• Follow Us on

Home COVID-19 ေရာဂါပိုးေတြ႕ရွိသူ လူနာအမွတ္ ၃၁၁၊ ၃၁၂ တို႔ႏွင့္ ထိေတြ႕ ထားသူ ၁၁ ဦးကို ေရာဂါေစာင့္ၾကည့္ ေရးစင္တာမ်ားသို႔ ပို႔ထားၿပီး လူနာ ၃၁၁ စီးခဲ့ေသာ ဘတ္စ္ကားမသိရေသး

COVID-19 ေရာဂါပိုးေတြ႕ရွိသူ လူနာအမွတ္ ၃၁၁၊ ၃၁၂ တို႔ႏွင့္ ထိေတြ႕ ထားသူ ၁၁ ဦးကို ေရာဂါေစာင့္ၾကည့္ ေရးစင္တာမ်ားသို႔ ပို႔ထားၿပီး လူနာ ၃၁၁ စီးခဲ့ေသာ ဘတ္စ္ကားမသိရေသး

Share this post

ရန္ကုန္၊ ဇူလိုင္ – ၆

COVID-19 ေရာဂါပိုးေတြ႕ရွိသူ လူနာအမွတ္ ၃၁၁၊ ၃၁၂ တို႔ႏွင့္ ထိေတြ႕ထားသူ ၁၁ ဦးကို ေရာဂါေစာင့္ၾကည့္ ေရးစင္တာမ်ားသို႔ပို႔ထားၿပီး လူနာ ၃၁၁ စီးခဲ့ေသာ ဘတ္စ္ကားမသိရေသးေၾကာင္း တိုက္ႀကီးၿမိဳ႕အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္စိုးကေျပာသည္။

COVID-19 ေရာဂါပိုးေတြ႕ရွိသူမ်ားႏွင့္ ပတ္သက္၍ ဇူလိုင္ ၆ ရက္ PEOPLE MEDIA မွ ဇူလိုင္ ၆ ရက္ ဆက္ သြယ္ေမးျမန္းရာတြင္ တိုက္ႀကီးၿမိဳ႕နယ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္စိုးကေျပာၾကားခဲ့သည္။

“လူနာအမွတ္က ၃၁၁ ရယ္၊ ၃၁၂ ရယ္ဆိုေတာ့ ၂ ဦးျဖစ္သြားတာေပါ႔။ ၂ ဦးျဖစ္တဲ့အတြက္ သူတို႔နဲ႔ ထိေတြ႕ ထားတဲ့ သူ ၁၁ ေယာက္ ေစာင့္ၾကည့္ေရးစင္တာေတြကို ပို႔ထားပါတယ္ခင္ဗ်။ သံသယရွိလို႔ေပါ႔ေလ။ ဘယ္လို ျပန္လာတယ္။ ဘယ္ဘတ္စ္ကားစီးလာတယ္ဆိုတာေတာ့ အတိအက်မသိရေသးဘူးဗ်။ အဲဒါကာယကံရွင္မွပဲ ေျဖႏိုင္မွာထင္တယ္။ ကားကေတာ့ ဘယ္ကားဆိုတာမသိရပါဘူး’’ဟု ၎ကေျပာသည္။

လူနာအမွတ္ ၃၁၁ အသက္ ၄၃ ႏွစ္အရြယ္ရွိ အမ်ိဳးသားတစ္ဦးသည္ တိုက္ႀကီးၿမိဳ႕နယ္ေနထိုင္သူျဖစ္ကာ လာ အိုႏိုင္ငံမွ ျပန္လာ၍ ရန္ကုန္တိုင္းေဒသႀကီး တိုက္ႀကီးၿမိဳ႕နယ္ရွိ ၎ေနရပ္သို႔ ခရီးသည္တင္ယာဥ္ YBS90 ခရီးသည္တင္ယာဥ္ စီးနင္းလာခဲ့ေၾကာင္းလည္း သတင္းထြက္ေပၚလ်က္ရွိသည္။

လူနာအမွတ္ ၃၁၂ မွာ ထိုင္းႏိုင္ငံမွျပန္လာသူ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၎အားသြားေရာက္ေခၚေဆာင္သည့္ အုပ္ခ်ဳပ္ေရးအဖြဲ႕ ၅ ဦးကိုလည္း ေရာဂါေစာင့္ၾကည့္ေရးစင္တာပို႔ေဆာင္ထားေၾကာင္းသိရသည္။

