့်အစိုးရရဲ့ကွန်ဂရက်လွှတ်တော်ကိုတင်သွင်းတဲ့အစီရက်ခံစာတွေကိုကိုးကားပြီးတော့ ဒီမိုကရက်လွှတ်တော်အမတ်တွေကပြောပါတယ်။

ဒါဟာ ကမ္ဘာ့ကပ်ရောဂါနဲ့ပတ်သက်ပြီးတော့ ပင်တဂွန်ရဲ့တုံ့ပြန်မှုနဲ့ပတ်သက်ပြီး ကွန်ဂရက်ဒီမိုကရတ်အမတ်တွေနဲ့ ပင်တဂွန်တို့ကြား သိသိသာသာဟိုဘက်ဒီဘက် နောက်ဆုံးဝေဖန်မှုဖြစ်ပါတယ်။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁ သိန်းကျော်သွားချိန်မှာ အထပ်လွှတ်တော်ကဒီမိုကရတ်အမတ် ၉ ယောက်ကို ကာကွယ်ရေးဝန်ကြီး မာ့က် အက်စပါဆီ ကြာသပတေးနေ့ကစာရေးပြီးတော့ ကျန်တဲ့ငွေတွေသုံးစွဲဖို့အစီအစဉ်တစ်ရပ် ကွန်ဂရက်ကိုတင်ပြပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မေလဆန်းမှာ အက်စပါက ကာကွယ်ရေးဝန်ကြီးဌာနဟာ COVID-19 ကိုတုံ့ပြန်ရာမှာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

Ref : The Pentagon has spent 23% of its COVID-19 response funds. Congress is asking why not more.

#PeopleMedia


Share this post