• Follow Us on

Home COVID-19 ေပ်ာက္ကင္းသူထံမွ ေသြးရည္ၾကည္သြင္းကုသသည့္ကုထုံး ျမန္မာႏိုင္ငံတြင္ကုသရန္ လမ္းၫႊန္ ခ်က္မရွိေသး

COVID-19 ေပ်ာက္ကင္းသူထံမွ ေသြးရည္ၾကည္သြင္းကုသသည့္ကုထုံး ျမန္မာႏိုင္ငံတြင္ကုသရန္ လမ္းၫႊန္ ခ်က္မရွိေသး

Share this post

ရန္ကုန္၊ ဇူလိုင္ – ၇

COVID-19 ေပ်ာက္ကင္းသူထံမွ ေသြးရည္ၾကည္သြင္းကုသသည့္ကုထုံး ျမန္မာႏိုင္ငံတြင္ကုသရန္ လမ္းၫႊန္ ခ်က္မရွိေသးေၾကာင္း ေနျပည္ေတာ္ ျပည္သူ့က်န္းမာေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမွဴး ေဒါက္တာမိုးစု ၾကည္ကေျပာသည္။

လတ္တေလာလူမႈကြန္ရက္တြင္ထြက္ေပၚေနသည့္ COVID-19 ျဖစ္ပြားသူကို ေသြးရည္ၾကည္သြင္းကုထုံးျဖင့္ ကုသေနေၾကာင္း သတင္းအား ဇူလိုင္ ၆ ရက္ PEOPLE MEDIA မွ ဆက္သြယ္ေမးျမန္းရာတြင္ ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမွဴး ေဒါက္တာမိုးစုၾကည္က ေျပာၾကားခဲ့သည္။

“COVID-19 စျဖစ္ကတည္းက တခ်ိဳ႕ႏိုင္ငံေတြ အဲဒီလိုေသြးရည္ၾကည္သြင္း ကုသတာရွိတယ္ေပါ႔ေနာ္။ ကုသ တာေပ်ာက္တဲ့လူေတာ့ရွိတယ္။ ျမန္မာႏိုင္ငံမွာေတာ့ စမ္းတဲ့လူနာေတာ့မၾကားဖူးေသးဘူးရွင့္။ ျမန္မာႏိုင္ငံရဲ႕ ကုသေရးၫႊန္ၾကားခ်က္မွာလည္း အဲဒါမပါထားေသးဘူးေပါ႔။ ဒီမွာေတာ့ အဲဒီလိုကုသတာမလုပ္ရေသးပါဘူးရွင့္’’ ဟု ၎ကေျပာသည္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ စတင္ကူးစက္ျပန္႔ပြားေသာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားသည့္ ျပင္းထန္အဆုတ္ေရာင္ေရာဂါသည္ ႏိုင္ငံေပါင္း တစ္ရာေက်ာ္သို႔ ကူးစက္ျပန္႔ပြားခဲ့ၿပီး လက္ရွိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိသူ ဇူလိုင္ ၄ ရက္အထိ ၃၁၃ ဦးရွိကာေရာဂါပိုးျပန္လည္ကင္းစင္သူ ၂၄၁ ဦးရွိၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနမွသိရသည္။

“အဲဒီလိုေသြးရည္ၾကည္သြင္းကုသဖို႔ဆိုတာ မလြယ္ဘူး။ အထူးသျဖင့္ သူကေကာင္းၿပီးသား လူနာဆီကေသြး ရည္ၾကည္ထုတ္ရမယ္။ ေသြးအုပ္စုတူခ်င္းမတူခ်င္းနဲ႔ေနာက္ သူ႔ရဲ႕ၾကားထဲမွာ လုပ္ရမဲ့လုပ္ငန္းစဥ္ေတြအမ်ားႀကီး ရွိတယ္။ ခ်က္ျခင္းေဖာက္ခ်က္ျခင္းသြင္း အဲဒီလိုလုပ္လို႔ရတဲ့ကိစၥမဟုတ္တဲ့အတြက္ ေလာေလာဆယ္ေတာ့ ျမန္ မာျပည္မွာကုသတာ မေတြ႕ေသးဘူး။ ေနာက္ၿပီး သူကလူနာရဲ႕ ခြင့္ျပဳခ်က္ေတာင္းရမယ္။ အျခားႏိုင္ငံေတြမွာ ကုသတယ္ဆိုတာေတာ့ ျဖစ္ႏိုင္ေျခေတာ့ရွိတယ္။ စာတမ္းေတြေတာ့ မၾကည့္ရေသးဘူး’’ ဟု အေထြေထြ ေရာဂါကုသမားေတာ္ေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္ကလည္း သုံးသပ္ေျပာသည္။

ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ပြားသည့္ ျပင္းထန္အဆုတ္ေရာင္ေရာဂါလကၡဏာမ်ားမွာ ကိုယ္အပူခ်ိန္ျမင့္မား ျခင္း၊ အသက္ရႈမဝျခင္း၊ ကိုယ္လက္မ်ားကိုက္ခဲျခင္း၊ ၀မ္းေလ်ာျခင္း၊ ေခ်ာင္းေျခာက္ဆိုးျခင္းစသည့္လကၡဏာ မ်ားျဖစ္ပြားကာျပင္းထန္လာပါက အသက္ရႈမရေတာ့ျခင္းတို႔ျဖစ္ပြားႏိုင္ေၾကာင္းသိရသည္။

#PeopleMedia #COVID-19

(unicode)
COVID-19 ပျောက်ကင်းသူထံမှ သွေးရည်ကြည်သွင်းကုသသည့်ကုထုံး မြန်မာနိုင်ငံတွင်ကုသရန် လမ်းညွှန် ချက်မရှိသေး
…………………………………………………………

ရန်ကုန်၊ ဇူလိုင် – ရ

COVID-19 ပျောက်ကင်းသူထံမှ သွေးရည်ကြည်သွင်းကုသသည့်ကုထုံး မြန်မာနိုင်ငံတွင်ကုသရန် လမ်းညွှန် ချက်မရှိသေးကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးစု ကြည်ကပြောသည်။

လတ်တလောလူမှုကွန်ရက်တွင်ထွက်ပေါ်နေသည့် COVID-19 ဖြစ်ပွားသူကို သွေးရည်ကြည်သွင်းကုထုံးဖြင့် ကုသနေကြောင်း သတင်းအား ဇူလိုင် ၆ ရက် PEOPLE MEDIA မှ ဆက်သွယ်မေးမြန်းရာတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးစုကြည်က ပြောကြားခဲ့သည်။

“COVID-19 စဖြစ်ကတည်းက တချို့နိုင်ငံတွေ အဲဒီလိုသွေးရည်ကြည်သွင်း ကုသတာရှိတယ်ပေါ့နော်။ ကုသ တာပျောက်တဲ့လူတော့ရှိတယ်။ မြန်မာနိုင်ငံမှာတော့ စမ်းတဲ့လူနာတော့မကြားဖူးသေးဘူးရှင့်။ မြန်မာနိုင်ငံရဲ့ ကုသရေးညွှန်ကြားချက်မှာလည်း အဲဒါမပါထားသေးဘူးပေါ့။ ဒီမှာတော့ အဲဒီလိုကုသတာမလုပ်ရသေးပါဘူးရှင့်’’ ဟု ၎င်းကပြောသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ကူးစက်ပြန့်ပွားသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်း တစ်ရာကျော်သို့ ကူးစက်ပြန့်ပွားခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ဇူလိုင် ၄ ရက်အထိ ၃၁၃ ဦးရှိကာရောဂါပိုးပြန်လည်ကင်းစင်သူ ၂၄၁ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

“အဲဒီလိုသွေးရည်ကြည်သွင်းကုသဖို့ဆိုတာ မလွယ်ဘူး။ အထူးသဖြင့် သူကကောင်းပြီးသား လူနာဆီကသွေး ရည်ကြည်ထုတ်ရမယ်။ သွေးအုပ်စုတူချင်းမတူချင်းနဲ့နောက် သူ့ရဲ့ကြားထဲမှာ လုပ်ရမဲ့လုပ်ငန်းစဉ်တွေအများကြီး ရှိတယ်။ ချက်ခြင်းဖောက်ချက်ခြင်းသွင်း အဲဒီလိုလုပ်လို့ရတဲ့ကိစ္စမဟုတ်တဲ့အတွက် လောလောဆယ်တော့ မြန် မာပြည်မှာကုသတာ မတွေ့သေးဘူး။ နောက်ပြီး သူကလူနာရဲ့ ခွင့်ပြုချက်တောင်းရမယ်။ အခြားနိုင်ငံတွေမှာ ကုသတယ်ဆိုတာတော့ ဖြစ်နိုင်ခြေတော့ရှိတယ်။ စာတမ်းတွေတော့ မကြည့်ရသေးဘူး’’ ဟု အထွေထွေ ရောဂါကုသမားတော်ဒေါက်တာမိုးအောင်ကျော်နိုင်ကလည်း သုံးသပ်ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါလက္ခဏာများမှာ ကိုယ်အပူချိန်မြင့်မား ခြင်း၊ အသက်ရှုမဝခြင်း၊ ကိုယ်လက်များကိုက်ခဲခြင်း၊ ဝမ်းလျောခြင်း၊ ချောင်းခြောက်ဆိုးခြင်းစသည့်လက္ခဏာ များဖြစ်ပွားကာပြင်းထန်လာပါက အသက်ရှုမရတော့ခြင်းတို့ဖြစ်ပွားနိုင်ကြောင်းသိရသည်။

#PeopleMedia #COVID-19


Share this post