• Follow Us on

Home COVID-19 လူနာမ်ား၏ ေဆး႐ံုတက္ကုသမႈၾကာခ်ိန္ႏွင့္ ေသဆံုးႏႈန္းတို႔ကို ရမ္ဒီဆီဗား ေဆးေလွ်ာ့ခ်မေပးဟုဆို

COVID-19 လူနာမ်ား၏ ေဆး႐ံုတက္ကုသမႈၾကာခ်ိန္ႏွင့္ ေသဆံုးႏႈန္းတို႔ကို ရမ္ဒီဆီဗား ေဆးေလွ်ာ့ခ်မေပးဟုဆို

Share this post

နယူးေယာက္၊ ေအာက္တိုဘာ ၁၆
ဂ်ီးလက္သိပၸံကုမၸဏီမွထုတ္လုပ္သည့္ ရမ္ဒီဆီဗား ေဆးသည္ COVID-19 လူနာမ်ား၏ေဆး႐ံုတက္ကုသမႈၾကာခ်ိန္ သို႔မဟုတ္ အသက္႐ွင္ႏိုင္သည့္အခြင့္အေရးအေပၚ သက္ေရာက္မႈအနည္းငယ္ သို႔မဟုတ္ မ႐ွိသေလာက္ျဖစ္ေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔(WHO)၏ စမ္းသပ္ကုသမႈေလ့လာခ်က္အရသိရသည္။
ထိုဗိုင္းရပ္စ္ေပ်ာက္ေဆးကို COVID-19 ေရာဂါကုသရာတြင္ ပထမဆံုးဦးစားေပးအသံုးျပဳေနသည့္ေဆးျဖစ္ၿပီး မၾကာေသးခင္က ေရာဂါကူးစက္ခဲ့သည့္ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ကို ကုသရာတြင္လည္း အသံုးျပဳခဲ့သည္။ ႏိုင္ငံ ၃၀ မွ အသက္ျပည့္ၿပီးသည့္လူနာ ၁၁၂၆၆ ေယာက္ကို ရမ္ဒီဆီဗား၊ ဟိုက္ဒေရာက္ဆီကလို႐ိုကြင္း၊ အိတ္ခ်္အိုင္ဗီြဗိုင္းရပ္စ္ကုေဆးအတြဲျဖစ္သည္ အိုင္အိုပီနာဗာႏွင့္ရီတိုနာဗာ တို႔သာမက အင္တာဖာ႐ြန္ ေဆး ၄ မ်ိဳးတို႔ျဖင့္ ကုသမႈမွထြက္ေပၚလာသည့္ရလဒ္မ်ားကုိတြက္ခ်က္ထားသည့္ WHO)၏ ၏ ေဆာ္လစ္ဒါရစ္တီ(စည္းလံုးညီညြတ္မႈ)ရလဒ္မွတြက္ခ်က္ခဲ့ျခင္းျဖစ္သည္။
ထိုေဆးမ်ားျဖင့္ကုသခံယူရသူမ်ားတြင္ ၂၈ ရက္အတြင္း ေသဆံုးမႈႏွင့္ ေဆး႐ံုတက္ကုသမႈတို႔ၾကာခ်ိန္ကို ေလွ်ာ့ခ်မေပးႏိုင္ေၾကာင္း ရလဒ္ထြက္ေပၚလာသည္ဟု WHO က ၾကာသပေတးေန႔တြင္ေၾကညာသည္။
ယခုလအေစာပိုင္းတြင္ ဂ်ီးလက္ကဦးေဆာင္သည့္ အေမရိကန္တြင္ရမ္ဒီဆီဗားေဆးကို လူနာ ၁၀၆၂ ေယာက္ျဖင့္ေလ့လာမႈတြင္ ထိုေဆးျဖင့္ကုသမႈသည္ ျပန္သက္သာသည့္အခ်ိန္ကို ၅ ရက္ခန္႔သက္သာေစသည္ဟု ရလဒ္ထြက္လာသည္။
ေမ ၁ ရက္တြင္ ထုိေဆးကုိ အေမရိကန္အစားအစာႏွင့္ေဆး၀ါးႀကီးၾကပ္ကြပ္ကဲေရးဌာနက အေရးေပၚအသံုးျပဳရန္ အတည္ျပဳေပးခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံေတာ္ေတာ္မ်ားမ်ားတြင္ အသံုးျပဳခြင့္ေပးလိုက္သည္။
Ref : WHO study says remdesivir did not cut hospital stay or mortality in COVID-19 patients
