• Follow Us on

Home COVID -19 အေရးေပၚအေျခအေန ဂ်ပန္အစိုးရ အၿပီးတိုင္႐ုပ္သိမ္း

COVID -19 အေရးေပၚအေျခအေန ဂ်ပန္အစိုးရ အၿပီးတိုင္႐ုပ္သိမ္း

Share this post

၂၀၂၀၊ ေမ ၂၅

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕ေတာ္ႏွင့္ ေဟာ့ကိုင္းဒိုးကြၽန္း၌ အေရးေပၚအေျခအေနကို ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘးက ယေန႔ ႐ုတ္သိမ္းခဲ့ရာ တစ္ႏိုင္ငံလုံးရွိ စီရင္စု ၄၇ ခုတြင္ အေရးေပၚအေျခအေန အၿပီးတိုင္ အဆုံးသတ္သြား ၿပီျဖစ္သည္။

တိုက်ိဳၿမိဳ႕၊ ခ်ီးဘား၊ ဆိုင္တမႏွင့္ ကာနာဂါဝါစီရင္စုမ်ားအျပင္ ေျမာက္ဘက္အစြန္ဆုံးရွိ ေဟာ့ကိုင္းဒိုးကြၽန္းတြင္ ဧၿပီလကတည္းက ခ်မွတ္ထားသည့္အေရးေပၚအေျခအေနကို သတ္မွတ္ရက္မတိုင္မီ ႐ုတ္သိမ္းလိုက္ေၾကာင္း ရွင္ဇိုအာေဘးက သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။

ဂ်ပန္ႏိုင္ငံ၏ အေရးေပၚအေျခအေနမွာ ေမလ ၃၁ ရက္မွသာ သက္တမ္းကုန္မည္ျဖစ္သည္။

“ႏိုင္ငံတစ္ဝန္း အေရးေပၚအေျခအေန အဆုံးသတ္ဖို႔ ကြၽန္ေတာ္ဆုံးျဖတ္ခဲ့ပါတယ္၊ ကြၽန္ေတာ္တို႔ တစ္လခြဲ အတြင္း ေရာဂါကူးစက္မႈအေျခအေနကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္” ဟု ၄င္းကဆိုသည္။

ရွင္ဇိုအာေဘးက ဧၿပီလ ၇ ရက္တြင္ တိုက်ိဳၿမိဳ႕ႏွင့္ စီရင္စုေျခာက္ခုအတြက္ တစ္လၾကာ အေရးေပၚအေျခအေန ေၾကညာခဲ့ၿပီး ဧၿပီလ ၁၆ ရက္တြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာ အေရးေပၚအေျခအေနအျဖစ္ တိုးခ်ဲ႕ခဲ့သည္။

အေရးေပၚအေျခအေနမွာ မူလက ေမလ ၆ ရက္တြင္ သက္တမ္းကုန္ဆုံးမည္ျဖစ္ေသာ္လည္း အစိုးရက ေနာက္ပိုင္းတြင္ ေမလ ၃၁ ရက္အထိ သက္တမ္းတိုးခဲ့သည္။

လက္ရွိအခ်ိန္ထိ ဂ်ပန္ႏိုင္ငံ၌ ဓာတ္ခြဲအတည္ျပဳ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈ ၁၆၆၂၃ မႈႏွင့္ ေသဆုံးသူ ၈၅၆ ဉီးရွိေၾကာင္း သိရသည္။

ကိုးကား ။ ။ဆင္ဟြာ

Ref; Japan’s Abe lifts COVID-19 state of emergency completely

#PeopleMedia

(Unicode)
COVID -19 အရေးပေါ်အခြေအနေ ဂျပန်အစိုးရ အပြီးတိုင်ရုပ်သိမ်း
……………………………………………………

၂၀၂၀၊ မေ ၂၅

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်နှင့် ဟော့ကိုင်းဒိုးကျွန်း၌ အရေးပေါ်အခြေအနေကို ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ယနေ့ ရုတ်သိမ်းခဲ့ရာ တစ်နိုင်ငံလုံးရှိ စီရင်စု ၄၇ ခုတွင် အရေးပေါ်အခြေအနေ အပြီးတိုင် အဆုံးသတ်သွား ပြီဖြစ်သည်။

တိုကျိုမြို့၊ ချီးဘား၊ ဆိုင်တမနှင့် ကာနာဂါဝါစီရင်စုများအပြင် မြောက်ဘက်အစွန်ဆုံးရှိ ဟော့ကိုင်းဒိုးကျွန်းတွင် ဧပြီလကတည်းက ချမှတ်ထားသည့်အရေးပေါ်အခြေအနေကို သတ်မှတ်ရက်မတိုင်မီ ရုတ်သိမ်းလိုက်ကြောင်း ရှင်ဇိုအာဘေးက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ အရေးပေါ်အခြေအနေမှာ မေလ ၃၁ ရက်မှသာ သက်တမ်းကုန်မည်ဖြစ်သည်။

“နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ အဆုံးသတ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်၊ ကျွန်တော်တို့ တစ်လခွဲ အတွင်း ရောဂါကူးစက်မှုအခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်” ဟု ၄င်းကဆိုသည်။

ရှင်ဇိုအာဘေးက ဧပြီလ ၇ ရက်တွင် တိုကျိုမြို့နှင့် စီရင်စုခြောက်ခုအတွက် တစ်လကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဧပြီလ ၁၆ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အရေးပေါ်အခြေအနေအဖြစ် တိုးချဲ့ခဲ့သည်။

အရေးပေါ်အခြေအနေမှာ မူလက မေလ ၆ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း အစိုးရက နောက်ပိုင်းတွင် မေလ ၃၁ ရက်အထိ သက်တမ်းတိုးခဲ့သည်။

လက်ရှိအချိန်ထိ ဂျပန်နိုင်ငံ၌ ဓာတ်ခွဲအတည်ပြု ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၁၆၆၂၃ မှုနှင့် သေဆုံးသူ ၈၅၆ ဉီးရှိကြောင်း သိရသည်။

ကိုးကား ။ ။ဆင်ဟွာ

Ref; Japan’s Abe lifts COVID-19 state of emergency completely

#PeopleMedia


Share this post