• Follow Us on

Home COVID-19 အၿပီး ကမၻာလွည့္ခရီးသြားေတြအမ်ားဆုံးလာႏိုင္တဲ့ႏိုင္ငံ ၇ ႏိုင္ငံစာရင္း၌ ျမန္မာႏိုင္ငံကို Forbes မဂၢဇင္း ေဖာ္ျပ

COVID-19 အၿပီး ကမၻာလွည့္ခရီးသြားေတြအမ်ားဆုံးလာႏိုင္တဲ့ႏိုင္ငံ ၇ ႏိုင္ငံစာရင္း၌ ျမန္မာႏိုင္ငံကို Forbes မဂၢဇင္း ေဖာ္ျပ

Share this post

ကမာၻ႔ကပ္ေရာဂါအၿပီးမွာ ကမာၻလွည့္ခရီးသြားေတြအမ်ားဆံုးလာေရာက္တဲ့ႏိုင္ငံေတြျဖစ္လာႏိုင္တဲ့ႏိုင္ငံ ၇ ႏိုင္ငံကို Forbes မဂၢဇင္းက ေ႐ြးခ်ယ္ေပးထားေပးပါတယ္။ ကမာၻ႔ခရီးသြားလုပ္ငန္းဟာ မႀကံဳစဖူးအက်ဘက္ ေရာက္ေနတာေၾကာင့္ ကမာၻ႔ႏိုင္ငံေတြဟာ ခရီးသြားဖို႔ျပန္အဆင္ေျပလာတာနဲ႔ ႏိုင္ငံတကာခရီးသြားေတြကို ဆြဲေဆာင္ဖို႔ျပင္ဆင္ေနၿပီး တခ်ိဳ႕ႏိုင္ငံေတြကေတာ့ ခရီးသြားလုပ္ငန္းမွာ ထင္႐ွားတဲ့ႏိုင္ငံေတြျဖစ္လာဖို႔ အခြင့္ အေရးရေနပါတယ္။

အခုေဖာ္ျပမယ့္ႏိုင္ငံေတြဟာ ကမာၻ႔အဆင့္ခရီးသြားဆြဲေဆာင္တဲ့ေနရာေတြမျဖစ္ေသးေပမဲ့ သဘာ၀အလွအပ ေတြ၊ သမိုင္းအေမြအႏွစ္ေတြ၊ ရင္ခုန္စိတ္လႈပ္႐ွားစရာေကာင္းတဲ့ယဥ္ေက်းမႈဆိုင္ရာအေတြ႕အၾကံဳေတြလိုမ်ိဳး လိုအပ္တဲ့အရာေတြအားလံုး႐ွိေနပီးသားျဖစ္ေနပါတယ္။

အီသီယိုးပီးယား

အာဖရိကတိုက္ကႏိုင္ငံ ၅၄ ႏိုင္ငံထဲမွာ အီသီယိုးပီးယားႏိုင္ငံဟာ စိတ္လႈပ္႐ွားစရာအေကာင္းဆံုးသမိုင္းေနာက္ ခံ႐ွိတယ္ဆိုတာကို ျငင္းခ်က္ထုတ္ႏိုင္ပါတယ္။ ဒါေပမဲ့ အီသီယိုးပီးယားႏိုင္ငံဟာ ခရစ္ယာန္ဘာသာကို လက္ခံခဲ့ တဲ့ကမာၻေပၚက ဒုတိယေျမာက္ႏိုင္ငံ၊ ဥေရာပအင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံကို ရင္ဆိုင္တိုက္ခိုက္ၿပီး အႏိုင္ရခဲ့တဲ့ ႏိုင္ငံနဲ႔ အာဖရိကတိုက္ကို ဥေရာပအင္အားႀကီးႏိုင္ငံေတြ သိမ္းပိုက္တဲ့ကာလမွာ ကိုလီနီစနစ္ကို ရင္ဆိုင္ႏိုင္ခဲ့တဲ့ ႏိုင္ငံျဖစ္႐ံုသာမက ဒီေျမကေန လူသားမ်ိဳးႏြယ္ေတြပထဆံုးဆင္းသက္လာတယ္လို႔ ယံုၾကည္ေနၾကတဲ့ႏိုင္ငံပါ။ ဒီႏိုင္ငံကိုသြားလည္ၾကမယ့္လူေတြဟာ သဘာ၀အလွအပျမင္ကြင္းစံုကို႐ွာေဖြေတြ႕႐ွိမွာပါ။ ႏိုင္ငံအေနာက္ဘက္ စြန္းက မိုးသစ္ေတာေတြ႐ွိတဲ့ေနရာျဖစ္ၿပီး အေ႐ွ႕ဘက္ကေတာ့ ကုန္းျပင္ျမင့္ေတြ႐ွိေနတဲ့ေနရာပါ။ ေနာက္ခံ သမိုင္းေၾကာင္းႂကြယ္၀တာနဲ႔ ခမ္းနားႀကီးက်ယ္တဲ့သဘာ၀အေလ်ာက္ေနရာေတြက ဒီႏိုင္ငံကို ၾကယ္ပြင့္တစ္ခု မျဖစ္ေစဘူးဆိုရင္ အီသိုယိုးပီးယားႏိုင္ငံရဲ႕ဟင္းလ်ာေတြက ျဖစ္ေစမွာပါ။ အင္ဂ်ဲရာလို႔ေခၚတဲ့ ဂ်ံဳျပားဟင္းလ်ာကို လက္နဲ႔စားမယ္ဆိုတာကလည္း လူတိုင္းတစ္သက္မွာ တစ္ခါေတြ႕ၾကံဳခံစားသင့္တဲ့ ယဥ္ေက်းမႈအေတြ႕အၾကံဳ တစ္ရပ္ျဖစ္ပါတယ္။

