• Follow Us on

Home COVID-19 အေျဖမ်ား လိမ္လည္မႈျဖင့္ ဘဂၤလားေဒ့႐ွ္ေဆး႐ံုပိုင္႐ွင္ တစ္ေယာက္ကို ဖမ္းဆီး

COVID-19 အေျဖမ်ား လိမ္လည္မႈျဖင့္ ဘဂၤလားေဒ့႐ွ္ေဆး႐ံုပိုင္႐ွင္ တစ္ေယာက္ကို ဖမ္းဆီး

Share this post

ဒါကာ၊ ဇူလိုင္ ၁၆

ပိုင္ဆိုင္သည့္ေဆးခန္း ၂ ခန္းတြင္ ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးမႈရလဒ္အေျဖအတုေထာင္ခ်ီထုတ္ေပးခဲ့ၿပီးေနာက္ အိႏိၵယ ႏိုင္ငံသို႔ မြတ္ဆလင္အမ်ိဳးသမီးမ်ား၀တ္ဆင္သည့္ဘူခါရ္ျဖင့္ ထြက္ေျပးရန္ႀကိဳးစားသည့္ ဘဂၤလားေဒ့႐ွ္ ေဆး႐ံုပိုင္႐ွင္ တစ္ေယာက္ကို ဗုဒၶဟူးေန႔တြင္ ဖမ္းဆီးခဲ့ေၾကာင္း ရဲမ်ားကေျပာသည္။

စမ္းသပ္စစ္ေဆးျခင္းမျပဳဘဲ လူနာမ်ားကို ကို႐ိုနာဗိုင္းရပ္စ္မ႐ွိေၾကာင္းအသိအမွတ္ျပဳလက္မွတ္မ်ားထုတ္ေပးသည္ဟု စြပ္စြဲေျပာဆိုမႈမ်ားေၾကာင့္ မိုဟာမက္ ႐ွာဟက္ကို ၉ ရက္ၾကာ႐ွာေဖြၿပီးေနာက္ ယခုကဲ့သို႔ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

႐ွာဟက္ (၄၂ ႏွစ္)သည္ ထိုလိမ္လည္မႈႏွင့္ဆက္စပ္ၿပီး ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း အာဏာပိုင္မ်ားဖမ္းဆီးခဲ့သည့္ လူဒါဇင္ခ်ီတြင္ တစ္ေယာက္အပါအ၀င္ျဖစ္သည္။

ေဆးခန္းမ်ားကထုတ္ေပးသည့္ ထိုစာ႐ြက္စာတမ္းအမွားမ်ား၏ယံုၾကည္ရမႈအေပၚ သံသယ႐ွိေနၿပီး ထိုစာ႐ြက္ စာတမ္းမ်ားေၾကာင့္ လူ ၁၆၈ သန္းေနထိုင္သည့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၏အေျခအေနကို ပိုဆိုးေစေၾကာင္း ကၽြမ္းက်င္သူမ်ားက သတိေပးသည္။

႐ွာဟက္၏ ေဆးခန္းမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စစ္ေဆးမႈ အႀကိမ္ ၁၀၅၀၀ ျပဳလုပ္ခဲ့ၿပီး ၄၂၀၀ မွာ အမွန္တကယ္ စစ္ေဆးမႈျဖစ္ၿပီး က်န္ ၆၃၀၀ မွာ စစ္ေဆးမႈမျပဳလုပ္ဘဲ ရလဒ္မ်ားထုတ္ေပးခဲ့ျခင္းျဖစ္သည္ဟု ေျချမန္တပ္ရင္း ေျပာခြင့္ရသူ ဗိုလ္မွဴးႀကီး အာ႐ွစ္ ဘီလားကေျပာသည္။

ၿမိဳ႕ေတာ္ဒါကာ႐ွိသူပိုင္ဆိုင္သည့္ေဆးခန္းမ်ားတြင္ အခမဲ့က်န္းမာေရးေစာင့္ေ႐ွာက္မႈမ်ားျပဳလုပ္ေပးမည္ဟု အစိုးရႏွင့္ သေဘာတူထားေသာ္လည္း စာ႐ြက္စာတမ္းမ်ားႏွင့္ ကို႐ိုနာဗိုင္းရပ္စ္ကုသမႈမ်ားအတြက္ အခေၾကးေငြယူေနေၾကာင္း လည္း ႐ွာဟက္ကို စြပ္စြဲထားသည္။

