• Follow Us on

Home COVID 19 ေရာဂါေၾကာင့္ ဧၿပီလကုန္တြင္ က်င္းပရန္ရည္ရြယ္ထားသည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ကိုက်င္းပရန္ မေသခ်ာ

COVID 19 ေရာဂါေၾကာင့္ ဧၿပီလကုန္တြင္ က်င္းပရန္ရည္ရြယ္ထားသည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ကိုက်င္းပရန္ မေသခ်ာ

Share this post

ရန္ကုန္၊ ဧၿပီ – ၂၇

၂၁ ရာစုပင္လံု ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံကို ယခင္က ယခုႏွစ္ ဧၿပီလကုန္တြင္ က်င္းပရန္ ယာယီ သတ္မွတ္ခဲ့ေသာ္လည္း ယခုျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနေသာ COVID 19 ေရာဂါေၾကာင့္ အဆိုပါညီလာခံကို က်င္းပရန္ မလြယ္ကူေတာ့ေၾကာင္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီမွ ဧၿပီ ၂၇ ရက္ေန႔က သိရသည္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံသည္ အစိုးရႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားၾကား ညိွႏိႈင္းေဆြး ေႏြးမႈ အဆင္မေျပျခင္းေၾကာင့္ ၾကန္႔ၾကာေနျခင္းျဖစ္ၿပီး ယခုအခါတြင္ ၿပီးခဲ့သည့္ႏွစ္မွစတင္ကာ ေဆြးေႏြးမႈမ်ား ျပန္လည္လမ္းပြင့္လာခဲ့ေသာ္လည္း ယခုကဲ့သို႔ COVID 19 ေရာဂါေၾကာင့္ အဆိုပါ ညီလာခံကုိ ထပ္မံေရႊ႕ဆိုင္း ရဖြယ္ရွိေၾကာင္း သိရသည္။

“ဘယ္ေတာ့မွ ညီလာခံလုပ္ႏိုင္မလဲဆိုေတာ့ COVID ထိန္းခ်ဳပ္ႏိုင္မႈနဲ႔ လုပ္ငန္းစဥ္ေတြ အသိေပးမႈ အဲဒီႏွစ္ခုေပၚ မွာ မူတည္တယ္။ နဂိုသတ္မွတ္တဲ့ ဧၿပီလထဲမွာေတာ့ ကၽြန္ေတာ္တို႔မလုပ္ႏိုင္ဘူး”ဟု ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီမွ အတြင္းေရးမွဴးျဖစ္သူ ဦးလွေမာင္ေရႊက ေျပာသည္။

အဆိုပါကဲ့သို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံကို က်င္းပရန္ ေရႊ႕ဆိုင္းရန္ရွိေနေသာ္လည္း အပစ္ရပ္တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ တရား၀င္ေဆြးေႏြးပြဲမ်ားကို ေမလမွစတင္ကာ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ၎ က ဆိုသည္။

“တရား၀င္ေဆြးေႏြးပြဲေတြကေတာ့ ၂၀၂၀ ေမလ ၄ ရက္ေန႔မွာ ျပန္လုပ္ဖို႔ရွိတယ္။ အခု COVID ျဖစ္တဲ့အတြက္ ေၾကာင့္ သတ္မွတ္ထားတဲ့ဟာကိုေတာ့ ခ်က္ခ်င္းမေရာက္ဘူးေပါ့။ အခုေနာက္ဆံုးကေတာ့ EOA ေတြမွာ ဧၿပီလ ၂၂၊ ၂၃ ရက္ေတြမွာ သူတို႔ အြန္လိုင္းကေန ေဆြးေႏြးပြဲေတြ လုပ္ေနတယ္။ ကၽြန္ေတာ္နားလည္တာကေတာ့ ေမလ ၄ ရက္ေန႔မွ ျပန္လုပ္ဖို႔ရွိတယ္”ဟု ဦးလွေမာင္ေရႊက ေျပာသည္။ ၂၁ ရာစုပင္လံု ျပည္ေထာင္စုၿငိမ္းခ်မ္း ေရးညီလာခံကို လက္ရွိအစိုးရလက္ထက္တြင္ တတိယအႀကိမ္ထိသာ က်င္းပႏိုင္ေသးၿပီး စတုတၳအႀကိမ္ အဆိုပါညီလာခံကို ယခုႏွစ္အတြင္းတြင္ က်င္းပႏိုင္ရန္အတြက္လည္း စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္းကိုလည္း ၎ကထပ္ေလာင္းေျပာဆိုခဲ့သည္။

