• Follow Us on

Home COVID-19 ရောဂါကူးစက်မှုနှေးကွေးသွားပြီး လက်ခံနိုင်သောအဆင့်ရောက်ရှိမှသာ ပညာရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်မည်လို့ ဒေါက်တာမြင့်ထွေးပြော

COVID-19 ရောဂါကူးစက်မှုနှေးကွေးသွားပြီး လက်ခံနိုင်သောအဆင့်ရောက်ရှိမှသာ ပညာရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ဆောင်ရွက်မည်လို့ ဒေါက်တာမြင့်ထွေးပြော

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

COVID-19 ကာကွယ်ရေးနည်းလမ်းများကို တိတိကျကျလိုက်နာပြီး ရောဂါကူးစက်ပျံ့နှံ့မှုနှေးကွေးသွားပြီး လက်ခံနိုင်သောအဆင့်ရောက်ရှိမှသာ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးလုပ်ငန်းများကို ပုံမှန် အတိုင်း လည်ပတ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇန်နဝါရီ (၆) ရက်၊ ညပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်အသုံးပြု၍ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလျက်ရှိသော အနုပညာရှင်များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

COVID-19 ကို အချိန်တိုကာလအတွင်း အောင်မြင်စွာထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ၏ အပြုအမူ အလေ့အကျင့်ကို ပြောင်းလဲစေရန် အနုပညာရှင်များ၏ ဆောင်ရွက်မှုအခန်းကဏ္ဍသည် ပို၍အရေးကြီးပါ ကြောင်း၊ ပြည်သူများအနေဖြင့် အနုပညာရှင်များအား ချစ်ခင်လေးစားခြင်း၊ နှစ်ခြိုက်ခြင်း၊ လိုလားခြင်းရှိသဖြင့် အနုပညာရှင်များ၏ ပြောစကားကို ပိုမိုလိုက်နာဆောင်ရွက်သည်ဆိုသည့်အချက်မှာ ကမ္ဘာတွင် သုတေသန တွေ့ရှိချက်များအရ သိရှိရပါကြောင်း၊ လက်တွေ့မြေပြင်တွင်လည်း ဤအချက်မှာ သက်သေပြစရာမလိုဘဲ မှန်ကန်လျက်ရှိသည်ကို မိမိတို့သိရှိပါကြောင်းလည်း ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၇ ရက်နေ့ ည ၈ နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ပိုးတွေ့သူ လူနာစုစုပေါင်း ၁၂၈,၇၇၂ ဦး၊ ရှိပြီး သေဆုံးသူဦးရေ ၂၇၉၉ ဦးအထိရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် COVID-19 ကူးစက်မှုအခြေအနေအရ အနည်းငယ် လျော့နည်းသွားသော်လည်း(လုံးဝ) ပေါ့ဆ၍မရကြောင်းလည်း ထည့်သွင်းပြောခဲ့သည်။

#PeopleMedia #Ministry-of-Health- and Sports, #MoHS, # COVID-19LabResuits,

(unicode)
………………………………………………….







#PeopleMedia #Ministry-of-Health- and Sports, #MoHS, # COVID-19LabResuits,


Share this post