ေက်ာ္ၾကားသည့္ဆရာ၀န္အမ်ိဳးသမီးတစ္ေယာက္ႏွင့္ သူ႔အမ်ိဳးသားတို႔ကိုလည္း ရဲမ်ားက ဖမ္းဆီးထားၿပီး သူတို႔၏ ဒါကာမွဓာတ္ခြဲခန္းတြင္ စာ႐ြက္စာတမ္းအတုေထာင္ခ်ီထုတ္ေပးခဲ့ေၾကာင္း စြဲခ်က္တင္ထားသည္။

ယခုလိမ္လည္မႈမ်ားေၾကာင့္ ႏိုင္ငံျခားသို႔ထြက္ရန္စီစဥ္ေနၿပီး ႏိုင္ငံစီးပြားေရးအတြက္ အဓိကျဖစ္သည့္ေ႐ႊ႕ေျပာင္း လုပ္သားမ်ားကို ထိခိုက္ေစေၾကာင္း ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအခြင့္အေရးအဖြဲ႔ OKUP မွ ႐ွာကီ႐ူး အစၥလမ္က ေျပာသည္။

လူမႈအသိုက္အ၀န္းအတြင္း ကို႐ိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈကိုဟန္႔တားႏိုင္ရန္ ၿပီးခဲ့သည့္တစ္ပတ္တြင္ အီတလီႏိုင္ငံက ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွ ေရာမၿမိဳ႕သို႔လာသည့္ေလေၾကာင္းခရီးစဥ္မ်ား ရပ္နားလိုက္သည္။

ဒါကာမွေရာက္လာေသာခရီးသည္အေျမာက္အျမားတြင္ COVID-19 ကူးစက္ခံထားရေၾကာင္း ေတြ႕႐ွိရသည္။

၂၀၁၉ ခုႏွစ္တြင္ ေ႐ႊ႕ေျပာင္းလုပ္သား ၁.၂ သန္းက အေမရိကန္ေဒၚလာ သန္း ၁၉၀၀၀ နီးပါး ႏိုင္ငံသို႔ျပန္ပို႔ခဲ့ေၾကာင္း ဗဟိုဘဏ္စာရင္းအရသိရသည္။

ဘဂၤလားေဒ့႐ွ္တြင္ COVID-19 လူနာ ၁၉၃၀၀၀ ႐ွိၿပီး ေသဆံုးသူ ၂၄၅၇ ေယာက္႐ွိေနသည္။

Ref : Bangladesh arrests hospital owner over fake COVID-19 test results

#PeopleMedia

(unicode)
COVID-19 အဖြေများ လိမ်လည်မှုဖြင့် ဘင်္ဂလားဒေ့ရှ်ဆေးရုံပိုင်ရှင် တစ်ယောက်ကို ဖမ်းဆီး
………………………………………………………

ဒါကာ၊ ဇူလိုင် ၁၆

ပိုင်ဆိုင်သည့်ဆေးခန်း ၂ ခန်းတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုရလဒ်အဖြေအတုထောင်ချီထုတ်ပေးခဲ့ပြီးနောက် အိန္ဒိယ နိုင်ငံသို့ မွတ်ဆလင်အမျိုးသမီးများဝတ်ဆင်သည့်ဘူခါရ်ဖြင့် ထွက်ပြေးရန်ကြိုးစားသည့် ဘင်္ဂလားဒေ့ရှ် ဆေးရုံပိုင်ရှင် တစ်ယောက်ကို ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခဲ့ကြောင်း ရဲများကပြောသည်။

