• Follow Us on

Home COVID-19 သတ္မွတ္ခ်က္မ်ားေၾကာင့္ မဲဆြယ္စည္းရုံးေရးအတြက္ တုိင္းရင္းသားပါတီမ်ား အခက္ၾကံဳ၊ အြန္လိုင္းမွသာ မဲဆြယ္ခြင့္ျပဳပါက ကန္႔ကြက္မည္ဟု ဒူးေလးပါတီဥကၠ႒ ဦးေ႐ႊမင္း ေျပာဆုိ

COVID-19 သတ္မွတ္ခ်က္မ်ားေၾကာင့္ မဲဆြယ္စည္းရုံးေရးအတြက္ တုိင္းရင္းသားပါတီမ်ား အခက္ၾကံဳ၊ အြန္လိုင္းမွသာ မဲဆြယ္ခြင့္ျပဳပါက ကန္႔ကြက္မည္ဟု ဒူးေလးပါတီဥကၠ႒ ဦးေ႐ႊမင္း ေျပာဆုိ

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၄

COVID-19 သတ္မွတ္ခ်က္မ်ားေၾကာင့္ မဲဆြယ္စည္းရုံးေရးအတြက္ တုိင္းရင္းသားပါတီမ်ား အခက္အခဲ ျဖစ္ေနၾကသလုိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က မဲဆြဲစည္းရုံးခြင့္ကုိ အြန္လိုင္းမွသာ မဲဆြယ္ခြင့္ျပဳပါက ကန့္ကြက္မည္ဟု ဒူးေလးပါတီ ဥကၠ႒ ဦးေ႐ႊမင္း က ေျပာဆုိလုိက္ပါတယ္။

အြန္လိုင္းမွ မဲဆြယ္ခြင့္ျပဳကပါက အင္တာနက္လိုင္း မေကာင္းသည့္ေဒသမ်ားတြင္သာ စည္း႐ုံးေရးသြား ဆင္းရမည့္ မိမိတို႔ဒူးေလးပါတီအတြက္ အခက္အခဲျဖစ္နိုင္ေၾကာင္း၊ အခ်ိဳ႕ေဒသမ်ားမွာ အင္တာနက္လိုင္း မေကာင္းသည့္အျပင္ လမ္းပန္းဆက္သြယ္ေရးမွာလည္း ကားျဖင့္ သြားေရာက္ရန္ ခက္ခဲသျဖင့္ ျမင္းႏွင့္ လားမ်ားကို အသုံးျပဳၿပီးသြားေနရသည့္အတြက္ အြန္လိုင္းမွသာ မဲဆြယ္ခြင့္ျပဳပါက ကန့္ကြက္မည္ဟု လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ(ဒူးေလးပါတီ) ဥကၠ႒ ဦးေ႐ႊမင္းက ေျပာပါတယ္။

လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ)အေနျဖင့္ ကခ်င္ျပည္နယ္အတြင္း ၿမိဳ႕နယ္ရွစ္ၿမိဳ႕နယ္မွာ ၀င္ေရာက္ယွဥ္ၿပိဳင္ သြားမွာျဖစ္ၿပီး ပါတီစည္း႐ုံးေရးဆင္းမည့္ ပူတာအို၊ မခ်မ္းေဘာ၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊ တနိုင္းၿမိဳ႕မ်ားသည္ လမ္းပန္းဆက္သြယ္ေရး ခက္ခဲၾကမ္းတမ္းသည့္ ျမိဳ႕နယ္မ်ားျဖစ္ပါတယ္။ တစ္ေက်ာ့ျပန္ Covid 19 ေရာဂါျပန္လည္ ျဖစ္ပြားလာတာေၾကာင့္ လူငါးဦးထပ္မပိုရ လူစုလူေဝးမျပဳလုပ္ရစသည့္ အခ်က္မ်ားရွိေနသည့္အတြက္ ပါတီစည္း႐ုံးေရးဆင္းမည့္အခ်ိန္မ်ားတြင္ အခက္အခဲျဖစ္နိုင္သည္ဟု တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ားဖြံၿဖိဳးတိုးတက္ေရးပါတီ ျမစ္ႀကီးနားၿမိဳ႕နယ္ပါတီဥကၠ႒ စိုင္းဇင္ေမာင္လြင္က ေျပာပါတယ္။

