• Follow Us on

Home COVID-19 ရောဂါရှိသူနှင့် ထိတွေ့ခဲ့ပြီးနောက် ကုလသမဂ္ဂအကြီးအကဲ သီးသန့်ခွဲခြားနေထိုင်နေ

COVID-19 ရောဂါရှိသူနှင့် ထိတွေ့ခဲ့ပြီးနောက် ကုလသမဂ္ဂအကြီးအကဲ သီးသန့်ခွဲခြားနေထိုင်နေ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈ (People Media)

 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် COVID-19 ရောဂါရှိသူတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း ၎င်း၏ လက်ထောက်ပြော ရေးဆိုခွင့်ရှိသူ Farhan Haq က ပြောကြားခဲ့သည်။

 

“သူ့မှာ ဘာလက္ခဏာမှမပြပါဘူး။ ကနဦးစစ်ဆေးတာကတော့ ရောဂါပိုးမရှိ (negative) ပါ။ သတိထားစရာ တွေကတော့ အများကြီးပါပဲ။ ချိန်းဆိုထားတာတွေအားလုံးကို ပယ်ဖျက်ထားပြီးတော့ ကြာသပတေးနေ့ (ဒီဇင်ဘာ ၉ ရက်) မှာ ရောဂါစစ်ဆေးမှုမလုပ်မီအထိ နေအိမ်ကနေပဲ အလုပ်လုပ်မှာဖြစ်ပါတယ်” ဟု Haq က ကုလသမဂ္ဂပြန်ကြားရေးအဖွဲ့ထံ ဒီဇင်ဘာ ၇ ရက်က ပေးပို့သောမှတ်ချက်၌ ရေးသားထားသည်။

 

အထွေထွေအတွင်းရေးမှူးချုပ်သည် မူလက ဒီဇင်ဘာ ၈ ရက်၌ ကုလသမဂ္ဂ ဗဟိုအရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေ အဆင့်မြင့်အစည်းအဝေး တက်ရာက်ရန်စီစဉ်ထားကြောင်းနှင့် ဒီဇင်ဘာ ၉ ရက်တွင် အကြမ်းဖက်မှုနှင့် ရာသီ ဥတုပြောင်းလဲခြင်းအခြေအနေဆိုင်ရာ လုံခြုံရေးဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ စကားပြော ကြားရန် ရည်မှန်းထားကြောင်း သိရသည်။

 

ထို့ပြင် မဟတ်တန်မြို့လယ်တွင် ဒီဇင်ဘာ ၈ ရက် ညပိုင်း၌ ပြုလုပ်မည့် ကုလသမဂ္ဂ သတင်းထောက်များ အသင်း နှစ်ပတ်လည်ညစာစားပွဲသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ရန်စီစဉ်ထားခြင်းကိုလည်း ပယ်ဖျက်ရ မည်ဖြစ်သည်။

 

အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဂူတာရက်စ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ၎င်း၏ ပထမအကြိမ်ကာ ကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး ကာကွယ်ဆေးထိုးနှံကြသည့် နယူးယောက်ဒေသခံများအကြား ပထမဆုံးလည်း ဖြစ်ကာ နောက်ပိုင်းတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့သည်။ ထို့ပြင် အားဖြည့်ကာကွယ်ဆေးကို နိုဝင်ဘာ ၂၆ ရက်တွင် ထိုးနှံခဲ့ကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)

COVID-19 ရောဂါရှိသူနှင့ျ ထိတှေ့ခဲ့ပွီးနောကျ ကုလသမဂ်ဂအကွီးအကဲ သီးသန့ျခှဲခွားနထေိုငျနေ

…………………………………………………………

 


 


 


 


 


 


 

(Xinhua)

 



Share this post