လက္ရွိတြင္ ၎တို႔ ၂ ဦးအား ေတာင္ဥကၠလာပအထူးကုေဆး႐ုံႀကီးတြင္ထားရွိထားေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ လာအိုႏိုင္ငံမွ ျပန္လာေသာ အမ်ိဳးသားအား ေရာဂါေစာင့္ၾကည့္ေရးစင္တာသို႔တိုက္႐ိုက္မ၀င္၍ အေရး ယူရန္ ရွိ၊ မရွိေမးျမန္းရာတြင္ တိုက္ႀကီးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမွ အစည္းအေဝးရွိသည္ဟုဆိုကာ ဖုန္းအား ခ်ခဲ့သည္။

#PeopleMedia #COVID #တိုက္ႀကီး

(unicode)
COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၃၁၁၊ ၃၁၂ တို့နှင့် ထိတွေ့ ထားသူ ၁၁ ဦးကို ရောဂါစောင့်ကြည့် ရေးစင်တာများသို့ ပို့ထားပြီး လူနာ ၃၁၁ စီးခဲ့သော ဘတ်စ်ကားမသိရသေး
………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၆

COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၃၁၁၊ ၃၁၂ တို့နှင့် ထိတွေ့ထားသူ ၁၁ ဦးကို ရောဂါစောင့်ကြည့် ရေးစင်တာများသို့ပို့ထားပြီး လူနာ ၃၁၁ စီးခဲ့သော ဘတ်စ်ကားမသိရသေးကြောင်း တိုက်ကြီးမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးကပြောသည်။

COVID-19 ရောဂါပိုးတွေ့ရှိသူများနှင့် ပတ်သက်၍ ဇူလိုင် ၆ ရက် PEOPLE MEDIA မှ ဇူလိုင် ၆ ရက် ဆက် သွယ်မေးမြန်းရာတွင် တိုက်ကြီးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးကပြောကြားခဲ့သည်။

“လူနာအမှတ်က ၃၁၁ ရယ်၊ ၃၁၂ ရယ်ဆိုတော့ ၂ ဦးဖြစ်သွားတာပေါ့။ ၂ ဦးဖြစ်တဲ့အတွက် သူတို့နဲ့ ထိတွေ့ ထားတဲ့ သူ ၁၁ ယောက် စောင့်ကြည့်ရေးစင်တာတွေကို ပို့ထားပါတယ်ခင်ဗျ။ သံသယရှိလို့ပေါ့လေ။ ဘယ်လို ပြန်လာတယ်။ ဘယ်ဘတ်စ်ကားစီးလာတယ်ဆိုတာတော့ အတိအကျမသိရသေးဘူးဗျ။ အဲဒါကာယကံရှင်မှပဲ ဖြေနိုင်မှာထင်တယ်။ ကားကတော့ ဘယ်ကားဆိုတာမသိရပါဘူး’’ဟု ၎င်းကပြောသည်။

လူနာအမှတ် ၃၁၁ အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် တိုက်ကြီးမြို့နယ်နေထိုင်သူဖြစ်ကာ လာ အိုနိုင်ငံမှ ပြန်လာ၍ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ၎င်းနေရပ်သို့ ခရီးသည်တင်ယာဉ် YBS90 ခရီးသည်တင်ယာဉ် စီးနင်းလာခဲ့ကြောင်းလည်း သတင်းထွက်ပေါ်လျက်ရှိသည်။

လူနာအမှတ် ၃၁၂ မှာ ထိုင်းနိုင်ငံမှပြန်လာသူ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းအားသွားရောက်ခေါ်ဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့ ၅ ဦးကိုလည်း ရောဂါစောင့်ကြည့်ရေးစင်တာပို့ဆောင်ထားကြောင်းသိရသည်။

လက်ရှိတွင် ၎င်းတို့ ၂ ဦးအား တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင်ထားရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ လာအိုနိုင်ငံမှ ပြန်လာသော အမျိုးသားအား ရောဂါစောင့်ကြည့်ရေးစင်တာသို့တိုက်ရိုက်မဝင်၍ အရေး ယူရန် ရှိ၊ မရှိမေးမြန်းရာတွင် တိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးမှ အစည်းအဝေးရှိသည်ဟုဆိုကာ ဖုန်းအား ချခဲ့သည်။

#PeopleMedia #COVID #တိုက်ကြီး


Share this post