• Follow Us on

Home COVID-19 ေရာဂါကာကြယ္ေဆးေၾကာင့္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းျခင္းျဖစ္ၿပီး ေတာင္တ႐ုတ္ပင္လယ္အေရး တြင္ အင္ဒိုနီး႐ွား၏ရပ္တည္ခ်က္အေပၚ လႊမ္းမိုးမႈ႐ွိမည္မဟုတ္ဟု ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

COVID-19 ေရာဂါကာကြယ္ေဆးေၾကာင့္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းျခင္းျဖစ္ၿပီး ေတာင္တ႐ုတ္ပင္လယ္အေရး တြင္ အင္ဒိုနီး႐ွား၏ရပ္တည္ခ်က္အေပၚ လႊမ္းမိုးမႈ႐ွိမည္မဟုတ္ဟု ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

Share this post

ဂ်ာကာတာ၊ ေအာက္တိုဘာ ၇
 
ႏိုင္ငံသားမ်ားအတြက္ COVID-19 ေရာဂါကာကြယ္ေဆးရ႐ွိရန္ တ႐ုတ္ႏိုင္ငံ လက္႐ွိပူးေပါင္းေဆာင္႐ြက္ေန ခ်ိန္တြင္ ထိုလုပ္ရပ္သည္ ေတာင္တ႐ုတ္ပင္လယ္အေရးတြင္ အင္ဒိုနီး႐ွားႏိုင္ငံ၏ရပ္တည္ခ်က္အေပၚ လႊမ္းမိုးမႈ႐ွိမည္မဟုတ္ေၾကာင္း ႏိုင္ငံျခားေရး၀န္ႀကီး ရတ္ႏို မာဆူဒီက အဂၤါေန႔တြင္ေျပာသည္။
 
အင္ဒိုနီး႐ွားႏိုင္ငံသည္ ေတာင္တ႐ုတ္ပင္လယ္ျပင္ကိုပိုင္ဆိုင္ေၾကာင္းေျပာသည့္ႏိုင္ငံမ်ားတြင္မပါေသာ္လည္း အျငင္းပြားေရပိုင္နက္ေတာင္ပိုင္း႐ွိ နာတူနာကၽြန္း၀န္းက်င္တြင္ ငါးဖမ္းခြင့္အတြက္ တ႐ုတ္ႏိုင္ငံႏွင့္ထိပ္တိုက္ ရင္ဆိုင္ခဲ့သည့္အေျခအေနမ်ား႐ွိခဲ့သည္။
 
ၿပီးခဲ့သည့္လတြင္ တ႐ုတ္ကမ္းေျခေစာင့္သေဘၤာတစင္းကို နာတူနာကၽြန္းနားတြင္ေတြ႔ခဲ့ရသည္။
 
အေ႐ွ႕ေတာင္အာ႐ွ၏စီးပြားေရးအင္အားအႀကီးဆံုးႏိုင္ငံသည္ လက္႐ွိတြင္ တ႐ုတ္ႏိုင္ငံမွ ဆင္ႏိုဗက္ဘိုင္ အိုတက္ခ္ကုမၸဏီ၏ COVID-19 ေရာဂါကာကြယ္ေဆးတတိယအဆင့္စမ္းသပ္မႈတြင္ ပါ၀င္ေနသည္။
 
ေနာက္ထပ္တ႐ုတ္ကုမၸဏီျဖစ္သည့္ဆင္ႏိုဖားမ္ႏွင့္တြဲဖက္ၿပီးလည္း ႏိုင္ငံသားသန္း ၂၆၀ အတြက္ ကာကြယ္ေဆးမ်ားရႏိုင္ရန္ႀကိဳးပမ္းေနသည္။
 
မၾကာေသးမီက ေတာင္တ႐ုတ္ပင္လယ္တြင္ တင္းမာမႈမ်ား႐ွိခဲ့သည္။ ယခုႏွစ္အေစာပိုင္းကလည္း တ႐ုတ္ ႏိုင္ငံကပိုင္ဆိုင္သည္ဟုေျပာထားသည့္ ပါရာဆယ္ကၽြန္းစုမ်ားနားသို႔ ပဲ့ထိန္းဒံုးက်ည္သေဘၤာတစင္း သြားလာေနေၾကာင္း အေမရိကန္ေရတပ္ကေျပာသည္။
 
