• Follow Us on
Latest News

Home COVID-19 ေပ်ာက္ကင္းၿပီး ၄ လအၾကာ ေရာဂါကာကြယ္သည့္ပဋိပစၥည္းမ်ား လူနာမ်ားတြင္ေတြ႕႐ွိ

COVID-19 ေပ်ာက္ကင္းၿပီး ၄ လအၾကာ ေရာဂါကာကြယ္သည့္ပဋိပစၥည္းမ်ား လူနာမ်ားတြင္ေတြ႕႐ွိ

Share this post

ေရဂ်ာဗစ္၊ စက္တင္ဘာ ၂

အိုက္စလန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ရာမွျပန္သက္သာလာသည့္လူနာ ၉၀ ရာခိုင္ႏႈန္းေက်ာ္တြင္ ၄ လအထိ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ကိုကာကြယ္သည့္ပဋိပစၥည္းပမာဏျမင့္တက္ၿပီးေနာက္ ပံုမွန္အတိုင္းျဖစ္လာသည္ဟု အဂၤါေန႔တြင္ထုတ္ေ၀သည့္ေလ့လာမႈတစ္ရပ္တြင္ေဖာ္ျပသည္။

ယခင္ေလ့လာမႈမ်ားတြင္ ကူးစက္ခံရၿပီးလအနည္းငယ္အတြင္း ပဋိပစၥည္းပမာဏသိသိသာသာေလ်ာ့က် လာသျဖင့္ ကူးစက္မႈဒဏ္ခံႏိုင္စြမ္းၾကာျမင့္ခ်ိန္အေပၚ ေမးခြန္းထုတ္မႈမ်ား႐ွိေနသည္။

ေတြ႕႐ွိခ်က္အသစ္သည္ ျပန္ကူးစက္ႏိုင္သည့္အႏၲရာယ္ႏွင့္ကာကြယ္ေဆးၾကာခ်ိန္အေပၚ ေျဖ႐ွင္းႏိုင္မည္ဟု ေလ့လာမႈျပဳလုပ္ခဲ့သည့္ deCode Genetics အဖြဲ႔မွ အမႈေဆာင္ခ်ဳပ္ ကာရီ စတီဖန္ဆန္ကေျပာသည္။

အိုက္စလန္ႏိုင္ငံသား ၃၀၀၀၀ ေက်ာ္ကိုေလ့လာခဲ့ၿပီး ရလဒ္မ်ားအရ လူဦးေရ၏ ၁ ရာခိုင္ႏႈန္းကူးစက္ခံရေၾကာင္း ခန္႔မွန္းခဲ့သည္။

ကမာၻ႔အဆင့္မီ PCR ဓာတ္ခြဲခန္းစမ္းသပ္မႈမ်ားျပဳလုပ္ခဲ့သည့္ လူ ၃ ေသာင္းေက်ာ္မွ ၅၆ ရာခိုင္ႏႈန္းတြင္ ကူးစက္ခံရေၾကာင္း အတည္ျပဳခဲ့ၿပီး ေနာက္ထပ္ ၁၄ ရာခိုင္ႏႈန္းကို တရား၀င္စစ္ေဆးျခင္းမ႐ွိေသာ္လည္း ဗိုင္းရပ္စ္ႏွင့္ထိေတြ႕ၿပီးေနာက္ အသြားအလာကန္႔သတ္ခဲ့သည္။

ေနာက္ထပ္က်န္သည့္ ၃၀ ရာခိုင္ႏႈန္းတြင္ ပဋိပစၥည္းစစ္ေဆးမႈမ်ားလုပ္ခဲ့ၿပီး ယခင္ကူးစက္မႈမ်ားကိုျပန္လည္ေတြ႕႐ွိခဲ့သည္။

Ref : COVID-19 antibodies present in patients four months after recovery: Study

#PeopleMedia

(unicode)
COVID-19 ပျောက်ကင်းပြီး ၄ လအကြာ ရောဂါကာကွယ်သည့်ပဋိပစ္စည်းများ လူနာများတွင်တွေ့ရှိ
……………………………………………

ရေဂျာဗစ်၊ စက်တင်ဘာ ၂

အိုက်စလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရာမှပြန်သက်သာလာသည့်လူနာ ၉၀ ရာခိုင်နှုန်းကျော်တွင် ၄ လအထိ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်သည့်ပဋိပစ္စည်းပမာဏမြင့်တက်ပြီးနောက် ပုံမှန်အတိုင်းဖြစ်လာသည်ဟု အင်္ဂါနေ့တွင်ထုတ်ဝေသည့်လေ့လာမှုတစ်ရပ်တွင်ဖော်ပြသည်။

ယခင်လေ့လာမှုများတွင် ကူးစက်ခံရပြီးလအနည်းငယ်အတွင်း ပဋိပစ္စည်းပမာဏသိသိသာသာလျော့ကျ လာသဖြင့် ကူးစက်မှုဒဏ်ခံနိုင်စွမ်းကြာမြင့်ချိန်အပေါ် မေးခွန်းထုတ်မှုများရှိနေသည်။

တွေ့ရှိချက်အသစ်သည် ပြန်ကူးစက်နိုင်သည့်အန္တရာယ်နှင့်ကာကွယ်ဆေးကြာချိန်အပေါ် ဖြေရှင်းနိုင်မည်ဟု လေ့လာမှုပြုလုပ်ခဲ့သည့် deCode Genetics အဖွဲ့မှ အမှုဆောင်ချုပ် ကာရီ စတီဖန်ဆန်ကပြောသည်။

အိုက်စလန်နိုင်ငံသား ၃၀၀၀၀ ကျော်ကိုလေ့လာခဲ့ပြီး ရလဒ်များအရ လူဦးရေ၏ ၁ ရာခိုင်နှုန်းကူးစက်ခံရကြောင်း ခန့်မှန်းခဲ့သည်။

ကမ္ဘာ့အဆင့်မီ PCR ဓာတ်ခွဲခန်းစမ်းသပ်မှုများပြုလုပ်ခဲ့သည့် လူ ၃ သောင်းကျော်မှ ၅၆ ရာခိုင်နှုန်းတွင် ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး နောက်ထပ် ၁၄ ရာခိုင်နှုန်းကို တရားဝင်စစ်ဆေးခြင်းမရှိသော်လည်း ဗိုင်းရပ်စ်နှင့်ထိတွေ့ပြီးနောက် အသွားအလာကန့်သတ်ခဲ့သည်။

နောက်ထပ်ကျန်သည့် ၃၀ ရာခိုင်နှုန်းတွင် ပဋိပစ္စည်းစစ်ဆေးမှုများလုပ်ခဲ့ပြီး ယခင်ကူးစက်မှုများကိုပြန်လည်တွေ့ရှိခဲ့သည်။

Ref : COVID-19 antibodies present in patients four months after recovery: Study

#PeopleMedia


Share this post