အီရန္

ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာေနတဲ့ ပထဝီႏိုင္ငံေရးအျငင္းပြားမႈေတြဟာ အီရန္ႏိုင္ငံရဲ႕ဂုဏ္သိကၡာကို အဓိကထိုး ႏွက္မႈတစ္ခုျဖစ္ေနေပမဲ့ အီရန္ရဲ႕ယဥ္ေက်းမႈအေမြအႏွစ္ဟာ ကမာၻမွာရင္ခုန္စိတ္လႈပ္႐ွားစရာအေကာင္းဆံုးေတြ ထဲကတစ္ခုဆိုတာ ျငင္းလို႔မရပါဘူး။ အီရန္ဟာ သမိုင္းစိတ္၀င္စားသူေတြကို အမွန္တကယ္စိတ္ခ်မ္းေျမေစတဲ့ ေနရာပါ။ ၿပီးခဲ့တဲ့ႏွစ္ေပါင္း ၂၅၀၀ ေလာက္က အာေခ်မီနစ္ဘုရင့္ႏိုင္ငံေတာ္ရဲ႕ၿမိဳ႕ေတာ္ျဖစ္ခဲ့တဲ့ ပါစီပိုလစ္ၿမိဳ႕ ေဟာင္းဟာ ႐ွီရက္ဇ္ၿမိဳ႕ရဲ႕အေ႐ွ႕ေျမာက္ဘက္ကို ခဏေလာက္သြား႐ံုနဲ႔ေရာက္တဲ့ၿမိဳ႕ျဖစ္ၿပီးေတာ့ ဟာမီဒန္ေ႐ွး ေဟာင္းၿမိဳ႕ဟာလည္း ဒီေန႔အထိလူႀကိဳက္မ်ားေနတုန္းျဖစ္ပါတယ္။ အီရန္ႏိုင္ငံတ၀န္းမွာ လည္ပတ္စရာေနရာ ေတာ္ေတာ္မ်ားမ်ားအမွန္တကယ္႐ွိေနတာပါ။ ဒီဇင္းၿမိဳ႕မွာ ႏွင္းေလွ်ာစီးႏိုင္သလို ေဟာ္မို႔ဇ္ဂန္ျပည္နယ္က သဲျဖဴ ျဖဴနဲ႔ ကမ္းေျခေတြမွာလည္း ေနစာလႈံလို႔ရၿပီး ဂီလန္ျပည္နယ္ကသစ္ေတာေတြထဲမွာ စခန္းခ်ႏိုင္တဲ့အျပင္ ႏိုင္ငံ တ၀န္းလံုးမွာ ၫွိဳ႕ယူဖမ္းစားႏိုင္စြမ္း႐ွိတဲ့ဗလီေတြနဲ႔ ေဇာ႐ိုးဘာသာဘုရားေက်ာင္းေတြကိုေတြ႕ရႏိုင္ပါတယ္။ ျပည္၀င္ခြင့္ရဖို႔နည္းနည္းအခက္အခဲ႐ွိေပမဲ့ ပထဝီႏိုင္ငံေရးတင္းမာမႈေတြ အနာဂတ္မွာေျပေလ်ာ့သြားမယ္လို႔ ေမွ်ာ္လင့္ရၿပီး ဒီႏွစ္သက္စရာေကာင္းတဲ့ႏိုင္ငံအေနနဲ႔ ကမာၻ႔လွည့္ခရီးသြားေတြကို ဆြဲေဆာင္တဲ့ေနရာျဖစ္လာ ႏိုင္တာကို ႀကိဳဆိုရမယ္ဆိုတာကို သေဘာေပါက္လာမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ျမန္မာ

