• Follow Us on

Home COVID-19 ရောဂါကာကွယ်ဆေး ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း ပြောကြား

COVID-19 ရောဂါကာကွယ်ဆေး ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃ (People Media)

 

COVID-19 ရောဂါကာကွယ်ဆေးကို ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသည့် သုတေသနဌာနများနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွား မယ်လို့ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း ပြောကြားလိုက်သည်။

 

COVID ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်း အချိန်တွင် စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပရာ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက် တာချာလီသန်းမှ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအစည်းအဝေးတွင် COVID-19 ရောဂါကာကွယ်ဆေးကို ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး ရေတို၊ ရေရှည် အစီအမံများချမှတ်ဆောင်ရွက်ရာတွင် ရေတိုစီမံကိန်းအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆိုင်နွန်ဖမ်း COVID-19 ရောဂါကို Ready to Fill အနေဖြင့် ဝယ်ယူကာ ပုလင်းသွင်းဖြည့်သွင်းထုတ်လုပ်နိုင်ရေးကို ဆောင် ရွက်သွားမည်ဖြစ်ပြီး၊ ရေရှည်ဆောင်ရွက်ရမည့် စီမံကိန်းအနေဖြင့် ကာကွယ်ဆေးကို ပြည်တွင်း၌ အစအဆုံး ထုတ်လုပ်နိုင်ရေးဆောင် ရွက်လျက်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းမှပြောကြားခဲ့သည်။

 

ထို့အပြင် ပြည်တွင်း၌ အစအဆုံးထုတ်လုပ်နိုင်ရေးကို ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်တွင်ရှိသည့် သုတေသနဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာတွင် သုတေသနလုပ်ငန်းများနှင့် စက်ရုံတို့ပူးပေါင်းမှသာ ထုတ်လုပ်ရေးလုပ်ငန်းများ အောင်မြင်တိုးတက်တာကို တွေ့ရှိရကြောင်း ထပ်မံပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ COVID-19 ရောဂါနှင့် ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ကာကွယ်ဆေးများစဉ်ဆက်မပြတ်ရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည် တွင်း၌ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ထုတ်လုပ်သည့် ဆီနိုဗက်ဆေးဝါးများကို အများပြည်သူများကို ထိုးနှံပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၃၅ သန်းရှိရာ ယခုနှစ်အတွင်း ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးများကို တစ်နေ့လျှင် လူဦး ရေ ၃ သိန်းကျော်ကို ထိုးနှံပေးလျက်ရှိကြောင်း၊ ထုတ်လုပ်သည့်ဆေးများသည် Anti-body ထွက်ရှိမှု မည်မျှရှိ သည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

#PeopleMedia #COVID #စက်မှုဝန်ကြီးဌာန

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post