• Follow Us on

Home COVID-19 ထက္ပိုမိုေသဆံုးႏိုင္သည့္အဆုတ္ေယာင္ေရာဂါအေရး ႏိုင္ငံသားမ်ားကို ကာဇက္စတန္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ံုးသတိေပး

COVID-19 ထက္ပိုမိုေသဆံုးႏိုင္သည့္အဆုတ္ေယာင္ေရာဂါအေရး ႏိုင္ငံသားမ်ားကို ကာဇက္စတန္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ံုးသတိေပး

Share this post

႐ွန္ဟိုင္း၊ ဇူလိုင္ ၁၀

COVID-19 အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါထက္ပိုၿပီး ေသဆံုးႏိုင္ေခ်မ်ားသည့္ အဆုတ္ေယာင္ေရာဂါ ျဖစ္ပြားေနမႈႏွင့္ဆက္စပ္၍ ကာဇက္စတန္ႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ံုးက ႏိုင္ငံသားမ်ားကို သတိေပးသည္။

ဇြန္လလယ္မွစ၍ အတီေရာ၊ အက္တိုဘီႏွင့္ ႐ွင္မ္ခန္႔ၿမိဳ႕တို႔တြင္ ထိုေရာဂါျဖစ္ပြားမႈသိသိသာသာျမင့္တက္လာ ေၾကာင္း ဇူလိုင္ ၉ ရက္၊ ၾကာသပေတးေန႔က တရား၀င္ WeChat အေကာင့္တြင္ထုတ္ျပန္သည္။

ကာဇက္စတန္ႏိုင္ငံမွ အဆုတ္ေယာင္ေရာဂါေၾကာင့္ ယခုႏွစ္တစ္၀က္အတြင္း ၁၇၇၂ ေယာက္ေသဆံုးခဲ့ၿပီး ဇြန္ ၁ လတည္းတြင္ တ႐ုတ္ႏိုင္ငံသားမ်ားအပါအ၀င္ လူ ၆၂၈ ေယာက္ေသဆံုးခဲ့ေၾကာင္း သံ႐ံုးထုတ္ျပန္ခ်က္တြင္ ပါ၀င္သည္။

“ဒီေရာဂါရဲ႕ေသဆံုးႏႈန္းက ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့အဆုတ္ေယာင္ေရာဂါထက္ အမ်ားႀကီးပိုမ်ားပါ တယ္” ဟုလည္းေျပာသည္။

ကို႐ိုနာဗိုင္းရပ္စ္သို႔မဟုတ္အျခားမ်ိဳးစိတ္တစ္ခုေၾကာင့္ ေရာဂါျဖစ္ေစျခင္းဟုတ္၊ မဟုတ္မ႐ွင္းလင္းေသးေပ။

ကာဇက္စတန္က်န္းမာေရး၀န္ႀကီးဌာနႏွင့္အျခားက်န္းမာေရးအဖြဲ႕အစည္းမ်ားက ႏႈိင္းယွဥ္သုေတသနလုပ္ေန ေသာ္လည္း ေကာက္ခ်က္မခ်ႏိုင္ေသးေပ။

အဂၤါေန႔က ကာဇက္စတန္အစိုးရသတင္းေအဂ်င္စီ Kazinform ၏ေဖာ္ျပခ်က္အရ ၂၀၁၉ ခုႏွစ္ ကာလတူႏွင့္ ႏႈိင္းယွဥ္ပါက ဇြန္တြင္ အဆုတ္ေယာင္ေရာဂါျဖစ္ပြားမႈ ၂.၂ ဆျမင့္တက္လာသည္ဟုသိရသည္။ တ႐ုတ္သံ႐ံုး၏သတိေပးခ်က္ႏွင့္ပတ္သက္၍ ေမးျမန္းရာ ကာဇက္စတန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက တစံုတရာ ေျဖၾကားျခင္းမ႐ွိဟု တ႐ုတ္အစိုးရ၏ People’s Daily ကထုတ္ေ၀သည့္ လူၿပိန္းႀကိဳက္သတင္းစာ Global Times ကေဖာ္ျပသည္။

သို႔ေသာ္ တ႐ုတ္မီဒီယာမ်ား၏ အဆုတ္ေယာင္ေရာဂါႏွင့္ပတ္သက္၍ သံ႐ံုးထုတ္ျပန္ခ်က္ကိုကိုးကားသည့္ သတင္းေဖာ္ျပခ်က္မ်ားမွာ သတင္းမွားမ်ားျဖစ္သည္ဟု ကာဇက္စတန္က်န္းမာေရး၀န္ႀကီးဌာနက ယေန႔တြင္ တံု႔ျပန္သည္။

မ႐ွင္းလင္းေသးသည့္ျဖစ္ရပ္မ်ားအပါအ၀င္ ဘက္တီးရီးယား၊ မႈိႏွင့္ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္သည့္ အဆုတ္ေယာင္ ေရာဂါမ်ားအားလံုးကို ကမာၻ႔က်န္းမာေရးအဖြဲ႔ W.H.O လမ္းၫႊန္ခ်က္မ်ားႏွင့္အညီကိုင္တြယ္ေျဖ႐ွင္းေနသည္ဟု ကာဇက္စတန္က်န္းမာေရး၀န္ႀကီးဌာနထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။