“ပါတီစည္း႐ုံးေရး ဆင္းမယ့္ ေဒသေတြမွာ လူငါးေယာက္ထပ္အျပင္ မပိုရ လူစုလူေဝးမလုပ္ရဘူးဆိုတဲ့ ကန္႔သတ္ခ်က္ေတြကလဲ ရွိေနတာေၾကာင့္ လက္ဖက္ရည္ၾကမ္းဝိုင္းလိုပုံစံမ်ိဳးနဲ႕ မဲဆြယ္စည္း႐ုံးသြားမယ္။ တစ္အိမ္တက္ဆင္းၿပီး ကိုဗစ္ကာလရဲ႕ သတ္မွတ္ထားတဲ့ေဘာင္ထက္မေက်ာ္ေအာင္ လုပ္ေဆာင္သြားမယ္” ဟု ဦးစိုင္းဇင္ေမာင္လြင္က ေျပာပါတယ္။

ဒါ့အျပင္ အင္တာနက္လိုင္းမရွ္ိသည့္ေဒသမ်ားကို အေရာက္သြားရမွာျဖစ္တာေၾကာင့္ စည္း႐ုံေရးဆင္း မည့္ပုံစံကို ေျပာင္းလဲရမွာ ျဖစ္ၿပီး Covid 19 ကာလအတြင္း စည္း႐ုံးေရးဆင္းဖို႔အတြက္ အခက္အခဲေတြကအမ်ားႀကီးရွိေၾကာင္း၊ ပါတီစည္း႐ုံးေရးဆင္းရမည့္ ရွမ္းနီေဒသမ်ားမွာ လမ္းပန္းဆက္သြယ္ေရးခက္ခဲသည့္အျပင္၊ ဖုန္းလိုင္းမရွိသည့္ေဒသမ်ားျဖစ္တာေၾကာင့္ မိမိတို႔ပါတီသာမက အျခားပါတီမ်ားပါ ခက္ခဲမႈေတြရွိနိုင္တယ္လို႔ ဦးစိုင္းဇင္ေမာင္လြင္ကေျပာပါတယ္။

တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားမ်ားဖြံၿဖိဳးတိုးတက္ေရးပါတီမွ ကခ်င္ျပည္နယ္ အတြင္း ကိုးၿမိဳ႕နယ္တြင္ ၀င္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊မိုးေကာင္း၊ မိုးညွင္း၊ ဖားကန့္၊ မိုးေမာက္ ၊ ဗန္းေမာ္၊ မံစီ ႏွင့္ ေ႐ႊကူၿမိဳ႕မ်ားတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္သြားမယ္လို႔ သိရပါတယ္။

ရွမ္းနီပါတီအေနနဲ႕ ယခုႏွစ္ေ႐ြးေကာက္ပြဲတြင္ ပါတီလႈပ္ရွားေဆာင္႐ြက္မႈမ်ားကို အြန္လိုင္းမွ အဆက္မျပတ္တင္ျပေနၿပီး ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွ ကန့္သတ္ထားသည့္ လူစုလူေဝးမလုပ္ရ၊ ဘာသာေရး အေဆာက္အအုံမ်ား မသုံးရ စသည့္အခ်က္မ်ားေၾကာင့္ ရွမ္းရိုးရာ တစ္ခုျဖစ္သည့္ တစ္အိမ္ႏွင့္ တစ္အိမ္ကူးလူးဆက္ဆံမႈ မိတ္ေဆြအေပါင္းအသင္း႑ သြားလာတဲ့ ပုံစံနဲ႕ မဲဆြယ္မွာျဖစ္ပါတယ္။

ဒါ့အျပင္ အြန္လိုင္းမွ ပါတီေပ့ခ်္ေထာင္ၿပီး ျပည္သူမ်ား စိတ္၀င္စားမႈရွိေအာင္ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

