• Follow Us on

Home COVID-19 ေရာဂါအေရး ကုလသမဂၢအေထြေထြညီလာခံအထူးအစည္းအေ၀းက်င္းပမည္ဟုေၾကညာ

COVID-19 ေရာဂါအေရး ကုလသမဂၢအေထြေထြညီလာခံအထူးအစည္းအေ၀းက်င္းပမည္ဟုေၾကညာ

Share this post

နယူးေယာက္၊ ႏို၀င္ဘာ ၆
ဒီဇင္ဘာ ၃ ရက္ႏွင့္ ၄ ရက္တို႔တြင္ နယူးေယာက္ၿမိဳ႕၌ ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါအေရး ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈကိုအေလးထားသည့္ အထူးအစည္းအေ၀းတခုက်င္းပရန္ ကုလသမဂၢက စီစဥ္ထားသည္။
အေထြေထြညီလာခံအဖြဲ႔၀င္ႏိုင္ငံ ၁၉၃ ႏိုင္ငံမွ ၁၅၀ ၏ဆံုးျဖတ္ခ်က္အရ အစိုးရႏွင့္ႏိုင္ငံေခါင္းေဆာင္မ်ားစုေ၀းရန္ ရည္႐ြယ္ထားသည္။
ထိုဆံုးျဖတ္ခ်က္ကို မည္သည့္ႏိုင္ငံကမွဆန္႔က်င္မဲမေပးခဲ့ဘဲ အေမရိကန္၊ အစၥေရးႏွင့္ အာေမးနီးယားႏိုင္ငံတို႔က ၾကားေနမဲေပးခဲ့သည္။
ႏိုင္ငံေခါင္းေဆာင္မ်ားအေနျဖင့္ ႀကိဳတင္အသံသြင္းထားသည့္ ၅ မိနစ္စာမိန္႔ခြန္းထုတ္လႊင့္ခြင့္ရမည္ျဖစ္သည္။
နယူးေယာက္ျပည္နယ္တြင္ ႏိုင္ငံတကာခရီးသည္မ်ားကို ၁၄ ရက္အသြားအလာကန္႔သတ္ခံရရန္အမိန္႔ထုတ္ထားသျဖင့္ ေခါင္းေဆာင္မ်ားလူကိုယ္တိုင္တက္ေရာက္ႏိုင္ေခ်နည္းေနသည္။
ၿဗိတိန္ႏိုင္ငံက အစိုးရမဟုတ္ေသာအဖြဲ႔မ်ားႏွင့္ အျခားအရပ္ဖက္လူမႈအဖြဲ႔အစည္းမ်ားပါတက္ေရာက္ခြင့္ျပဳရန္ ေတာင္းဆိုၿပီး ဂ်ာမနီႏိုင္ငံက ထိုဆံုးျဖတ္ခ်က္သည္ အလြန္ျပင္းထန္သည္ဟုေ၀ဖန္သည္။
ကုလသမဂၢအဖြဲ႔ႀကီး၏အဖြဲ႔၀င္ ၁၉၃ ႏိုင္ငံသည္ ယခုႏွစ္တြင္ ကမာၻ႔ကပ္ေရာဂါအေရးႏွင့္ပတ္သက္၍ ကမာၻ႔စည္းလံုးညီၫြတ္ေရး၊ ကမာၻအႏွံ႔ေဆးဝါးႏွင့္ကာကြယ္ေဆးမ်ားရ႐ွိႏိုင္ေရး၊ ကမာၻ႔ႏိုင္ငံမ်ားပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ ကမာၻအႏွံ႔က်န္းမာေရးဆိုင္ရာၿခိမ္းေျခာက္မႈမ်ားကိုညီၫြတ္စြာတံု႔ျပန္ေရးဟူ၍ ဆံုးျဖတ္ခ်က္ ၄ ရပ္ခ်မွတ္ခဲ့သည္။
Ref : UN calls special General Assembly session on Covid-19 pandemic
#PeopleMedia
(unicode)
COVID-19 ရောဂါအရေး ကုလသမဂ္ဂအထွေထွေညီလာခံအထူးအစည်းအဝေးကျင်းပမည်ဟုကြေညာ
……………………………….
နယူးယောက်၊ နိုဝင်ဘာ ၆
ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် နယူးယောက်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကမာ္ဘ့ကပ်ရောဂါအရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုအလေးထားသည့် အထူးအစည်းအဝေးတခုကျင်းပရန် ကုလသမဂ္ဂက စီစဉ်ထားသည်။
အထွေထွေညီလာခံအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံမှ ၁၅၀ ၏ဆုံးဖြတ်ချက်အရ အစိုးရနှင့်နိုင်ငံခေါင်းဆောင်များစုဝေးရန် ရည်ရွယ်ထားသည်။
ထိုဆုံးဖြတ်ချက်ကို မည်သည့်နိုင်ငံကမှဆန့်ကျင်မဲမပေးခဲ့ဘဲ အမေရိကန်၊ အစ္စရေးနှင့် အာမေးနီးယားနိုင်ငံတို့က ကြားနေမဲပေးခဲ့သည်။
နိုင်ငံခေါင်းဆောင်များအနေဖြင့် ကြိုတင်အသံသွင်းထားသည့် ၅ မိနစ်စာမိန့်ခွန်းထုတ်လွှင့်ခွင့်ရမည်ဖြစ်သည်။
နယူးယောက်ပြည်နယ်တွင် နိုင်ငံတကာခရီးသည်များကို ၁၄ ရက်အသွားအလာကန့်သတ်ခံရရန်အမိန့်ထုတ်ထားသဖြင့် ခေါင်းဆောင်များလူကိုယ်တိုင်တက်ရောက်နိုင်ချေနည်းနေသည်။
ဗြိတိန်နိုင်ငံက အစိုးရမဟုတ်သောအဖွဲ့များနှင့် အခြားအရပ်ဖက်လူမှုအဖွဲ့အစည်းများပါတက်ရောက်ခွင့်ပြုရန် တောင်းဆိုပြီး ဂျာမနီနိုင်ငံက ထိုဆုံးဖြတ်ချက်သည် အလွန်ပြင်းထန်သည်ဟုဝေဖန်သည်။
ကုလသမဂ္ဂအဖွဲ့ကြီး၏အဖွဲ့ဝင် ၁၉၃ နိုင်ငံသည် ယခုနှစ်တွင် ကမာ္ဘ့ကပ်ရောဂါအရေးနှင့်ပတ်သက်၍ ကမာ္ဘ့စည်းလုံးညီညွတ်ရေး၊ ကမာ္ဘအနှံ့ဆေးဝါးနှင့်ကာကွယ်ဆေးများရရှိနိုင်ရေး၊ ကမာ္ဘ့နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးနှင့် ကမာ္ဘအနှံ့ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှုများကိုညီညွတ်စွာတုံ့ပြန်ရေးဟူ၍ ဆုံးဖြတ်ချက် ၄ ရပ်ချမှတ်ခဲ့သည်။
Ref : UN calls special General Assembly session on Covid-19 pandemic

Share this post