အေ႐ွ႕ေတာင္အာရွမွာ စင္ကာပူ၊ ထိုင္းနဲ႔ အင္ဒိုနီး႐ွားႏိုင္ငံတို႔က လူသိမ်ားထင္႐ွားတဲ့ကမာၻလွည့္ခရီးသြားေတြ ကို ဆြဲေဆာင္တဲ့ေနရာေတြျဖစ္ေနေပမဲ့ ေလွ်ာ႔အတြက္ခံရဆံုးေနရာတစ္ေနရာျဖစ္တဲ့ ျမန္မာႏိုင္ငံလိုမ်ိဳး ေက်ာက္ ႐ိုင္းတံုးေတြလည္း အေ႐ွ႕ေတာင္အာ႐ွမွာအမ်ားအျပား႐ွိေနပါတယ္။ ျမန္မာႏိုင္ငံဟာ ျပင္ဆင္မြမ္းမံထားတဲ့ ဗုဒၶ ပုထိုးေတာ္ေတြ၊ ေ႐ွးေဟာင္းယဥ္ေက်းမႈလက္က်န္ေတြနဲ႔ လူေတြ႐ွဳပ္႐ွက္ခတ္ေနတဲ့ၿမိဳ႕ႀကီးေတြမွာ ထိုင္းႏိုင္ငံလို မ်ိဳး ခ်စ္ခင္ဖြယ္ပင္ကိုယ္အရည္အေသြးေတြအမ်ားအျပား႐ွိေနပါတယ္။ ဖြံ႔ၿဖိဳးလာတဲ့စီးပြားေရးကလည္း အသံုး စရိတ္ေခၽြတာတဲ့ခရီးသြားေတြအတြက္ သံုးႏိုင္တာထက္ပိုမကုန္ဘဲနဲ႔သြားႏိုင္ပါတယ္။ ၿမိဳ႕ေတာ္ေနျပည္ေတာ္ ကေတာ့ အစီအစဥ္ဆြဲတည္ေဆာက္ထားတဲ့ၿမိဳ႕ျဖစ္ၿပီးေတာ့ ဒီအခ်က္ကို ၿမိဳ႕ကြက္က်ယ္ၿပီး လူဦးေရနည္းလို႔ ယာဥ္ေၾကာပိတ္ဆို႔မႈနည္းတဲ့ေနရာမွာသိသာပါတယ္။ ၿမိဳ႕ေတာ္ေဟာင္း ရန္ကုန္ကေတာ့ ႏိုင္ငံရဲ႕အထြတ္အျမတ္ ထားတဲ့ ဗုဒၶဘာသာေစတီေတြနဲ႔ ကိုလိုနီေခတ္ဗိသုကာလက္ရာေတြက်ယ္က်ယ္ျပန္႔ျပန္႔႐ွိေနတဲ့ေနရာျဖစ္ပါ တယ္။

ေဂ်ာ္ဂ်ီယာ

မက္မြန္သီးေကာင္းေကာင္းထြက္တဲ့ အေမရိကန္ျပည္ေထာင္စုက ေဂ်ာ္ဂ်ီယာျပည္နယ္နဲ႔ မွားေလ့႐ွိတဲ့ ဒီႏိုင္ငံ ဟာ ေကာ့ေကးဆပ္ေဒသရဲ႕ေက်းလက္ေဒသနဲ႔ပတ္သက္ၿပီး အထင္႐ွားဆံုးေနရာတစ္ေနရာျဖစ္လာဖို႔ လမ္း ေၾကာင္းေပၚေရာက္ေနပါၿပီ။ ၿမိဳ႕ေတာ္ဘီလ္စီကိုပထမဆံုးသြားၾကည့္မယ္ဆိုရင္ လမ္းခင္းေက်ာက္ေတြနဲ႔ ေဆာက္ထားတဲ့ ေ႐ွးေဟာင္းခရစ္ယာန္ဘုရားေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ျပည့္ေနၿပီး မက္ဗာရီျမစ္ကမ္း ပါးမွာ တည္႐ွိေနတာပါ။ ေဂ်ာ္ဂ်ီယာၿမိဳ႕ျပက ခမ္းနားႀကီးက်ယ္ေပမဲ့ သဘာ၀အလွေတြကိုလည္း မေမ့သင့္ပါဘူုး။ ႏိုင္ငံအေနာက္ပိုင္းက စားက်က္ေျမေတြနဲ႔ ေက်းလက္ဆန္တဲ့ၿမိဳ႕ငယ္ေလးေတြကလည္း သြားရမယ့္ေနရာေတြ ထဲမွာပါၿပီး ကိုယ္ႏွစ္သက္တဲ့ဝိုင္ကိုလည္း ျမည္းစမ္းၾကည့္သင့္ပါတယ္။ ေဂ်ာ္ဂ်ီယာဟာ ကမာၻမွာေ႐ွးအက်ဆံုး ဝိုင္ေဖာက္တဲ့ေနရာျဖစ္ၿပီး ဘီစီ ၆၀၀၀ ေလာက္ကတည္းက ဝိုင္ေဖာက္ေနတာပါ။

