• Follow Us on

Home COVID-19 တံု႔ျပန္ေရးႏွင့္ ျပန္လည္နာလန္ထူေရးအတြက္ အိုအိုင္စီရန္ပံုေငြ တည္ေထာင္ရန္ ေဆာ္ဒီကို ဘဂၤ လားေဒ့႐ွ္တိုက္တြန္း

COVID-19 တံု႔ျပန္ေရးႏွင့္ ျပန္လည္နာလန္ထူေရးအတြက္ အိုအိုင္စီရန္ပံုေငြ တည္ေထာင္ရန္ ေဆာ္ဒီကို ဘဂၤ လားေဒ့႐ွ္တိုက္တြန္း

Share this post

ဒါကာ၊ ဇူလိုင္ ၂၄

အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕(အိုအိုင္စီ)၏ အဖြဲ႕၀င္ႏိုင္ငံမ်ားအတြက္ ေစတနာ့၀န္ထမ္း COVID-19 တံု႔ျပန္ေရးႏွင့္ ျပန္လည္နာလန္ထူေရးရန္ပံုေငြတည္ေထာင္ရန္ ေဆာ္ဒီအာေရဗ်ႏိုင္ငံကေထာက္ပံ့မႈ႐ွိသင့္ ေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးက ဗုဒၶဟူးေန႔တြင္တိုက္တြန္းသည္။

ေဆာ္ဒီႏိုင္ငံျခားေရး၀န္ႀကီးမင္းသားဖိုင္ဆယ္ ဘင္ ဖာဟန္ အယ္ေဆာ့ႏွင့္ ၀န္ႀကီး အဗၺဒူ မိုမန္တို႔ ဖုန္းမွတစ္ဆင့္ ေဆြးေႏြးေျပာဆိုရာတြင္ တိုက္တြန္းခဲ့ျခင္းဟု ၾကာသပေတးေန႔က ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနထုတ္ ျပန္ခ်က္တြင္ပါ၀င္သည္။

ေဆာ္ဒီမွစိုက္ပ်ိဳးေရးက႑တြင္ ဘဂၤလားေဒ့႐ွ္လုပ္သားမ်ားကို အလုပ္ခန္႔ထားရန္လည္း မင္းသားဖိုင္ဆယ္ကို ေတာင္းဆိုခဲ့သည္။

အမဲသားႏွင့္ ၾကက္သားထုတ္လုပ္ရန္ ေဆာ္ဒီျပည္သူပိုင္ႏွင့္ ပုဂၢလိပိုင္လုပ္ငန္းက႑မ်ားအေနျဖင့္ ဘဂၤလား ေဒ့႐ွ္တြင္ ရင္းႏွီးႁမွဳပ္ႏွံရန္လည္း မိုမန္ကေတာင္းဆိုခဲ့သည္။

ထို႔အျပင္ ေဆာ္ဒီသို႔ ဘဂၤလားေဒ့႐ွ္မွ ဟလာလ္အမဲသားႏွင့္ၾကက္သားတင္သြင္းရန္လည္း မိုမန္ကေတာင္းဆိုခဲ့ သည္။

တစ္ကိုယ္ေရကာကြယ္ေရး၀တ္စံု PPE မ်ားထုတ္လုပ္ႏိုင္စြမ္းကိုလည္း မင္းသားဖိုင္ဆယ္ကိုအသိေပးခဲ့ၿပီး ႏိုင္ငံ ျခားတင္ပို႔ႏိုင္စြမ္းကိုလည္း အသိေပးခဲ့သည္။

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ) ၁၁ သိန္းေက်ာ္ ေနရပ္ျပန္ေရးတြင္ ေဆာ္ဒီေထာက္ပံ့ရန္လည္း ေတာင္း ဆိုသည္။

ေဆာ္ဒီႏိုင္ငံျခားေရး၀န္ႀကီးက ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွကို႐ိုနာဗိုင္းရပ္စ္အေျခအေနကိုစံုစမ္းေမးျမန္းခဲ့သည္။

Ref : Bangladesh urges KSA to form OIC Covid-19 response, recovery fund

#PeopleMedia

(unicode)
COVID-19 တုံ့ပြန်ရေးနှင့် ပြန်လည်နာလန်ထူရေးအတွက် အိုအိုင်စီရန်ပုံငွေ တည်ထောင်ရန် ဆော်ဒီကို ဘင်္ဂ လားဒေ့ရှ်တိုက်တွန်း
……………………………………………………

ဒါကာ၊ ဇူလိုင် ၂၄

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)၏ အဖွဲ့ဝင်နိုင်ငံများအတွက် စေတနာ့ဝန်ထမ်း COVID-19 တုံ့ပြန်ရေးနှင့် ပြန်လည်နာလန်ထူရေးရန်ပုံငွေတည်ထောင်ရန် ဆော်ဒီအာရေဗျနိုင်ငံကထောက်ပံ့မှုရှိသင့် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင်တိုက်တွန်းသည်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးမင်းသားဖိုင်ဆယ် ဘင် ဖာဟန် အယ်ဆော့နှင့် ဝန်ကြီး အဗ္ဗဒူ မိုမန်တို့ ဖုန်းမှတစ်ဆင့် ဆွေးနွေးပြောဆိုရာတွင် တိုက်တွန်းခဲ့ခြင်းဟု ကြာသပတေးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ် ပြန်ချက်တွင်ပါဝင်သည်။

ဆော်ဒီမှစိုက်ပျိုးရေးကဏ္ဍတွင် ဘင်္ဂလားဒေ့ရှ်လုပ်သားများကို အလုပ်ခန့်ထားရန်လည်း မင်းသားဖိုင်ဆယ်ကို တောင်းဆိုခဲ့သည်။

အမဲသားနှင့် ကြက်သားထုတ်လုပ်ရန် ဆော်ဒီပြည်သူပိုင်နှင့် ပုဂ္ဂလိပိုင်လုပ်ငန်းကဏ္ဍများအနေဖြင့် ဘင်္ဂလား ဒေ့ရှ်တွင် ရင်းနှီးမြှုပ်နှံရန်လည်း မိုမန်ကတောင်းဆိုခဲ့သည်။

ထို့အပြင် ဆော်ဒီသို့ ဘင်္ဂလားဒေ့ရှ်မှ ဟလာလ်အမဲသားနှင့်ကြက်သားတင်သွင်းရန်လည်း မိုမန်ကတောင်းဆိုခဲ့ သည်။

တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ PPE များထုတ်လုပ်နိုင်စွမ်းကိုလည်း မင်းသားဖိုင်ဆယ်ကိုအသိပေးခဲ့ပြီး နိုင်ငံ ခြားတင်ပို့နိုင်စွမ်းကိုလည်း အသိပေးခဲ့သည်။

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) ၁၁ သိန်းကျော် နေရပ်ပြန်ရေးတွင် ဆော်ဒီထောက်ပံ့ရန်လည်း တောင်း ဆိုသည်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှကိုရိုနာဗိုင်းရပ်စ်အခြေအနေကိုစုံစမ်းမေးမြန်းခဲ့သည်။

Ref : Bangladesh urges KSA to form OIC Covid-19 response, recovery fund

#PeopleMedia


Share this post