ထို႔အတူ ကခ်င္ျပည္နယ္ျပည္သူ႕ပါတီ (KSPP) မွ ဗဟိုအလုပ္အမႈေဆာင္ဦး မရစ္ခြမ္ဂ်ာကလည္း ကန့္သတ္ခ်က္ေတြေၾကာင့္ ပါတီစည္း႐ုံးေရးမွာ အခက္အခဲျဖစ္နိုင္ၿပီး လူအမ်ားအစုက facebook အသုံးျပဳေပမယ့္ အြန္လိုင္းမွ မဲဆြယ္စည္း႐ုံးျခင္းထက္ မဲထည့္မည့္ျပည္သူႏွင့္ တိုက္ရိုက္ထိေတြ႕ၿပီး စည္း႐ုံးျခင္းက ကြာျခားသည့္အတြက္ လူစုလူေဝးမျပဳလုပ္ရ၊ လူငါးဦးထက္မပိုရအခ်က္မ်ားသည္ အခက္အခဲျဖစ္ေစသည္ဟု ေျပာပါတယ္။

“ကြၽန္ေတာ္တို႔လို မေန႕တစ္ေန႕ကမွေပၚေပါက္လာတဲ့ ပါတီေတြအေနနဲ႕ေတာ့ အခ်ိန္ေတြအမ်ားႀကီး ေပးခဲ့ရတယ္။ ဆယ့္ငါးေယာက္ဆီတိုင္းအတြက္ အခ်ိန္ေတြေပးရၿပီး စည္း႐ုံးရေတာ့ ကြၽန္ေတာ္တို႔အတြက္အမ်ားႀကီးခက္ခဲတယ္။ ေနာက္တစ္ခုကေတာ့ ကိုဗစ္နဲ႕ပတ္သက္ၿပီး ျပဌာန္းထားတဲ့ ဥပေဒက ကြၽန္ေတာ္တို႔ျမင္လိုက္ရတာကေတာ့ ရွင္းရွင္းလင္းလင္းမျမင္ရဘူး။ မျမင္ရဘူးဆိုတာက တိတိက်က် ၫႊန္ၾကားခ်က္ေတြလဲ မျပဌာန္းေသးတာေၾကာင့္ ကြၽန္ေတာ္တို႔ဘက္က ဒီေရာဂါနဲ႕ပတ္သက္ၿပီး စမ္းတဝါးဝါးနဲ႕လုပ္ေနရတယ္”ဟု ဦးမရစ္ခြန္ဂ်ာက ေျပာပါတယ္။

KSPP ပါတီ အေနျဖင့္ ကခ်င္ျပည္နယ္အတြင္း ပါတီ၀င္ဦးေရ ႏွစ္သိန္းေက်ာ္နီးပါးခန့္ ရွိၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္ အတြင္းရွိ ျပည္နယ္လြတ္ေတာ္တြင္ ၃၆ေနရာ၊ ျပည္သူ႕ လႊတ္ေတာ္တြင္ ၁၈ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္တြင္ ၁၂ေနရာႏွင့္ ဗမာေရးရာ၀န္ႀကီး၊ ရွမ္းေရးရာ၀န္ႀကီး အပါအ၀င္ စုစုေပါင္း ၆၈ေနရာတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း ၆၈ဦးရွိတယ္လို႔ သိရပါတယ္။

ကခ်င္ျပည္နယ္တြင္ covid 19 စတင္ျဖစ္ပြားသည့္ အခ်ိန္မွစၿပီး ယေန႕အခ်ိန္အထိ ကခ်င္ျပည္တစ္ျပည္နယ္လုံးတြင္ Quarantine ထားရွိ သူဦးေရ ႏွစ္ေသာင္းခုႏွစ္ေထာင္ရွိခဲ့ၿပီး လက္ရွိမွာ အသြားအလာကန့္သတ္ထားသူ ဦးေရ (၆၀၀) ေက်ာ္သာ က်န္ရွိတာ ျဖစ္ပါတယ္။

သက္ေဝ(EPN)

#PeopleMedia #2020election #Political

(unicode)
COVID-19 သတ်မှတ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေးအတွက် တိုင်းရင်းသားပါတီများ အခက်ကြုံ၊ အွန်လိုင်းမှသာ မဲဆွယ်ခွင့်ပြုပါက ကန့်ကွက်မည်ဟု ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်း ပြောဆို
……………………………………………………