ဖိလစ္ပိုင္

ကၽြန္းေပါင္း ၇၅၀၀ ေလာက္အၾကမ္းဖ်င္း႐ွိတဲ့ဒီအႀကီးစားကၽြန္းဆြယ္ကေတာ့ ဇီဇာေၾကာင္တဲ့ ကမာၻလွည့္ခရီး သြားေတြကို ေပးစရာ တစ္ခု႐ွိေနမွာပါ။ ေျမာက္ဘက္အက်ဆံုး လူဇြန္ကၽြန္းကေတာ့ မနီလာၿမိဳ႕ႀကီး႐ွိတဲ့ေနရာပါ။ မနီလာၿမိဳ႕ႀကီးမွာ ႏိုင္ငံၿမိဳ႕ေတာ္မနီလာနဲ႔ လူေနအထူထပ္ဆံုးကြီဇြန္ၿမိဳ႕အပါအ၀င္ ၿမိဳ႕ႀကီး၁၆ ၿမိဳ႕ပါ၀င္ၿပီး မနီလာ နဲ႔ကြီဇြန္တို႔ဟာ ဖိလစ္ပိုင္ယဥ္ေက်းမႈထဲနစ္ျမဳပ္သြားေစႏိုင္ၿပီးေရပန္းစားတဲ့ၿမိဳ႕ႀကီးေတြျဖစ္ပါတယ္။ သဲထူတဲ့ ကမ္းေျခေတြမွာ အနားယူခ်င္သူေတြအတြက္ေတာ့ ႏိုင္ငံအလယ္ကကၽြန္းဆြယ္ဝိဆာရကို ဦးတည္သင့္ၿပီး ပါလာ၀မ္နဲ႔ဘိုရာေကး ကၽြန္းေတြဟာ ႏိုင္ငံရဲ႕အေကာင္းဆံုးသဲျဖဴျဖဴေတြ႐ွိတဲ့ကၽြန္းေတြျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီကၽြန္းႏွစ္ကၽြန္းမွာ ဖိလစ္ပိုင္မွာေတြ႕ရအမ်ားဆံုးအပင္ေတြနဲ႔ တိရစာၦန္မ်ိဳးစိတ္ေတြကိုေတြ႕ရမွာပါ။

ဆလိုေဗးနီးယား

ဆလိုေဗးနီးယားရဲ႕အနီးဆံုးအိမ္နီးခ်င္းျဖစ္တဲ့ အီတလီ၊ ခ႐ိုေအး႐ွားနဲ႔ ၾသစႀတီးယားတို႔ဟာ ႏွစ္စဥ္ကမာၻ႔လွည့္ ခရီးသြားအမ်ားအျပားကို ဆြဲေဆာင္ႏိုင္ခ်ိန္မွာ ဒီေတာင္ထူတဲ့ႏိုင္ငံငယ္ကေတာ့ မေသြးရေသးတဲ့ေက်ာက္႐ိုင္း အျဖစ္ သတ္မွတ္ခံထားရပါတယ္။ ၿမိဳ႕ေတာ္ဂ်ဴဘယ္ဂ်ာနာကေတာ့ ေဒသရဲ႕အဓိကယဥ္ေက်းမႈအခ်က္အခ်ာ ေနရာျဖစ္ၿပီးေတာ့ ကမာၻ႔အဆင့္ပန္းခ်ီနဲ႔ သမိုင္းျပတိုက္ေတြသာမက ရာစုႏွစ္ခ်ီသက္တမ္း႐ွိေနတဲ့ခရစ္ယာန္ ဘုရားေက်ာင္းေတြနဲ႔ ခမ္းနားႀကီးက်ယ္တဲ့ၿမိဳ႕ေဟာင္းေတြကိုပါေတြ႕ရမွာပါ။ ၿမိဳ႕ကိုႏွံ႔ႏွံ႔စပ္စပ္သြားၿပီးၿပီဆိုရင္ ႏိုင္ငံေျမာက္ပိုင္းက ဂ်ဴလီယံအဲ့လ္ပ္စ္ေတာင္တန္းေတြကိုသြားသင့္ပါတယ္။ ဂ်ဴးလီယက္ဆီဇာကို ဂုဏ္ျပဳအမည္ ေပးထားတဲ့ဒီေတာင္တန္းဟာ ထရစ္ဂ္လက္ဗ္အမ်ိဳးသားဥယ်ာဥ္နဲ႔အမ်ားစုထိစပ္ေနၿပီး အဲဒီဥယ်ာဥ္မွာ ဆလိုေဗး နီးယားႏိုင္ငံရဲ႕သဘာ၀အလွေတြကို အေျမာက္အျမားေတြ႕ႏိုင္ပါတယ္။

