• Follow Us on

Home COVID-19 ေရာဂါကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဟု အေမရိကန္သမၼတ၏ ကိုယ္ေရးအရာ႐ွိေျပာ

COVID-19 ေရာဂါကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဟု အေမရိကန္သမၼတ၏ ကိုယ္ေရးအရာ႐ွိေျပာ

Share this post

ဝါ႐ွင္တန္၊ ေအာက္တိုဘာ ၂၆
 
ႏိုင္ငံတ၀န္းတြင္ COVID-19 ေရာဂါကူးစက္မႈမ်ားျမင့္တက္လာၿပီး အိမ္ျဖဴေတာ္တြင္လည္း ကူးစက္မႈမ်ား ျပန္႐ွိလာခ်ိန္တြင္ အေမရိကန္ျပည္ေထာင္စုသည္ ကမာၻ႔ကပ္ေရာဂါကိုထိန္းခ်ဳပ္ရန္ မတတ္ႏိုင္ေတာ့ဟု အိမ္ျဖဴေတာ္မွ သမၼတ၏ကိုယ္ေရးအရာ႐ွိ မာ့က္ မီဒိုးက တနဂၤေႏြေန႔တြင္ေျပာသည္။
 
စီအန္အန္သတင္းဌာနႏွင့္ေတြ႕ဆံုေမးျမန္းရာတြင္ ေျပာျခင္းျဖစ္သည္။ ကာကြယ္ေဆးမ်ား၊ ကုထံုးမ်ားႏွင့္ အျခားေလ်ာ့ပါးသက္သာေစေသာနည္းလမ္းမ်ားျဖင့္သာ ထိန္းႏိုင္မည္ဟုလည္း အၾကံျပဳသည္။
 
ၿပီးခဲ့သည့္ ၂ ရက္အတြင္းCOVID-19 ေရာဂါကူးစက္မႈအျမင့္ဆံုးျမင့္တက္သကဲ့သို႔ အနီးကပ္၀န္ထမ္း တစ္ေယာက္ေရာဂါကူးစက္ခံေနရခ်ိန္တြင္ ဒုတိယသမၼတ မိုက္ ပန္႔စ္ကလည္း ႏိုင္ငံတ၀န္းသြားလာၿပီး စည္း႐ံုးေရးဆင္းေနသည္။
 
တနဂၤေႏြေန႔တြင္ အတည္ျပဳလူနာ ၇၉၈၅၂ ေယာက္ထပ္တိုးခဲ့ၿပီး စေနေန႔တြင္ အတည္ျပဳလူနာ ၈၄၂၂၄ ေယာက္႐ွိခဲ့သည္။
 
ေဆး႐ံုတက္ကုသမႈမ်ားလည္း ၂ လအတြင္းအျမင့္ဆံုးအေျခအေနျမင့္တက္ေနၿပီး ေသဆံုးမႈမ်ားလည္း အတက္ဘက္ျပေနသည္။
 
ကမာၻ႔ကပ္ေရာဂါေၾကာင့္ အေမရိကန္ႏိုင္ငံသားသန္းခ်ီအလုပ္လုပ္မဲ့ျဖစ္ေနၿပီး ႏို၀င္ဘာလဆန္း တြင္က်င္းပမည့္သမၼတေ႐ြးေကာက္ပြဲအတြက္လည္း ဦးစားေပးကိစၥျဖစ္ေနသည္။
 
အိမ္ျဖဴေတာ္အရာ႐ွိမ်ားလည္း ေရာဂါကူးစက္မႈမ်ား႐ွိခဲ့သည္။
 
Ref : ‘We’re not going to control the pandemic’, says White House chief of staff as US COVID-19 cases spike
 
#PeopleMedia
 
(unicode)
COVID-19 ရောဂါကို မထိန်းချုပ်နိုင်တော့ဟု အမေရိကန်သမ္မတ၏ ကိုယ်ရေးအရာရှိပြော
…………………………………………………….
 
ဝါရှင်တန်၊ အောက်တိုဘာ ၂၆
 
နိုင်ငံတဝန်းတွင် COVID-19 ရောဂါကူးစက်မှုများမြင့်တက်လာပြီး အိမ်ဖြူတော်တွင်လည်း ကူးစက်မှုများ ပြန်ရှိလာချိန်တွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ကပ်ရောဂါကိုထိန်းချုပ်ရန် မတတ်နိုင်တော့ဟု အိမ်ဖြူတော်မှ သမ္မတ၏ကိုယ်ရေးအရာရှိ မာ့က် မီဒိုးက တနင်္ဂနွေနေ့တွင်ပြောသည်။
 
စီအန်အန်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောခြင်းဖြစ်သည်။ ကာကွယ်ဆေးများ၊ ကုထုံးများနှင့် အခြားလျော့ပါးသက်သာစေသောနည်းလမ်းများဖြင့်သာ ထိန်းနိုင်မည်ဟုလည်း အကြံပြုသည်။
 
ပြီးခဲ့သည့် ၂ ရက်အတွင်းCOVID-19 ရောဂါကူးစက်မှုအမြင့်ဆုံးမြင့်တက်သကဲ့သို့ အနီးကပ်ဝန်ထမ်း တစ်ယောက်ရောဂါကူးစက်ခံနေရချိန်တွင် ဒုတိယသမ္မတ မိုက် ပန့်စ်ကလည်း နိုင်ငံတဝန်းသွားလာပြီး စည်းရုံးရေးဆင်းနေသည်။
 
တနင်္ဂနွေနေ့တွင် အတည်ပြုလူနာ ၇၉၈၅၂ ယောက်ထပ်တိုးခဲ့ပြီး စနေနေ့တွင် အတည်ပြုလူနာ ၈၄၂၂၄ ယောက်ရှိခဲ့သည်။
 
ဆေးရုံတက်ကုသမှုများလည်း ၂ လအတွင်းအမြင့်ဆုံးအခြေအနေမြင့်တက်နေပြီး သေဆုံးမှုများလည်း အတက်ဘက်ပြနေသည်။
 
ကမ္ဘာ့ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံသားသန်းချီအလုပ်လုပ်မဲ့ဖြစ်နေပြီး နိုဝင်ဘာလဆန်း တွင်ကျင်းပမည့်သမ္မတရွေးကောက်ပွဲအတွက်လည်း ဦးစားပေးကိစ္စဖြစ်နေသည်။
 
အိမ်ဖြူတော်အရာရှိများလည်း ရောဂါကူးစက်မှုများရှိခဲ့သည်။
 
Ref : ‘We’re not going to control the pandemic’, says White House chief of staff as US COVID-19 cases spike
 
#PeopleMedia

Share this post