မြစ်ကြီးနား၊ စက်တင်ဘာ ၄

COVID-19 သတ်မှတ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေးအတွက် တိုင်းရင်းသားပါတီများ အခက်အခဲ ဖြစ်နေကြသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆွဲစည်းရုံးခွင့်ကို အွန်လိုင်းမှသာ မဲဆွယ်ခွင့်ပြုပါက ကန့်ကွက်မည်ဟု ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း က ပြောဆိုလိုက်ပါတယ်။

အွန်လိုင်းမှ မဲဆွယ်ခွင့်ပြုကပါက အင်တာနက်လိုင်း မကောင်းသည့်ဒေသများတွင်သာ စည်းရုံးရေးသွား ဆင်းရမည့် မိမိတို့ဒူးလေးပါတီအတွက် အခက်အခဲဖြစ်နိုင်ကြောင်း၊ အချို့ဒေသများမှာ အင်တာနက်လိုင်း မကောင်းသည့်အပြင် လမ်းပန်းဆက်သွယ်ရေးမှာလည်း ကားဖြင့် သွားရောက်ရန် ခက်ခဲသဖြင့် မြင်းနှင့် လားများကို အသုံးပြုပြီးသွားနေရသည့်အတွက် အွန်လိုင်းမှသာ မဲဆွယ်ခွင့်ပြုပါက ကန့်ကွက်မည်ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောပါတယ်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)အနေဖြင့် ကချင်ပြည်နယ်အတွင်း မြို့နယ်ရှစ်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပြီး ပါတီစည်းရုံးရေးဆင်းမည့် ပူတာအို၊ မချမ်းဘော၊ ချီဖွေ၊ ဆော့လော်၊ တနိုင်းမြို့များသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းသည့် မြို့နယ်များဖြစ်ပါတယ်။ တစ်ကျော့ပြန် Covid 19 ရောဂါပြန်လည် ဖြစ်ပွားလာတာကြောင့် လူငါးဦးထပ်မပိုရ လူစုလူဝေးမပြုလုပ်ရစသည့် အချက်များရှိနေသည့်အတွက် ပါတီစည်းရုံးရေးဆင်းမည့်အချိန်များတွင် အခက်အခဲဖြစ်နိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ မြစ်ကြီးနားမြို့နယ်ပါတီဥက္ကဋ္ဌ စိုင်းဇင်မောင်လွင်က ပြောပါတယ်။

“ပါတီစည်းရုံးရေး ဆင်းမယ့် ဒေသတွေမှာ လူငါးယောက်ထပ်အပြင် မပိုရ လူစုလူဝေးမလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေကလဲ ရှိနေတာကြောင့် လက်ဖက်ရည်ကြမ်းဝိုင်းလိုပုံစံမျိုးနဲ့ မဲဆွယ်စည်းရုံးသွားမယ်။ တစ်အိမ်တက်ဆင်းပြီး ကိုဗစ်ကာလရဲ့ သတ်မှတ်ထားတဲ့ဘောင်ထက်မကျော်အောင် လုပ်ဆောင်သွားမယ်” ဟု ဦးစိုင်းဇင်မောင်လွင်က ပြောပါတယ်။

ဒါ့အပြင် အင်တာနက်လိုင်းမရှ်ိသည့်ဒေသများကို အရောက်သွားရမှာဖြစ်တာကြောင့် စည်းရုံရေးဆင်း မည့်ပုံစံကို ပြောင်းလဲရမှာ ဖြစ်ပြီး Covid 19 ကာလအတွင်း စည်းရုံးရေးဆင်းဖို့အတွက် အခက်အခဲတွေကအများကြီးရှိကြောင်း၊ ပါတီစည်းရုံးရေးဆင်းရမည့် ရှမ်းနီဒေသများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင်၊ ဖုန်းလိုင်းမရှိသည့်ဒေသများဖြစ်တာကြောင့် မိမိတို့ပါတီသာမက အခြားပါတီများပါ ခက်ခဲမှုတွေရှိနိုင်တယ်လို့ ဦးစိုင်းဇင်မောင်လွင်ကပြောပါတယ်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီမှ ကချင်ပြည်နယ် အတွင်း ကိုးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ မိုးမောက် ၊ ဗန်းမော်၊ မံစီ နှင့် ရွှေကူမြို့များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ရှမ်းနီပါတီအနေနဲ့ ယခုနှစ်ရွေးကောက်ပွဲတွင် ပါတီလှုပ်ရှားဆောင်ရွက်မှုများကို အွန်လိုင်းမှ အဆက်မပြတ်တင်ပြနေပြီး ရွေးကောက်ပွဲ ကော်မရှင်မှ ကန့်သတ်ထားသည့် လူစုလူဝေးမလုပ်ရ၊ ဘာသာရေး အဆောက်အအုံများ မသုံးရ စသည့်အချက်များကြောင့် ရှမ်းရိုးရာ တစ်ခုဖြစ်သည့် တစ်အိမ်နှင့် တစ်အိမ်ကူးလူးဆက်ဆံမှု မိတ်ဆွေအပေါင်းအသင်းဏ္ဍ သွားလာတဲ့ ပုံစံနဲ့ မဲဆွယ်မှာဖြစ်ပါတယ်။