#PeopleMedia
(unicode)
COVID-19 လူနာများ၏ ဆေးရုံတက်ကုသမှုကြာချိန်နှင့် သေဆုံးနှုန်းတို့ကို ရမ်ဒီဆီဗား ဆေးလျှော့ချမပေးဟုဆို
………………………………………………….
နယူးယောက်၊ အောက်တိုဘာ ၁၆
ဂျီးလက်သိပ္ပံကုမ္ပဏီမှထုတ်လုပ်သည့် ရမ်ဒီဆီဗား ဆေးသည် COVID-19 လူနာများ၏ဆေးရုံတက်ကုသမှုကြာချိန် သို့မဟုတ် အသက်ရှင်နိုင်သည့်အခွင့်အရေးအပေါ် သက်ရောက်မှုအနည်းငယ် သို့မဟုတ် မရှိသလောက်ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စမ်းသပ်ကုသမှုလေ့လာချက်အရသိရသည်။
ထိုဗိုင်းရပ်စ်ပျောက်ဆေးကို COVID-19 ရောဂါကုသရာတွင် ပထမဆုံးဦးစားပေးအသုံးပြုနေသည့်ဆေးဖြစ်ပြီး မကြာသေးခင်က ရောဂါကူးစက်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကို ကုသရာတွင်လည်း အသုံးပြုခဲ့သည်။ နိုင်ငံ ၃၀ မှ အသက်ပြည့်ပြီးသည့်လူနာ ၁၁၂၆၆ ယောက်ကို ရမ်ဒီဆီဗား၊ ဟိုက်ဒရောက်ဆီကလိုရိုကွင်း၊ အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကုဆေးအတွဲဖြစ်သည် အိုင်အိုပီနာဗာနှင့်ရီတိုနာဗာ တို့သာမက အင်တာဖာရွန် ဆေး ၄ မျိုးတို့ဖြင့် ကုသမှုမှထွက်ပေါ်လာသည့်ရလဒ်များကိုတွက်ချက်ထားသည့် WHO)၏ ၏ ဆော်လစ်ဒါရစ်တီ(စည်းလုံးညီညွတ်မှု)ရလဒ်မှတွက်ချက်ခဲ့ခြင်းဖြစ်သည်။
ထိုဆေးများဖြင့်ကုသခံယူရသူများတွင် ၂၈ ရက်အတွင်း သေဆုံးမှုနှင့် ဆေးရုံတက်ကုသမှုတို့ကြာချိန်ကို လျှော့ချမပေးနိုင်ကြောင်း ရလဒ်ထွက်ပေါ်လာသည်ဟု WHO က ကြာသပတေးနေ့တွင်ကြေညာသည်။
ယခုလအစောပိုင်းတွင် ဂျီးလက်ကဦးဆောင်သည့် အမေရိကန်တွင်ရမ်ဒီဆီဗားဆေးကို လူနာ ၁၀၆၂ ယောက်ဖြင့်လေ့လာမှုတွင် ထိုဆေးဖြင့်ကုသမှုသည် ပြန်သက်သာသည့်အချိန်ကို ၅ ရက်ခန့်သက်သာစေသည်ဟု ရလဒ်ထွက်လာသည်။
မေ ၁ ရက်တွင် ထိုဆေးကို အမေရိကန်အစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနက အရေးပေါ်အသုံးပြုရန် အတည်ပြုပေးခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်တော်များများတွင် အသုံးပြုခွင့်ပေးလိုက်သည်။
Ref : WHO study says remdesivir did not cut hospital stay or mortality in COVID-19 patients
#PeopleMedia


Share this post