တူနီး႐ွား

ေျမထဲပင္လယ္ကမ္းေျခေတြ၊ ေ႐ွးေဟာင္းအႂကြင္းအက်န္ေတြနဲ႔ မာဂရီဘီဟင္းလ်ာတို႔နဲ႔ မြစိတက္ေနတဲ့ တူနီး ႐ွားႏိုင္ငံဟာ ေျမာက္အာဖရိကရဲ႕တက္တက္ႂကြႂကြ႐ွိၿပီး တမူထူးျခားတဲ့ယဥ္ေက်းမႈကို ေတြ႕ၾကံဳခံစားခ်င္သူေတြ အတြက္ ၿပီးျပည့္စံုတဲ့ေနရာတစ္ခုပါ။ တူနီး႐ွားကိုသြားမယ္လို႔ စီစဥ္ေနသူေတြအတြက္ ႏိုင္ငံရဲ႕ကမ္း႐ိုးတန္းဟာ အဓိကဆြဲေဆာင္မႈတစ္ခုျဖစ္ေနၿပီးေတာ့ အေ႐ွ႕ေျမာက္ပိုင္းမွာ႐ွိတဲ့ကပ္ဘြန္ကၽြန္းဆြယ္ဟာ ေက်းလက္ဆန္တဲ့ သဲျဖဴျဖဴေတြ႐ွိတဲ့ကမ္းေျခေတြ႐ွိပါတယ္။ ႐ွဳပ္႐ွက္ခတ္စည္ကားေနတဲ့ၿမိဳ႕ေတာ္က်ဴးနစ္ကလည္း အဲဒီေနရာက ေန သိပ္မေ၀းတဲ့ေနရာမွာ႐ွိေနပါတယ္။ သမိုင္းစိတ္၀င္စားသူေတြအတြက္ကေတာ့ ဂႏၲ၀င္ေခတ္မွာတည္႐ွိခဲ့တဲ့ အခ်မ္းသာဆံုးၿမိဳ႕ေတြထဲကတစ္ၿမိဳ႕ျဖစ္တဲ့ ကာေသ့ဂ်္ၿမိဳ႕ရဲ႕အႂကြင္းအက်န္ေတြဟာ မျဖစ္မေနသြားၾကည့္ရမယ့္ ေနရာျဖစ္ၿပီး ပိုၿပီးေတာ့ စြန္႔စားခရီးသြားခ်င္သူေတြအတြက္ကေတာ့ ေတာင္ပိုင္းကိုဆက္သြားၿပီး သမိုင္း၀င္အာဖ ရိက အေျခခ်ေနထိုင္မႈေတြရဲ႕အႂကြင္းအက်န္ေတြ႐ွိတဲ့ၿပီးျပည့္စံုတဲ့ေနရာဆာဟာရသဲကႏၲာရထဲကို ခရီးဆက္ ထြက္ႏိုင္မွာပါ။

Ref : Rising Stars In Travel: These 7 Countries Have Potential To Become Major Tourist Destinations In A Post-Covid World

#PeopleMedia

(unicode)
COVID-19 အပြီး ကမ္ဘာလှည့်ခရီးသွားတွေအများဆုံးလာနိုင်တဲ့နိုင်ငံ ၇ နိုင်ငံစာရင်း၌ မြန်မာနိုင်ငံကို Forbes မဂ္ဂဇင်း ဖော်ပြ
…………………………………………………………

ကမ္ဘာ့ကပ်ရောဂါအပြီးမှာ ကမ္ဘာလှည့်ခရီးသွားတွေအများဆုံးလာရောက်တဲ့နိုင်ငံတွေဖြစ်လာနိုင်တဲ့နိုင်ငံ ၇ နိုင်ငံကို Forbes မဂ္ဂဇင်းက ရွေးချယ်ပေးထားပေးပါတယ်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းဟာ မကြုံစဖူးအကျဘက် ရောက်နေတာကြောင့် ကမ္ဘာ့နိုင်ငံတွေဟာ ခရီးသွားဖို့ပြန်အဆင်ပြေလာတာနဲ့ နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်ဖို့ပြင်ဆင်နေပြီး တချို့နိုင်ငံတွေကတော့ ခရီးသွားလုပ်ငန်းမှာ ထင်ရှားတဲ့နိုင်ငံတွေဖြစ်လာဖို့ အခွင့် အရေးရနေပါတယ်။

အခုဖော်ပြမယ့်နိုင်ငံတွေဟာ ကမ္ဘာ့အဆင့်ခရီးသွားဆွဲဆောင်တဲ့နေရာတွေမဖြစ်သေးပေမဲ့ သဘာဝအလှအပ တွေ၊ သမိုင်းအမွေအနှစ်တွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ယဉ်ကျေးမှုဆိုင်ရာအတွေ့အကြုံတွေလိုမျိုး လိုအပ်တဲ့အရာတွေအားလုံးရှိနေပီးသားဖြစ်နေပါတယ်။