ဒါ့အပြင် အွန်လိုင်းမှ ပါတီပေ့ခ်ျထောင်ပြီး ပြည်သူများ စိတ်ဝင်စားမှုရှိအောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ထို့အတူ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ဗဟိုအလုပ်အမှုဆောင်ဦး မရစ်ခွမ်ဂျာကလည်း ကန့်သတ်ချက်တွေကြောင့် ပါတီစည်းရုံးရေးမှာ အခက်အခဲဖြစ်နိုင်ပြီး လူအများအစုက facebook အသုံးပြုပေမယ့် အွန်လိုင်းမှ မဲဆွယ်စည်းရုံးခြင်းထက် မဲထည့်မည့်ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ပြီး စည်းရုံးခြင်းက ကွာခြားသည့်အတွက် လူစုလူဝေးမပြုလုပ်ရ၊ လူငါးဦးထက်မပိုရအချက်များသည် အခက်အခဲဖြစ်စေသည်ဟု ပြောပါတယ်။

“ကျွန်တော်တို့လို မနေ့တစ်နေ့ကမှပေါ်ပေါက်လာတဲ့ ပါတီတွေအနေနဲ့တော့ အချိန်တွေအများကြီး ပေးခဲ့ရတယ်။ ဆယ့်ငါးယောက်ဆီတိုင်းအတွက် အချိန်တွေပေးရပြီး စည်းရုံးရတော့ ကျွန်တော်တို့အတွက်အများကြီးခက်ခဲတယ်။ နောက်တစ်ခုကတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ပြဌာန်းထားတဲ့ ဥပဒေက ကျွန်တော်တို့မြင်လိုက်ရတာကတော့ ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ မမြင်ရဘူးဆိုတာက တိတိကျကျ ညွှန်ကြားချက်တွေလဲ မပြဌာန်းသေးတာကြောင့် ကျွန်တော်တို့ဘက်က ဒီရောဂါနဲ့ပတ်သက်ပြီး စမ်းတဝါးဝါးနဲ့လုပ်နေရတယ်”ဟု ဦးမရစ်ခွန်ဂျာက ပြောပါတယ်။

KSPP ပါတီ အနေဖြင့် ကချင်ပြည်နယ်အတွင်း ပါတီဝင်ဦးရေ နှစ်သိန်းကျော်နီးပါးခန့် ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အတွင်းရှိ ပြည်နယ်လွတ်တော်တွင် ၃၆နေရာ၊ ပြည်သူ့ လွှတ်တော်တွင် ၁၈နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၂နေရာနှင့် ဗမာရေးရာဝန်ကြီး၊ ရှမ်းရေးရာဝန်ကြီး အပါအဝင် စုစုပေါင်း ၆၈နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၈ဦးရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်တွင် covid 19 စတင်ဖြစ်ပွားသည့် အချိန်မှစပြီး ယနေ့အချိန်အထိ ကချင်ပြည်တစ်ပြည်နယ်လုံးတွင် Quarantine ထားရှိ သူဦးရေ နှစ်သောင်းခုနှစ်ထောင်ရှိခဲ့ပြီး လက်ရှိမှာ အသွားအလာကန့်သတ်ထားသူ ဦးရေ (၆၀၀) ကျော်သာ ကျန်ရှိတာ ဖြစ်ပါတယ်။

သက်ဝေ(EPN)

#PeopleMedia #2020election #Political


Share this post