#PeopleMedia

(Unicode)
COVID 19 ရောဂါကြောင့် ဧပြီလကုန်တွင် ကျင်းပရန်ရည်ရွယ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကိုကျင်းပရန် မသေချာ
……………………………………………………

ရန်ကုန်၊ ဧပြီ – ၂၇

၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ယခင်က ယခုနှစ် ဧပြီလကုန်တွင် ကျင်းပရန် ယာယီ သတ်မှတ်ခဲ့သော်လည်း ယခုမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော COVID 19 ရောဂါကြောင့် အဆိုပါညီလာခံကို ကျင်းပရန် မလွယ်ကူတော့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီမှ ဧပြီ ၂၇ ရက်နေ့က သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ညှိနှိုင်းဆွေး နွေးမှု အဆင်မပြေခြင်းကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး ယခုအခါတွင် ပြီးခဲ့သည့်နှစ်မှစတင်ကာ ဆွေးနွေးမှုများ ပြန်လည်လမ်းပွင့်လာခဲ့သော်လည်း ယခုကဲ့သို့ COVID 19 ရောဂါကြောင့် အဆိုပါ ညီလာခံကို ထပ်မံရွှေ့ဆိုင်း ရဖွယ်ရှိကြောင်း သိရသည်။

“ဘယ်တော့မှ ညီလာခံလုပ်နိုင်မလဲဆိုတော့ COVID ထိန်းချုပ်နိုင်မှုနဲ့ လုပ်ငန်းစဉ်တွေ အသိပေးမှု အဲဒီနှစ်ခုပေါ် မှာ မူတည်တယ်။ နဂိုသတ်မှတ်တဲ့ ဧပြီလထဲမှာတော့ ကျွန်တော်တို့မလုပ်နိုင်ဘူး”ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဦးလှမောင်ရွှေက ပြောသည်။

အဆိုပါကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပရန် ရွှေ့ဆိုင်းရန်ရှိနေသော်လည်း အပစ်ရပ်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် တရားဝင်ဆွေးနွေးပွဲများကို မေလမှစတင်ကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။

“တရားဝင်ဆွေးနွေးပွဲတွေကတော့ ၂၀၂၀ မေလ ၄ ရက်နေ့မှာ ပြန်လုပ်ဖို့ရှိတယ်။ အခု COVID ဖြစ်တဲ့အတွက် ကြောင့် သတ်မှတ်ထားတဲ့ဟာကိုတော့ ချက်ချင်းမရောက်ဘူးပေါ့။ အခုနောက်ဆုံးကတော့ EOA တွေမှာ ဧပြီလ ၂၂၊ ၂၃ ရက်တွေမှာ သူတို့ အွန်လိုင်းကနေ ဆွေးနွေးပွဲတွေ လုပ်နေတယ်။ ကျွန်တော်နားလည်တာကတော့ မေလ ၄ ရက်နေ့မှ ပြန်လုပ်ဖို့ရှိတယ်”ဟု ဦးလှမောင်ရွှေက ပြောသည်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကို လက်ရှိအစိုးရလက်ထက်တွင် တတိယအကြိမ်ထိသာ ကျင်းပနိုင်သေးပြီး စတုတ္ထအကြိမ် အဆိုပါညီလာခံကို ယခုနှစ်အတွင်းတွင် ကျင်းပနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ၎င်းကထပ်လောင်းပြောဆိုခဲ့သည်။

#PeopleMedia


Share this post