အီသီယိုးပီးယား

အာဖရိကတိုက်ကနိုင်ငံ ၅၄ နိုင်ငံထဲမှာ အီသီယိုးပီးယားနိုင်ငံဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံးသမိုင်းနောက် ခံရှိတယ်ဆိုတာကို ငြင်းချက်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ အီသီယိုးပီးယားနိုင်ငံဟာ ခရစ်ယာန်ဘာသာကို လက်ခံခဲ့ တဲ့ကမ္ဘာပေါ်က ဒုတိယမြောက်နိုင်ငံ၊ ဥရောပအင်အားကြီးနိုင်ငံတစ်နိုင်ငံကို ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ရခဲ့တဲ့ နိုင်ငံနဲ့ အာဖရိကတိုက်ကို ဥရောပအင်အားကြီးနိုင်ငံတွေ သိမ်းပိုက်တဲ့ကာလမှာ ကိုလီနီစနစ်ကို ရင်ဆိုင်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်ရုံသာမက ဒီမြေကနေ လူသားမျိုးနွယ်တွေပထဆုံးဆင်းသက်လာတယ်လို့ ယုံကြည်နေကြတဲ့နိုင်ငံပါ။ ဒီနိုင်ငံကိုသွားလည်ကြမယ့်လူတွေဟာ သဘာဝအလှအပမြင်ကွင်းစုံကိုရှာဖွေတွေ့ရှိမှာပါ။ နိုင်ငံအနောက်ဘက် စွန်းက မိုးသစ်တောတွေရှိတဲ့နေရာဖြစ်ပြီး အရှေ့ဘက်ကတော့ ကုန်းပြင်မြင့်တွေရှိနေတဲ့နေရာပါ။ နောက်ခံ သမိုင်းကြောင်းကြွယ်ဝတာနဲ့ ခမ်းနားကြီးကျယ်တဲ့သဘာဝအလျောက်နေရာတွေက ဒီနိုင်ငံကို ကြယ်ပွင့်တစ်ခု မဖြစ်စေဘူးဆိုရင် အီသိုယိုးပီးယားနိုင်ငံရဲ့ဟင်းလျာတွေက ဖြစ်စေမှာပါ။ အင်ဂျဲရာလို့ခေါ်တဲ့ ဂျုံပြားဟင်းလျာကို လက်နဲ့စားမယ်ဆိုတာကလည်း လူတိုင်းတစ်သက်မှာ တစ်ခါတွေ့ကြုံခံစားသင့်တဲ့ ယဉ်ကျေးမှုအတွေ့အကြုံ တစ်ရပ်ဖြစ်ပါတယ်။

အီရန်

ဆယ်စုနှစ်ပေါင်းများစွာကြာနေတဲ့ ပထဝီနိုင်ငံရေးအငြင်းပွားမှုတွေဟာ အီရန်နိုင်ငံရဲ့ဂုဏ်သိက္ခာကို အဓိကထိုး နှက်မှုတစ်ခုဖြစ်နေပေမဲ့ အီရန်ရဲ့ယဉ်ကျေးမှုအမွေအနှစ်ဟာ ကမ္ဘာမှာရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးတွေ ထဲကတစ်ခုဆိုတာ ငြင်းလို့မရပါဘူး။ အီရန်ဟာ သမိုင်းစိတ်ဝင်စားသူတွေကို အမှန်တကယ်စိတ်ချမ်းမြေစေတဲ့ နေရာပါ။ ပြီးခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက်က အာချေမီနစ်ဘုရင့်နိုင်ငံတော်ရဲ့မြို့တော်ဖြစ်ခဲ့တဲ့ ပါစီပိုလစ်မြို့ ဟောင်းဟာ ရှီရက်ဇ်မြို့ရဲ့အရှေ့မြောက်ဘက်ကို ခဏလောက်သွားရုံနဲ့ရောက်တဲ့မြို့ဖြစ်ပြီးတော့ ဟာမီဒန်ရှေး ဟောင်းမြို့ဟာလည်း ဒီနေ့အထိလူကြိုက်များနေတုန်းဖြစ်ပါတယ်။ အီရန်နိုင်ငံတဝန်းမှာ လည်ပတ်စရာနေရာ တော်တော်များများအမှန်တကယ်ရှိနေတာပါ။ ဒီဇင်းမြို့မှာ နှင်းလျှောစီးနိုင်သလို ဟော်မို့ဇ်ဂန်ပြည်နယ်က သဲဖြူ ဖြူနဲ့ ကမ်းခြေတွေမှာလည်း နေစာလှုံလို့ရပြီး ဂီလန်ပြည်နယ်ကသစ်တောတွေထဲမှာ စခန်းချနိုင်တဲ့အပြင် နိုင်ငံ တဝန်းလုံးမှာ ညှို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ဗလီတွေနဲ့ ဇောရိုးဘာသာဘုရားကျောင်းတွေကိုတွေ့ရနိုင်ပါတယ်။ ပြည်ဝင်ခွင့်ရဖို့နည်းနည်းအခက်အခဲရှိပေမဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေ အနာဂတ်မှာပြေလျော့သွားမယ်လို့ မျှော်လင့်ရပြီး ဒီနှစ်သက်စရာကောင်းတဲ့နိုင်ငံအနေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာဖြစ်လာ နိုင်တာကို ကြိုဆိုရမယ်ဆိုတာကို သဘောပေါက်လာမယ်လို့ မျှော်လင့်နေပါတယ်။