ကာဇက္စတန္ႏိုင္ငံတြင္ COVID-19 အတည္ျပဳလူနာ ၅ သိန္းေက်ာ္႐ွိၿပီး ေသဆံုးသူ ၂၆၄ ေယာက္႐ွိေနသည္။

ၾကာသပေတးေန႔တြင္ ေန႔စဥ္ကူးစက္မႈစံခ်ိန္တင္ခဲ့ၿပီး ၁၉၆၂ ေယာက္႐ွိသည္။

Ref : China’s Kazakhstan embassy warns citizens of pneumonia deadlier than COVID-19

#PeopleMedia

(unicode)
COVID-19 ထက်ပိုမိုသေဆုံးနိုင်သည့်အဆုတ်ယောင်ရောဂါအရေး နိုင်ငံသားများကို ကာဇက်စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသတိပေး
………………………………………………

ရှန်ဟိုင်း၊ ဇူလိုင် ၁၀

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါထက်ပိုပြီး သေဆုံးနိုင်ချေများသည့် အဆုတ်ယောင်ရောဂါ ဖြစ်ပွားနေမှုနှင့်ဆက်စပ်၍ ကာဇက်စတန်နိုင်ငံဆိုင်ရာတရုတ်သံရုံးက နိုင်ငံသားများကို သတိပေးသည်။

ဇွန်လလယ်မှစ၍ အတီရော၊ အက်တိုဘီနှင့် ရှင်မ်ခန့်မြို့တို့တွင် ထိုရောဂါဖြစ်ပွားမှုသိသိသာသာမြင့်တက်လာ ကြောင်း ဇူလိုင် ၉ ရက်၊ ကြာသပတေးနေ့က တရားဝင် WeChat အကောင့်တွင်ထုတ်ပြန်သည်။

ကာဇက်စတန်နိုင်ငံမှ အဆုတ်ယောင်ရောဂါကြောင့် ယခုနှစ်တစ်ဝက်အတွင်း ၁၇၇၂ ယောက်သေဆုံးခဲ့ပြီး ဇွန် ၁ လတည်းတွင် တရုတ်နိုင်ငံသားများအပါအဝင် လူ ၆၂၈ ယောက်သေဆုံးခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ပါဝင်သည်။

“ဒီရောဂါရဲ့သေဆုံးနှုန်းက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အဆုတ်ယောင်ရောဂါထက် အများကြီးပိုများပါ တယ်” ဟုလည်းပြောသည်။

ကိုရိုနာဗိုင်းရပ်စ်သို့မဟုတ်အခြားမျိုးစိတ်တစ်ခုကြောင့် ရောဂါဖြစ်စေခြင်းဟုတ်၊ မဟုတ်မရှင်းလင်းသေးပေ။

ကာဇက်စတန်ကျန်းမာရေးဝန်ကြီးဌာနနှင့်အခြားကျန်းမာရေးအဖွဲ့အစည်းများက နှိုင်းယှဉ်သုတေသနလုပ်နေ သော်လည်း ကောက်ချက်မချနိုင်သေးပေ။

အင်္ဂါနေ့က ကာဇက်စတန်အစိုးရသတင်းအေဂျင်စီ Kazinform ၏ဖော်ပြချက်အရ ၂၀၁၉ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဇွန်တွင် အဆုတ်ယောင်ရောဂါဖြစ်ပွားမှု ၂.၂ ဆမြင့်တက်လာသည်ဟုသိရသည်။ တရုတ်သံရုံး၏သတိပေးချက်နှင့်ပတ်သက်၍ မေးမြန်းရာ ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက တစုံတရာ ဖြေကြားခြင်းမရှိဟု တရုတ်အစိုးရ၏ People’s Daily ကထုတ်ဝေသည့် လူပြိန်းကြိုက်သတင်းစာ Global Times ကဖော်ပြသည်။

သို့သော် တရုတ်မီဒီယာများ၏ အဆုတ်ယောင်ရောဂါနှင့်ပတ်သက်၍ သံရုံးထုတ်ပြန်ချက်ကိုကိုးကားသည့် သတင်းဖော်ပြချက်များမှာ သတင်းမှားများဖြစ်သည်ဟု ကာဇက်စတန်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် တုံ့ပြန်သည်။

မရှင်းလင်းသေးသည့်ဖြစ်ရပ်များအပါအဝင် ဘက်တီးရီးယား၊ မှိုနှင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် အဆုတ်ယောင် ရောဂါများအားလုံးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O လမ်းညွှန်ချက်များနှင့်အညီကိုင်တွယ်ဖြေရှင်းနေသည်ဟု ကာဇက်စတန်ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ပါဝင်သည်။

ကာဇက်စတန်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၅ သိန်းကျော်ရှိပြီး သေဆုံးသူ ၂၆၄ ယောက်ရှိနေသည်။

ကြာသပတေးနေ့တွင် နေ့စဉ်ကူးစက်မှုစံချိန်တင်ခဲ့ပြီး ၁၉၆၂ ယောက်ရှိသည်။

Ref : China’s Kazakhstan embassy warns citizens of pneumonia deadlier than COVID-19

#PeopleMedia


Share this post