စမ်းသပ်စစ်ဆေးခြင်းမပြုဘဲ လူနာများကို ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်းအသိအမှတ်ပြုလက်မှတ်များထုတ်ပေးသည်ဟု စွပ်စွဲပြောဆိုမှုများကြောင့် မိုဟာမက် ရှာဟက်ကို ၉ ရက်ကြာရှာဖွေပြီးနောက် ယခုကဲ့သို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရှာဟက် (၄၂ နှစ်)သည် ထိုလိမ်လည်မှုနှင့်ဆက်စပ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အာဏာပိုင်များဖမ်းဆီးခဲ့သည့် လူဒါဇင်ချီတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။

ဆေးခန်းများကထုတ်ပေးသည့် ထိုစာရွက်စာတမ်းအမှားများ၏ယုံကြည်ရမှုအပေါ် သံသယရှိနေပြီး ထိုစာရွက် စာတမ်းများကြောင့် လူ ၁၆၈ သန်းနေထိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အခြေအနေကို ပိုဆိုးစေကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။

ရှာဟက်၏ ဆေးခန်းများတွင် ကိုရိုနာဗိုင်းရပ်စစ်ဆေးမှု အကြိမ် ၁၀၅၀၀ ပြုလုပ်ခဲ့ပြီး ၄၂၀၀ မှာ အမှန်တကယ် စစ်ဆေးမှုဖြစ်ပြီး ကျန် ၆၃၀၀ မှာ စစ်ဆေးမှုမပြုလုပ်ဘဲ ရလဒ်များထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ခြေမြန်တပ်ရင်း ပြောခွင့်ရသူ ဗိုလ်မှူးကြီး အာရှစ် ဘီလားကပြောသည်။

မြို့တော်ဒါကာရှိသူပိုင်ဆိုင်သည့်ဆေးခန်းများတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးမည်ဟု အစိုးရနှင့် သဘောတူထားသော်လည်း စာရွက်စာတမ်းများနှင့် ကိုရိုနာဗိုင်းရပ်စ်ကုသမှုများအတွက် အခကြေးငွေယူနေကြောင်း လည်း ရှာဟက်ကို စွပ်စွဲထားသည်။

ကျော်ကြားသည့်ဆရာဝန်အမျိုးသမီးတစ်ယောက်နှင့် သူ့အမျိုးသားတို့ကိုလည်း ရဲများက ဖမ်းဆီးထားပြီး သူတို့၏ ဒါကာမှဓာတ်ခွဲခန်းတွင် စာရွက်စာတမ်းအတုထောင်ချီထုတ်ပေးခဲ့ကြောင်း စွဲချက်တင်ထားသည်။

ယခုလိမ်လည်မှုများကြောင့် နိုင်ငံခြားသို့ထွက်ရန်စီစဉ်နေပြီး နိုင်ငံစီးပွားရေးအတွက် အဓိကဖြစ်သည့်ရွှေ့ပြောင်း လုပ်သားများကို ထိခိုက်စေကြောင်း ရွှေ့ပြောင်းလုပ်သားများအခွင့်အရေးအဖွဲ့ OKUP မှ ရှာကီရူး အစ္စလမ်က ပြောသည်။

လူမှုအသိုက်အဝန်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကိုဟန့်တားနိုင်ရန် ပြီးခဲ့သည့်တစ်ပတ်တွင် အီတလီနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရောမမြို့သို့လာသည့်လေကြောင်းခရီးစဉ်များ ရပ်နားလိုက်သည်။

ဒါကာမှရောက်လာသောခရီးသည်အမြောက်အမြားတွင် COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိရသည်။

၂၀၁၉ ခုနှစ်တွင် ရွှေ့ပြောင်းလုပ်သား ၁.၂ သန်းက အမေရိကန်ဒေါ်လာ သန်း ၁၉၀၀၀ နီးပါး နိုင်ငံသို့ပြန်ပို့ခဲ့ကြောင်း ဗဟိုဘဏ်စာရင်းအရသိရသည်။

ဘင်္ဂလားဒေ့ရှ်တွင် COVID-19 လူနာ ၁၉၃၀၀၀ ရှိပြီး သေဆုံးသူ ၂၄၅၇ ယောက်ရှိနေသည်။

Ref : Bangladesh arrests hospital owner over fake COVID-19 test results

#PeopleMedia


Share this post