မြန်မာ

အရှေ့တောင်အာရှမှာ စင်ကာပူ၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က လူသိများထင်ရှားတဲ့ကမ္ဘာလှည့်ခရီးသွားတွေ ကို ဆွဲဆောင်တဲ့နေရာတွေဖြစ်နေပေမဲ့ လျှော့အတွက်ခံရဆုံးနေရာတစ်နေရာဖြစ်တဲ့ မြန်မာနိုင်ငံလိုမျိုး ကျောက် ရိုင်းတုံးတွေလည်း အရှေ့တောင်အာရှမှာအများအပြားရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ပြင်ဆင်မွမ်းမံထားတဲ့ ဗုဒ္ဓ ပုထိုးတော်တွေ၊ ရှေးဟောင်းယဉ်ကျေးမှုလက်ကျန်တွေနဲ့ လူတွေရှုပ်ရှက်ခတ်နေတဲ့မြို့ကြီးတွေမှာ ထိုင်းနိုင်ငံလို မျိုး ချစ်ခင်ဖွယ်ပင်ကိုယ်အရည်အသွေးတွေအများအပြားရှိနေပါတယ်။ ဖွံ့ဖြိုးလာတဲ့စီးပွားရေးကလည်း အသုံး စရိတ်ချွေတာတဲ့ခရီးသွားတွေအတွက် သုံးနိုင်တာထက်ပိုမကုန်ဘဲနဲ့သွားနိုင်ပါတယ်။ မြို့တော်နေပြည်တော် ကတော့ အစီအစဉ်ဆွဲတည်ဆောက်ထားတဲ့မြို့ဖြစ်ပြီးတော့ ဒီအချက်ကို မြို့ကွက်ကျယ်ပြီး လူဦးရေနည်းလို့ ယာဉ်ကြောပိတ်ဆို့မှုနည်းတဲ့နေရာမှာသိသာပါတယ်။ မြို့တော်ဟောင်း ရန်ကုန်ကတော့ နိုင်ငံရဲ့အထွတ်အမြတ် ထားတဲ့ ဗုဒ္ဓဘာသာစေတီတွေနဲ့ ကိုလိုနီခေတ်ဗိသုကာလက်ရာတွေကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့နေရာဖြစ်ပါ တယ်။

ဂျော်ဂျီယာ

မက်မွန်သီးကောင်းကောင်းထွက်တဲ့ အမေရိကန်ပြည်ထောင်စုက ဂျော်ဂျီယာပြည်နယ်နဲ့ မှားလေ့ရှိတဲ့ ဒီနိုင်ငံ ဟာ ကော့ကေးဆပ်ဒေသရဲ့ကျေးလက်ဒေသနဲ့ပတ်သက်ပြီး အထင်ရှားဆုံးနေရာတစ်နေရာဖြစ်လာဖို့ လမ်း ကြောင်းပေါ်ရောက်နေပါပြီ။ မြို့တော်ဘီလ်စီကိုပထမဆုံးသွားကြည့်မယ်ဆိုရင် လမ်းခင်းကျောက်တွေနဲ့ ဆောက်ထားတဲ့ ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ပြည့်နေပြီး မက်ဗာရီမြစ်ကမ်း ပါးမှာ တည်ရှိနေတာပါ။ ဂျော်ဂျီယာမြို့ပြက ခမ်းနားကြီးကျယ်ပေမဲ့ သဘာဝအလှတွေကိုလည်း မမေ့သင့်ပါဘူုး။ နိုင်ငံအနောက်ပိုင်းက စားကျက်မြေတွေနဲ့ ကျေးလက်ဆန်တဲ့မြို့ငယ်လေးတွေကလည်း သွားရမယ့်နေရာတွေ ထဲမှာပါပြီး ကိုယ်နှစ်သက်တဲ့ဝိုင်ကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။ ဂျော်ဂျီယာဟာ ကမ္ဘာမှာရှေးအကျဆုံး ဝိုင်ဖောက်တဲ့နေရာဖြစ်ပြီး ဘီစီ ၆၀၀၀ လောက်ကတည်းက ဝိုင်ဖောက်နေတာပါ။

ဖိလစ်ပိုင်

ကျွန်းပေါင်း ၇၅၀၀ လောက်အကြမ်းဖျင်းရှိတဲ့ဒီအကြီးစားကျွန်းဆွယ်ကတော့ ဇီဇာကြောင်တဲ့ ကမ္ဘာလှည့်ခရီး သွားတွေကို ပေးစရာ တစ်ခုရှိနေမှာပါ။ မြောက်ဘက်အကျဆုံး လူဇွန်ကျွန်းကတော့ မနီလာမြို့ကြီးရှိတဲ့နေရာပါ။ မနီလာမြို့ကြီးမှာ နိုင်ငံမြို့တော်မနီလာနဲ့ လူနေအထူထပ်ဆုံးကွီဇွန်မြို့အပါအဝင် မြို့ကြီး၁၆ မြို့ပါဝင်ပြီး မနီလာ နဲ့ကွီဇွန်တို့ဟာ ဖိလစ်ပိုင်ယဉ်ကျေးမှုထဲနစ်မြုပ်သွားစေနိုင်ပြီးရေပန်းစားတဲ့မြို့ကြီးတွေဖြစ်ပါတယ်။ သဲထူတဲ့ ကမ်းခြေတွေမှာ အနားယူချင်သူတွေအတွက်တော့ နိုင်ငံအလယ်ကကျွန်းဆွယ်ဝိဆာရကို ဦးတည်သင့်ပြီး ပါလာဝမ်နဲ့ဘိုရာကေး ကျွန်းတွေဟာ နိုင်ငံရဲ့အကောင်းဆုံးသဲဖြူဖြူတွေရှိတဲ့ကျွန်းတွေဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီကျွန်းနှစ်ကျွန်းမှာ ဖိလစ်ပိုင်မှာတွေ့ရအများဆုံးအပင်တွေနဲ့ တိရစာ္ဆန်မျိုးစိတ်တွေကိုတွေ့ရမှာပါ။

