• Follow Us on
Latest News

Home COVID-19 ေရာဂါကာကြယ္ေဆး ဒီလစၿပီး ထိုးႏိုင္မယ့္အေျခအေနမျမင္ေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္ေျပာ

COVID-19 ေရာဂါကာကြယ္ေဆး ဒီလစၿပီး ထိုးႏိုင္မယ့္အေျခအေနမျမင္ေၾကာင္း အတိုင္ပင္ခံပုဂၢိဳလ္ေျပာ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

COVID-19 ေရာဂါကာကြယ္ေဆး ဒီလစၿပီး ထိုးနိုင္မယ့္အေျခအေနမျမင္ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ဒီဇင္ဘာ ၁၁ ရက္ေန႔ ည ၈ နာရီအခ်ိန္တြင္ COVID-19 ေရာဂါျဖစ္ပြားမႈ ေနာက္ဆံုးအေျခအေနႏွင့္ စပ္ လ်ဥ္း၍ ျပည္သူမ်ားသို႔ အစီရင္ခံတင္ျပသည့္ မိန္႔ခြန္းေျပာၾကားစဥ္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ကၽြန္မတို႔ကာကြယ္ေဆးေတြဟာလည္း ဒီလေတာ့စၿပီး ထိုးႏိုင္မယ့္အေျခအေနေတာ့ ကၽြန္မ မျမင္ပါဘူး” ဟု ၄င္းမွေျပာၾကားသည္။

ဆက္လက္ၿပီး အတုိင္ပင္ခံပုဂၢိဳလ္မွ “ကာကြယ္ေဆးကို တစ္တိုင္းျပည္လံုးကို ကၽြန္မတို႔ထိုးေပးရမွာပါ။ ကၽြန္မတို႔ႏိုင္ငံမွာ ဘယ္သူမွမက်န္ဖို႔ေပါ့။ ဒါေတာ့ ကၽြန္မတို႔ရဲ႕မူပါပဲ။ ဘယ္သူ႔ကိုမွ မခ်န္ခဲ့ဘူး။ အားလံုးကို တစ္ခ်ိန္တည္းထိုးေပးႏိုင္တာေတာ့ မျဖစ္နိုင္ပါဘူး။ ဒါေၾကာင့္ ဒီကာကြယ္ေဆးထိုးတဲ့အစီအစဥ္ တစ္ႏိုင္ငံ လံုးအတြက္ ၿပီးေျမာက္ေအာင္လို႔ဆိုရင္ လနဲ႔ခ်ီၿပီးေတာ့ ၾကာမွာပါ။ ဒါေၾကာင့္ အခု၊ ဒီေန႔၊ မနက္ျဖန္၊ သဘက္ခါေလာက္ၿပီးသြားမယ္လို႔ အဲဒီလိုမယူဆပါနဲ႔” ဟု မိန္႔ခြန္းေျပာၾကားရာတြင္ ထပ္ေလာင္းေျပာ ၾကားခဲ့သည္။

ထို႔အျပင္ ျပည္တြင္းေလေၾကာင္းေတြ ပ်ံသန္းဖို႔ စတင္စီစဥ္ေနၿပီး တိတိက်က်လုပ္ေဆာင္သြားမွာျဖစ္ ေၾကာင္း ၄င္းမွေျပာသည္။

ယင္းအျပင္ ျပည္ပေလေၾကာင္းမ်ား ပ်ံသန္းရန္ အ၀င္အထြက္ သာမန္ပံုစံဘက္ကို ဦးတည္ရန္ စတင္စီ စဥ္ေနၿပီး အေစာဆံုးျဖစ္ေအာင္လုပ္ေဆာင္မည္ဟုဆိုသည္။

အလားတူ စက္႐ံု၊ အလုပ္႐ံုမ်ားလည္း အျမန္ဆံုး ျပန္ဖြင္ေပးမည္ျဖစ္ၿပီး Stay at home မဟုတ္သည့္ ေန ရာမ်ားတြင္ က်န္းမာေရးစည္းမ်ဥ္း၊ စည္းကမ္းႏွင့္ကိုက္ညီသည့္ စားေသာက္ဆိုင္မ်ားျပန္ၿပီး ဖြင့္လွစ္ရန္ ခြင့္ျပဳမည္သြားမည္ျဖစ္ေၾကာင္းလည္း ထပ္ေလာင္းေျပာၾကားခဲ့သည္။

#PeopleMedia #COVID #ႏုိင္ငံေတာ္၏အတုိင္ပင္ခံ

(unicode)
COVID-19 ရောဂါကာကွယ်ဆေး ဒီလစပြီး ထိုးနိုင်မယ့်အခြေအနေမမြင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
……………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

COVID-19 ရောဂါကာကွယ်ဆေး ဒီလစပြီး ထိုးနိုင်မယ့်အခြေအနေမမြင်ကြောင်း နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့ ည ၈ နာရီအချိန်တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ် လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ကာကွယ်ဆေးတွေဟာလည်း ဒီလတော့စပြီး ထိုးနိုင်မယ့်အခြေအနေတော့ ကျွန်မ မမြင်ပါဘူး” ဟု ၄င်းမှပြောကြားသည်။

ဆက်လက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်မှ “ကာကွယ်ဆေးကို တစ်တိုင်းပြည်လုံးကို ကျွန်မတို့ထိုးပေးရမှာပါ။ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမှမကျန်ဖို့ပေါ့။ ဒါတော့ ကျွန်မတို့ရဲ့မူပါပဲ။ ဘယ်သူ့ကိုမှ မချန်ခဲ့ဘူး။ အားလုံးကို တစ်ချိန်တည်းထိုးပေးနိုင်တာတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီကာကွယ်ဆေးထိုးတဲ့အစီအစဉ် တစ်နိုင်ငံ လုံးအတွက် ပြီးမြောက်အောင်လို့ဆိုရင် လနဲ့ချီပြီးတော့ ကြာမှာပါ။ ဒါကြောင့် အခု၊ ဒီနေ့၊ မနက်ဖြန်၊ သဘက်ခါလောက်ပြီးသွားမယ်လို့ အဲဒီလိုမယူဆပါနဲ့” ဟု မိန့်ခွန်းပြောကြားရာတွင် ထပ်လောင်းပြော ကြားခဲ့သည်။

ထို့အပြင် ပြည်တွင်းလေကြောင်းတွေ ပျံသန်းဖို့ စတင်စီစဉ်နေပြီး တိတိကျကျလုပ်ဆောင်သွားမှာဖြစ် ကြောင်း ၄င်းမှပြောသည်။

ယင်းအပြင် ပြည်ပလေကြောင်းများ ပျံသန်းရန် အဝင်အထွက် သာမန်ပုံစံဘက်ကို ဦးတည်ရန် စတင်စီ စဉ်နေပြီး အစောဆုံးဖြစ်အောင်လုပ်ဆောင်မည်ဟုဆိုသည်။

အလားတူ စက်ရုံ၊ အလုပ်ရုံများလည်း အမြန်ဆုံး ပြန်ဖွင်ပေးမည်ဖြစ်ပြီး Stay at home မဟုတ်သည့် နေ ရာများတွင် ကျန်းမာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်ကိုက်ညီသည့် စားသောက်ဆိုင်များပြန်ပြီး ဖွင့်လှစ်ရန် ခွင့်ပြုမည်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

#PeopleMedia #COVID #နိုင်ငံတော်၏အတိုင်ပင်ခံ


Share this post