ၿပီးခဲ့သည့္လတြင္လည္း တ႐ုတ္ကမ္းေျခေစာင့္သေဘၤာတစင္းက အင္ဒိုနီး႐ွားသီးသန္႔စီးပြားေရးဇုန္ထ၀င္ ေရာက္ခဲ့ၿပီး တရားဥပေဒအရအေရးယူမည္ဟု ေရဒီမွေျပာခဲ့ၿပီးေနာက္မွ ျပန္လည္ထြက္ခြာခဲ့သည္။
 
Ref : Indonesia foreign minister says vaccine cooperation with China won’t influence Jakarta’s position on South China Sea
 
#Peoplemedia
 
(Unicode)
COVID-19 ရောဂါကာကွယ်ဆေးကြောင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းခြင်းဖြစ်ပြီး တောင်တရုတ်ပင်လယ်အရေး တွင် အင်ဒိုနီးရှား၏ရပ်တည်ချက်အပေါ် လွှမ်းမိုးမှုရှိမည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးပြော
……………………………………………………….
 
ဂျာကာတာ၊ အောက်တိုဘာ ၇
 
နိုင်ငံသားများအတွက် COVID-19 ရောဂါကာကွယ်ဆေးရရှိရန် တရုတ်နိုင်ငံ လက်ရှိပူးပေါင်းဆောင်ရွက်နေ ချိန်တွင် ထိုလုပ်ရပ်သည် တောင်တရုတ်ပင်လယ်အရေးတွင် အင်ဒိုနီးရှားနိုင်ငံ၏ရပ်တည်ချက်အပေါ် လွှမ်းမိုးမှုရှိမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက အင်္ဂါနေ့တွင်ပြောသည်။
 
အင်ဒိုနီးရှားနိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်ကိုပိုင်ဆိုင်ကြောင်းပြောသည့်နိုင်ငံများတွင်မပါသော်လည်း အငြင်းပွားရေပိုင်နက်တောင်ပိုင်းရှိ နာတူနာကျွန်းဝန်းကျင်တွင် ငါးဖမ်းခွင့်အတွက် တရုတ်နိုင်ငံနှင့်ထိပ်တိုက် ရင်ဆိုင်ခဲ့သည့်အခြေအနေများရှိခဲ့သည်။
 
ပြီးခဲ့သည့်လတွင် တရုတ်ကမ်းခြေစောင့်သင်္ဘောတစင်းကို နာတူနာကျွန်းနားတွင်တွေ့ခဲ့ရသည်။
 
အရှေ့တောင်အာရှ၏စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံသည် လက်ရှိတွင် တရုတ်နိုင်ငံမှ ဆင်နိုဗက်ဘိုင် အိုတက်ခ်ကုမ္ပဏီ၏ COVID-19 ရောဂါကာကွယ်ဆေးတတိယအဆင့်စမ်းသပ်မှုတွင် ပါဝင်နေသည်။
 
နောက်ထပ်တရုတ်ကုမ္ပဏီဖြစ်သည့်ဆင်နိုဖားမ်နှင့်တွဲဖက်ပြီးလည်း နိုင်ငံသားသန်း ၂၆၀ အတွက် ကာကွယ်ဆေးများရနိုင်ရန်ကြိုးပမ်းနေသည်။
 
မကြာသေးမီက တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများရှိခဲ့သည်။ ယခုနှစ်အစောပိုင်းကလည်း တရုတ် နိုင်ငံကပိုင်ဆိုင်သည်ဟုပြောထားသည့် ပါရာဆယ်ကျွန်းစုများနားသို့ ပဲ့ထိန်းဒုံးကျည်သင်္ဘောတစင်း သွားလာနေကြောင်း အမေရိကန်ရေတပ်ကပြောသည်။
 
ပြီးခဲ့သည့်လတွင်လည်း တရုတ်ကမ်းခြေစောင့်သင်္ဘောတစင်းက အင်ဒိုနီးရှားသီးသန့်စီးပွားရေးဇုန်ထဝင် ရောက်ခဲ့ပြီး တရားဥပဒေအရအရေးယူမည်ဟု ရေဒီမှပြောခဲ့ပြီးနောက်မှ ပြန်လည်ထွက်ခွာခဲ့သည်။
 
Ref : Indonesia foreign minister says vaccine cooperation with China won’t influence Jakarta’s position on South China Sea
 
#Peoplemedia

Share this post