• Follow Us on

Home COVID-19 ေရာဂါကူးစက္ခံရသည့္လူနာ ၅ ေယာက္လွ်င္ တေယာက္ႏႈန္း ရက္ ၉၀ အတြင္း စိတ္ေ၀ဒနာေတြ႕ ႀကံဳရေလ့႐ွိဟု အေမရိကန္သုေတသနေဖာ္ျပ

COVID-19 ေရာဂါကူးစက္ခံရသည့္လူနာ ၅ ေယာက္လွ်င္ တေယာက္ႏႈန္း ရက္ ၉၀ အတြင္း စိတ္ေ၀ဒနာေတြ႕ ႀကံဳရေလ့႐ွိဟု အေမရိကန္သုေတသနေဖာ္ျပ

Share this post

လန္ဒန္၊ ႏို၀င္ဘာ ၁၀

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္လူနာ ၂၀ ရာခိုင္ႏႈန္းတြင္ ရက္ ၉၀ အတြင္း စိတ္ေ၀ဒနာခံစားရေၾကာင္း ေလ့လာေတြ႕႐ွိခဲ့သည္ဟု စိတ္ေရာဂါဆရာ၀န္မ်ားက တနလၤာေန႔တြင္ေျပာသည္။

စိုးရိမ္ေၾကာင့္ၾကမႈ၊ စိတ္က်မႈႏွင့္ အိပ္မေပ်ာ္ျခင္းတို႔သည္ သက္သာလာသည့္လူနာမ်ားအၾကားအေတြ႕ရမ်ားၿပီး ဦးေႏွာက္ထိခိုက္မႈေၾကာင့္စိတ္ေဖာက္ျပန္သည့္အေျခအေနျဖစ္ႏိုင္ေခ် သိသိသာသာမ်ားေၾကာင္း သုေတသီမ်ားေတြ႕႐ွိခဲ့သည္။

ေရာဂါသက္သာလာသူမ်ားတြင္ စိတ္ေ၀ဒနာခံစားရႏိုင္ေၾကာင္း လူအမ်ားကစိုးရိမ္ၾကခ်ိန္တြင္ သုေတသန အခ်က္အလက္မ်ားက ျဖစ္ႏိုင္ေခ်႐ွိေၾကာင္း သက္ေသျပသည္ဟု ေအာက္စဖို႔တကၠသိုလ္မွ စိတ္ေရာဂါဌာနပါ ေမာကၡ ေပါလ္ ဟာရစ္ဆင္ကေျပာသည္။

ကမာၻ႔တ၀န္းမွဆရာ၀န္မ်ားႏွင့္သုေတသီမ်ားအေနျဖင့္ ေရာဂါအၿပီးစိတ္မက်န္းမာမႈမ်ား၏ အေၾကာင္း ရင္းကိုစံုစမ္းရန္ႏွင့္ ကုထံုးမ်ားေဖာ္ထုတ္ရန္ ခ်က္ခ်င္းလိုအပ္ေနေၾကာင္းလည္း ဟာရစ္ဆင္ကေျပာသည္။

လန္ဆတ္စိတ္ေရာဂါဂ်ာနယ္တြင္ေဖာ္ျပခဲ့သည့္ေလ့လာမႈတြင္ အေမရိကန္ျပည္ေထာင္စုမွ လူ ၆၉ သန္း၏က်န္းမာေရးအေျခအေနကိုေလ့လာခဲ့ၿပီး ထိုသူမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္လူနာ ၆၂၀၀၀ လည္းပါ၀င္သည္။

၃ လအတြင္း ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၅ ေယာက္လွ်င္ တေယာက္ႏႈန္းသည္ စိုးရိမ္ေၾကာင့္ၾကမႈ၊ စိတ္က်မႈႏွင့္ အိပ္မေပ်ာ္ျခင္းတို႔ေတြ႕ႀကံဳရေလ့႐ွိၿပီး ထိုပမာဏသည္ အလားတူကာလအတြင္း အျခားလူနာ မ်ားထက္ ၂ ဆမ်ားေၾကာင္း သုေတသီမ်ားကေျပာသည္။

Ref : One in five COVID-19 patients develop mental illness within 90 days: US study

#PeopleMedia

(unicode)
COVID-19 ရောဂါကူးစက်ခံရသည့်လူနာ ၅ ယောက်လျှင် တယောက်နှုန်း ရက် ၉၀ အတွင်း စိတ်ဝေဒနာတွေ့ ကြုံရလေ့ရှိဟု အမေရိကန်သုတေသနဖော်ပြ
………………………………………………………………….

လန်ဒန်၊ နိုဝင်ဘာ ၁၀

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်လူနာ ၂၀ ရာခိုင်နှုန်းတွင် ရက် ၉၀ အတွင်း စိတ်ဝေဒနာခံစားရကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု စိတ်ရောဂါဆရာဝန်များက တနင်္လာနေ့တွင်ပြောသည်။

စိုးရိမ်ကြောင့်ကြမှု၊ စိတ်ကျမှုနှင့် အိပ်မပျော်ခြင်းတို့သည် သက်သာလာသည့်လူနာများအကြားအတွေ့ရများပြီး ဦးနှောက်ထိခိုက်မှုကြောင့်စိတ်ဖောက်ပြန်သည့်အခြေအနေဖြစ်နိုင်ချေ သိသိသာသာများကြောင်း သုတေသီများတွေ့ရှိခဲ့သည်။

ရောဂါသက်သာလာသူများတွင် စိတ်ဝေဒနာခံစားရနိုင်ကြောင်း လူအများကစိုးရိမ်ကြချိန်တွင် သုတေသန အချက်အလက်များက ဖြစ်နိုင်ချေရှိကြောင်း သက်သေပြသည်ဟု အောက်စဖို့တက္ကသိုလ်မှ စိတ်ရောဂါဌာနပါ မောက္ခ ပေါလ် ဟာရစ်ဆင်ကပြောသည်။

ကမ္ဘာ့တဝန်းမှဆရာဝန်များနှင့်သုတေသီများအနေဖြင့် ရောဂါအပြီးစိတ်မကျန်းမာမှုများ၏ အကြောင်း ရင်းကိုစုံစမ်းရန်နှင့် ကုထုံးများဖော်ထုတ်ရန် ချက်ချင်းလိုအပ်နေကြောင်းလည်း ဟာရစ်ဆင်ကပြောသည်။

လန်ဆတ်စိတ်ရောဂါဂျာနယ်တွင်ဖော်ပြခဲ့သည့်လေ့လာမှုတွင် အမေရိကန်ပြည်ထောင်စုမှ လူ ၆၉ သန်း၏ကျန်းမာရေးအခြေအနေကိုလေ့လာခဲ့ပြီး ထိုသူများတွင် ကိုရိုနာဗိုင်းရပ်စ်လူနာ ၆၂၀၀၀ လည်းပါဝင်သည်။

၃ လအတွင်း ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၅ ယောက်လျှင် တယောက်နှုန်းသည် စိုးရိမ်ကြောင့်ကြမှု၊ စိတ်ကျမှုနှင့် အိပ်မပျော်ခြင်းတို့တွေ့ကြုံရလေ့ရှိပြီး ထိုပမာဏသည် အလားတူကာလအတွင်း အခြားလူနာ များထက် ၂ ဆများကြောင်း သုတေသီများကပြောသည်။

Ref : One in five COVID-19 patients develop mental illness within 90 days: US study

#PeopleMedia


Share this post