ဆလိုဗေးနီးယား

ဆလိုဗေးနီးယားရဲ့အနီးဆုံးအိမ်နီးချင်းဖြစ်တဲ့ အီတလီ၊ ခရိုအေးရှားနဲ့ ဩစတြီးယားတို့ဟာ နှစ်စဉ်ကမ္ဘာ့လှည့် ခရီးသွားအများအပြားကို ဆွဲဆောင်နိုင်ချိန်မှာ ဒီတောင်ထူတဲ့နိုင်ငံငယ်ကတော့ မသွေးရသေးတဲ့ကျောက်ရိုင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ မြို့တော်ဂျူဘယ်ဂျာနာကတော့ ဒေသရဲ့အဓိကယဉ်ကျေးမှုအချက်အချာ နေရာဖြစ်ပြီးတော့ ကမ္ဘာ့အဆင့်ပန်းချီနဲ့ သမိုင်းပြတိုက်တွေသာမက ရာစုနှစ်ချီသက်တမ်းရှိနေတဲ့ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ခမ်းနားကြီးကျယ်တဲ့မြို့ဟောင်းတွေကိုပါတွေ့ရမှာပါ။ မြို့ကိုနှံ့နှံ့စပ်စပ်သွားပြီးပြီဆိုရင် နိုင်ငံမြောက်ပိုင်းက ဂျူလီယံအဲ့လ်ပ်စ်တောင်တန်းတွေကိုသွားသင့်ပါတယ်။ ဂျူးလီယက်ဆီဇာကို ဂုဏ်ပြုအမည် ပေးထားတဲ့ဒီတောင်တန်းဟာ ထရစ်ဂ်လက်ဗ်အမျိုးသားဥယျာဉ်နဲ့အများစုထိစပ်နေပြီး အဲဒီဥယျာဉ်မှာ ဆလိုဗေး နီးယားနိုင်ငံရဲ့သဘာဝအလှတွေကို အမြောက်အမြားတွေ့နိုင်ပါတယ်။

တူနီးရှား

မြေထဲပင်လယ်ကမ်းခြေတွေ၊ ရှေးဟောင်းအကြွင်းအကျန်တွေနဲ့ မာဂရီဘီဟင်းလျာတို့နဲ့ မွစိတက်နေတဲ့ တူနီး ရှားနိုင်ငံဟာ မြောက်အာဖရိကရဲ့တက်တက်ကြွကြွရှိပြီး တမူထူးခြားတဲ့ယဉ်ကျေးမှုကို တွေ့ကြုံခံစားချင်သူတွေ အတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုပါ။ တူနီးရှားကိုသွားမယ်လို့ စီစဉ်နေသူတွေအတွက် နိုင်ငံရဲ့ကမ်းရိုးတန်းဟာ အဓိကဆွဲဆောင်မှုတစ်ခုဖြစ်နေပြီးတော့ အရှေ့မြောက်ပိုင်းမှာရှိတဲ့ကပ်ဘွန်ကျွန်းဆွယ်ဟာ ကျေးလက်ဆန်တဲ့ သဲဖြူဖြူတွေရှိတဲ့ကမ်းခြေတွေရှိပါတယ်။ ရှုပ်ရှက်ခတ်စည်ကားနေတဲ့မြို့တော်ကျူးနစ်ကလည်း အဲဒီနေရာက နေ သိပ်မဝေးတဲ့နေရာမှာရှိနေပါတယ်။ သမိုင်းစိတ်ဝင်စားသူတွေအတွက်ကတော့ ဂန္တဝင်ခေတ်မှာတည်ရှိခဲ့တဲ့ အချမ်းသာဆုံးမြို့တွေထဲကတစ်မြို့ဖြစ်တဲ့ ကာသေ့ဂ်ျမြို့ရဲ့အကြွင်းအကျန်တွေဟာ မဖြစ်မနေသွားကြည့်ရမယ့် နေရာဖြစ်ပြီး ပိုပြီးတော့ စွန့်စားခရီးသွားချင်သူတွေအတွက်ကတော့ တောင်ပိုင်းကိုဆက်သွားပြီး သမိုင်းဝင်အာဖ ရိက အခြေချနေထိုင်မှုတွေရဲ့အကြွင်းအကျန်တွေရှိတဲ့ပြီးပြည့်စုံတဲ့နေရာဆာဟာရသဲကန္တာရထဲကို ခရီးဆက် ထွက်နိုင်မှာပါ။

Ref : Rising Stars In Travel: These 7 Countries Have Potential To Become Major Tourist Destinations In A Post-Covid World

#PeopleMedia


Share this post